အင်းတော်ကြီးဒေသတွင် ငလျင်လှုပ်ခတ်၍ အဆောက်အဦးပျက်စီး

အင်းတော်ကြီးဒေသတွင် ငလျင်လှုပ်ခတ်၍ အဆောက်အဦးပျက်စီး
by -
ကချင်သတင်းဌာန

မိုးကောင်းမြို့နယ် အနောက်ဖက်ရှိ အင်းတော်ကြီးဒေသတွင် ဇူလိုင်လ (၂၂)ရက် တနင်္ဂနွေ မနက် ၈ နာရီ ၄၀ မိနစ်ချိန်ခန့်တွင် ဖျက်စီးအားပြင်းသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။

အင်းတော်ကြီးဒေသတွင် ငလျင်လှုပ်ခတ်၍ အဆောက်အဦးပျက်စီး

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် အင်းတော်ကြီးဒေသရှိ အဆောက်အဦးတချို့ ပြိုကျပျက်စီးသွားရာတွင် နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတစ်ခုလုံး  ပြိုပျက်သွားခဲ့ကြောင်းသိရသည်။

၎င်းဘုရားကျောင်းသည် အမြင့်ပေ ၂၀၊ အကျယ်အဝန်း ပေ ၈၀× ၃၀ ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအရေအတွက်ကိုမူ မသိရသေးသော်လည်း ဘုရားကျောင်းအပါအဝင် အချို့အိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ယခုအခါ ဒေသခံများသည် ဘုရားကျောင်းပျက်စီးသွားခြင်းကြောင့် ခန်းမတွင်သာ ခရစ်ယာန်ဝတ်ပြုကိုး ကွယ်ခြင်း ပြုလုပ်နေကြရကြောင်း ဒေသခံများပြောသည်။

အဆိုပါ ဘုရားကျောင်းဝင်းတွင် စစ်ပြေး ဒုက္ခသည် ၈၁ ဦး ခိုလှုံနေခြင်းဖြစ်ကြောင်းသိရသည်။

ငလျင် လှုပ်ခတ်မှုအကြာမှာ ၅ စက္ကန့်ကြာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Most read this week