တက္ကသိုလ် ကောလိပ် အဆင့် ကျောင်းသား ၉၇၄ ယောက်မှ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ရရှိရေး သမ္မတကြီးထံ စာပို့

တက္ကသိုလ် ကောလိပ် အဆင့် ကျောင်းသား ၉၇၄ ယောက်မှ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ရရှိရေး သမ္မတကြီးထံ စာပို့
by -
နိရဥ္စရာ

စစ်တွေမြို့တွင် တည်ရှိသော တက္ကသို်လ်၊ ကောလိပ် အဆင့် ကျောင်း (၃) ကျောင်းမှ ကျောင်းသူ ကျောင်းသား ၉၇၄ ယောက်မှ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့် ရရှိရေး အတွက် သမ္မတကြီးထံ စာရေး တောင်းဆိုလိုက်သည်ဟု သိရသည်။

အကြမ်းဖက် ဆူပူမူ ဖြစ်ပွားသည်မှာ တစ်လကျော် ရှိခဲ့ပြီ ဖြစ်သော်လည်း လုံခြံုရေးကြောင့် ယခု အချိန်ထိ ပညာကို ကောင်းမွန်စွာ  မသင်ကြားနိုင်ဘဲ ဖြစ်နေသဖြင့်  ကျောင်းသား ၉၇၄ ယောက်က လက်မှတ်ရေးထိုးပြီး  သမ္မတကြီး ဦးသိန်းစိန်ထံ ငြိမ်းချမ်းစွာ စာသင်ခွင့်ရရေး ယခုလ ၂၃ ရက်နေ့က တင်ပြ တောင်းဆို လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

စာရေး တောင်းဆိုရာတွင် ပါ၀င်သော ကျောင်းသား ကျောင်းသူူများမှာ စစ်တွေ တက္ကသိုလ်မှ ကျောင်းသားများ၊ စစ်တွေ ကွန်ပျူတာ တက္ကသိုလ်နှင့် အဝေးသင် တက္ကသိုလ်မှ ဖြစ်ကြသည်။

“ ဒီလ  ၂၃ ရက်နေ့နေ့စွဲနဲ့ ရေးသား ပေးပို့ထားတာပါ။ အဲဒီ စာထဲမှာ ပါတဲ့ အကြောင်းအရာက ကျွန်တော်တို့ ကျောင်းသားတွေ အေးအေးချမ်းချမ်းနဲ့ စာသင်ချင်တယ်။ ဒါပေမယ့် ကျောင်း တက်ရတဲ့ ကျောင်းအနီးအနား လမ်းတလျှောက်မှာ မူဆလင် ရွာတွေ ရှိနေတဲ့ အတွက် လုံခြံုရေး စိုးရိမ် စရာဖြစ်နေတယ်။ ဒါကြောင့်  ပြဿနာတွေ နောက်ထပ် ဖြစ်လာနိုင်တဲ့ အတွက် အဲဒါတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု စစ်တွေ တက္ကသိုလ် ပထမနှစ် ကျောင်းသား တစ်ဦးက ပြောသည်။

သမ္မထံ ပေးပို့သော စာထဲတွင် စစ်တွေ တက္ကသိုလ်နှင့် အစိုးရ နည်းပညာ ကောလိပ် (စစ်တွေ) သွားရာလမ်း တစ်လျှောက်နှင့် ကျောင်းပတ်ဝန်းကျင် တွင်  မူဆလင် ကျေးရွာများတည်ရှိနေသဖြင့် အဆိုပါ ကျေးရွာများကို နေရာရွှေ့ပြောင်း ပေးရန်နှင့် ၎င်းကျေးရွာများအား ရွှေ့ေြ့ပာင်းပြီးမှ တက္ကသိုလ် များကို ပြန်လည် ဖွင့်လှစ်ပေးရန် မေတ္တာရပ်ခံ တောင်းဆိုထားသည်ဟု သူက ဆက် ပြောသည်။

စစ်တွေ မြို့နယ် ပြည်နယ်လွှတ် တော်အမတ် ဦးအောင်မြကျော်ကလည်း သူ့အမြင်ကို ယခုလို  နိရဥ္စရာသို့ ပြောသည်။

“ အခု ဖြစ်သွားခဲ့တဲ့ ပြဿနာရဲ့ နောက်ဆက်တွဲ အနေနဲ့ ကျောင်းတွေကို ပိတ်ထားရတာဟာ ဘင်္ဂလီ မူဆလင်ရွာတွေကို ဖြတ်ပြီးတော့ သွားရတဲ့ကျောင်းတွေ ဖြစ်တဲ့ခါ လုံခြံုရေးက မရှိ ဖြစ်နေတယ်။  အေးအေး ချမ်းချမ်းနဲ့ ပညာသင်နိုင်တဲ့အထိ လုံခြံုရေးကလည်း မရှိဆိုတော့ အခုလို ပုံသဏ္ဍာန်မျိုးနဲဲ့  ကျောင်းသားတွေ ကျောင်းတက်သွား တဲ့အခါ ပဋိပက္ခဆိုတာ အမြဲတမ်းလိုလို ဖြစ်နိုင်ပါတယ်။  အဲဒီ အတွက်ကြောင့် ကျွန်တော့်အမြင် ပြောရမယ်ဆိုလို့ရှိရင် ကျောင်းပတ်ပတ်လည် အနီးအနားမှာ ရှိတဲ့ မူဆလင်ရွာတွေကို မရွေ့ပြောင်းဘဲ ကျောင်းသားတွေ အေးအေးချမ်းချမ်း ပညာ သင်ကြားနိုင်ဖို့ ဆိုတာ ခက်ခဲ ပါလိမ့်မယ်” ဟု ပြောသည်။

ယခုအခါ စစ်တွေ တက္ကသိုလ်မှ  ဆရာဆရာမများ စုပေါင်းပြီး စစ်တွေတက္ကသိုလ် ပတ်လည်တွင် ၀ိုင်းရံ တည်ရှိနေသော မူဆလင် ကျေးရွာများကို မဖယ်ရှားပေးနိုင်လျှင် ကျောင်းမလာနိုင်ဟု လက်မှတ်  ရေးထိုးပြီး  တောင်း ဆိုထားသည်ဟုလည်း အမည်မဖေါ်လိုသူ ကျောင်းဆရာမ တစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၇ ရက်နေ့ စစ်တွေ နည်းပညာ ကောလိပ်မှ ကျောင်းသားများ ကျောင်းဆင်းချိန်တွင် အနီးအနားရှိ မူဆလင် ကျေးရွာများသားများက လူအုုပ်စုဖြင့်  ကျောင်းကားများကို တိုက်ခိုက်ခဲ့သဖြင့်  လုံခြံုရေး တပ်ဖွဲ့ဝင်များ အမြန်ဆုံး လာရောက် ဖြေရှင်း ခဲ့ရသည်။

Most read this week