ဘင်္ဂလား မြန်မာနယ်စပ် မောင်တောမြို့နယ် နတ်မြစ်ကမ်းခြေတလျှောက်ရှိ ရခိုင်ကျေးရွာတချို့တွင် စားဝတ် နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရှိရသည်။
ယခုကဲ့သို့ အရေးပေါ်အကူအညီလိုအပ်နေသည့်အကြောင်းကို မောင်တောမြို့မှ စေတနာ့ဝန်ထမ်း လုပ်ဆောင် နေသည့် ကိုနိုင်အောင်က ယခုကဲ့သို့ ပြောသည်။
“ အဲဒီက လူတွေက လက်လုပ်လက်စား လုပ်စားနေကြသူတွေဖြစ်တဲ့အတွက်၊ ဒီဆူပူမှုဖြစ်ပြီး နောက်ပိုင်းမှာ အလုပ် ထွက်မလုပ်ရဲဖြစ်နေကြတယ်။ ငါးဖမ်းဖို့အတွက်လည်း ဘင်္ဂလီရန်ကို ကြောက်ပြီး မြစ်ကို မဆင်းရဲဆိုတော့ သူ့တို့အတွက် စားရေးသောက်ရေး အခက်အခဲရှိတယ်။ အခုဆိုရင် တချို့ကျေးရွာတွေမှာ ဆန်ပြတ်လုနီးပါး ဖြစ်နေကြပြီ။ ကျန်းမာရေးအတွက်လည်း သူနာပြုတွေ တယောက်မှ မရှိတော့ဘူး။”
ယခုကဲ့သို့ အကူအညီလိုအပ်နေသည့် ကျေးရွာများမှာ ငခူရ၊ အောက်ပြံုးမ၊ အထက်ပြံုးမ၊ ရွက်ညှိုးတောင်၊ ခြံပြင်ကျေးရွာ၊ မြို့သစ်၊ ရေမျက်တောင်အပါအဝင် နတ်မြစ်တလျှောက်ရှိ ရခိုင် ကျေးရွာပေါင်း ၁၀ နီးပါးရှိ ကြောင်း သိရသည်။
ဒေသအတွင်း ကြံုတွေ့နေရသည့် အခက်အခဲကို ဒေသခံ အမျိုးသမီးတဦးကလည်း ယခုကဲ့သို့ ပြောသည်။
“ အခုက လူတွေလည်း မောင်တောကိုလည်း စျေးဝယ်ဖို့မသွားရဲဘူး။ ကားတွေလည်းမသွား၊ ဆိုင်ကယ်တွေ နဲ့သွားရမှာကလည်း ဘင်္ဂလီရွာကြီးတွေကို ဖြတ်ပြီးသွားရမှာဖြစ်လို့ မသွားရဲကြဘူး။ ဒီကလူတွေက မြစ်မှာ ကဏန်းဖမ်း၊ ငါးဖမ်းပြီး လုပ်စားကြသူတွေပါ။ တခြားလုပ်ငန်းကလည်းမရှိ။ အခုက ငါးဖမ်းဖို့လည်း မြစ်ကို မဆင်းရဲ ဖြစ်နေကြတယ်။ အကူအညီ ပေးတာကလည်း နတလ ရွာတွေကိုဘဲ ဦးစားပေးတယ်ဆိုလို့ ရွာကလူ တွေကလည်း ဒီက ပြဿနာတွေကို အထက်ကို မတင်ပြ ရဲကြဘူး” ဟု သူမက ပြောသည်။
မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် ဆူပူမှုများ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့သော်လည်း ဆူပူမှုများဖြစ်ပြီး နောက်ပိုင်းတွင် ခရီးသွားလာမှုများ လုံးဝရပ်တန့်သွားသည့် အတွက် ယခုကဲ့သို့ အခက်အခဲနှင့် ကြံုတွေ့နေကြရခြင်းဖြစ်သည်။
“ပြဿနာဖြစ်ပြီးနောက်မှာ သူနာပြုဆရာမတွေ၊ ကျောင်းဆရာမတွေလည်း မနေရဲလို့ ပြန်သွား ကြပါပြီ။ ကလေးတွေလည်း ကျောင်းမတက်ရဘူး။ နေမကောင်းဖြစ်ရင်လည်း ဆေးကုသပေးဖို့ ကျန်းမာရေး ၀န်ထမ်းတွေ မရှိသလို ဆေးဝါးလည်း မရှိဖြစ်နေပါတယ်။ အခက်အခဲက အစစ အရာရာပါဘဲ” ဟု အဆိုပါ အမျိုးသမီးကဆက်ပြောသည်။
ဆူပူမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် အဆိုပါ ကျေးရွာများသို့ “အကိုထွေးနှင့် အဖွဲ့”မှ ဆန် ၈၅ အိပ် လှူးဒါန်းပြီးနောက် နောက်ထပ်လုံးဝ အကူအညီ မရသေးကြောင်း သိရသည်။
ဒေသခံများ အတွက် အရေးပေါ်လိုအပ်နေသည့် အကူအညီများမှာ ဆေးဝါးနှင့် အစားအသောက်များ ဖြစ်ကြောင်း ကိုနိုင်အောင်က ပြောသည်။
ဒေသခံ ရခိုင်ကျေးရွာသားများ မောင်တောမြို့ကိုသွားပြီး စျေးဝယ်နိုင်ရေး အတွက် အရေးအခင်း ဖြစ်ပြီးသည်မှာ တစ်လကျော် ကြာလာပြီ ဖြစ်သော်လည်း လုံခြံုရေးတပ် ဖွဲ့ဝင်များမှ ယခုအချိိန်ထိ စီစဉ် ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ဆူပူအကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်တွင် UNHCR အပါအဝင် INGOs နှင့် တခြား အဖွဲ့အစည်းများ၊ ပြည်တွင်း လူမှုထောက်ပံ့ရေးအသင်းများနှင့် စေတနာရှင်များမှလည်း မောင်တောမြို့ရှိ ဒုက္ခသည် စခန်းများနှင့် မောင်တော မြို့အနီး အနားရှိ ကျေးရွာများကိုသာ ဦးစားပေး လှူဒါန်းနေကြပြီး ယခုကဲ့သို့ ဝေးလံသော နယ်စပ်ရှိ ကျေးရွာများသို့ လာရောက် ကူညီ လှူဒါန်းခြင်း မရှိကြောင်း သိရသည်။