နိုင်ငံတော် အလံကို စစ်တွေမြို့တွင် ၉ရက်ကြာ လွှင့်ထူမည်

နိုင်ငံတော် အလံကို စစ်တွေမြို့တွင် ၉ရက်ကြာ လွှင့်ထူမည်
by -
နိရဥ္စရာ

စစ်တွေ တစ်မြို့လုံးရှိ နေရာ အနှံ့အပြားတွင် နိုင်ငံတော်အလံကို ဇူလိုင်လ ၂၁ ရက်နေ့က စပြီး ၉ ရက်ကြာ လွှင့်ထူသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုင်ငံတော် အလံအား လွှင့်ထူနေကြပုံ။ (ဓါတ်ပုံ- နိရဥ္စရာ)

ယခုကဲ့သို့ နိုင်ငံတော် အလံကို စစ်တွေမြို့ (၉) ရက်ကြာ လွှင့်ထူသွားမည့် အစီအစဉ်ကို ရတပ ဗဟို ကော်မီတီဝင် ခိုင်ကောင်းစံက ယခုလို ပြောသည်။

“ ဇူလိုင်လ ၁၁ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်က UNHCR မင်းကြီး Antonio Guterres ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေဟာ  မြန်မာနိုင်ငံသား မဟုတ်ကြောင်းကို မြန်မာတိုင်းရင်းသားတွေ ဘက်မှ ပြတ်သားစွာ ရပ်တည် ပြောဆိုခဲ့မှုအပေါ် ဂုဏ်ပြုတဲ့ အနေနဲ့  စစ်တွေ မြို့အနှံ့ အပြားမှာ  နိုင်ငံတော်အလံကို ၉ ရက်ကြာ လွှင့်ထူသွားမှ ဖြစ်ပါတယ်” ဟု ပြောသည်။

နိုင်ငံတော် အလံအား  ဆိုက်ကား၊ သုံးဘီး၊ ဆိုင်ကယ် အများအပါအဝင် နေရာတိုင်းတွင် ယခုအခါ ချိတ်ဆွဲ လွှင့်ထူထားကြသည်ဟု သူက ပြောသည်။

“ အခု သုံးဘီးတွေ၊ မော်တော် ကားတွေ၊ မော််တော်ဘုတ်တွေ အကုန်လုံးမှာ လွှင့်ထူထားပါတယ်။ အိမ်တွေ၊ လမ်းတွေမှာလည်း လွှင့်ထူတားကြပါတယ်။ စစ်တွေမြို့ပေါ်က မင်းဗာကြီးလမ်း၊ လမ်းမကြီး တလျှောက်ပါဘဲ။ သမ္မတကြီးရဲ့ ရပ်တည်ချက်နဲ့ ရဲရင့်ပြတ်သားတဲ့ ပြောကြားချက်ကို ရခိုင် တစ်မျိုး သားလုံးက အပြည့်အဝ  ထောက်ခံတဲ့ အနေနဲ့ နိုင်ငံတော် အလံကို လွှင့်ထူထားကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ နိုင်ငံတော်အလံကို သမ္မတကြီး ပြောကြားချက်ကို ထောက်ခံသော အနေဖြင့် စစ်တွေမြို့တွင် သာမက  ရခိုင်တစ်ပြည်နယ်လုံး မြို့ရော၊ တောပါ မကျန် လွှင့်ထူရန် လူပ်ရှားသူများက ကြိုးစား ဆောင်ရွက်နေကြောင်း သိရသည်။

ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦးနဲ့တ တခြားမြို့များတွင်လည်း လူမှုရေး အသင်းအဖွဲ့များက အဆိုပါ လူပ်ရှားမူကို ထောက်ခံသော အနေဖြင့် နိုင်ငံတော် အလံများကို စတင် လွှင့်ထူနေကြပြီ ဖြစ်ကြောင်း ကိုခိုင်ကောင်းစံက ပြောသည်။

၎င်းအပြင် သဲတပွင့် အမည်ဖြင့် ရေးသားထားသော ကျေညာချက် တစ်စောင်ကိုလည်း စစ်တွေမြို့ တွင် လိုက်လံ ဖြန့်ဝေနေကြသည်ဟု သိရသည်။ ကျေညာချက်ထဲတွင် နိုင်ငံတော် အလံလွှင့်ထူရခြင်း ရည်ရွယ်ချက်ကို အောက်ပါအတိုင်း ရေးသား ဖေါ်ပြထားသည်။

နံပါတ် (၁) သမ္မတဦးသိန်းစိန်အား ရခိုင်လူမျိုးများမှ အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်းပြသခြင်း၊ (၂) သမ္မတ ကြီး၏ ပြောစကားကို ရခိုင်လူမျိုးမှ ထောက်ခံကြောင်း ပြသခြင်း၊ (၃) ဘင်္ဂလီများ အရေး ကိစ္စတွင် သမ္မ ကြီးနောက်မှ ရခိုင်လူမျိုးများ ရှိကြောင်းပြသခြင်း၊ (၄) သမ္မတကြီး ပြောစကားကို ကန့်ကွက်၊ ဆန့်ကျင်၊ မ ထောက်ခံသော အဖွဲ့အစည်းများအား ရခိုင်လူမျိုးများက ပြန်လည် ကန့် ကွက်၊ ဆန့်ကျင်၊ မထောက်ခံကြောင်း ပြသခြင်း၊ (၅) သမ္မတကြီး ပြောစကားကို လက်တွေ့ အကောင် အထည် ဖေါ်ဆောင်ရွက်မည့် တပ်မတော်၊ ရဲ၊ နစက၊ လဝကနှင့် တခြားသော ၀န်ထမ်းများနှင့် တကွ ရခိုင်ပြည်သူ တစ်ရပ်လုံးမှ မှန်ကန်စွာ လက်တွဲပူးပေါင်း ဆောင်ရွက် မည်ကို ပြသခြင်းတို ့ဖြစ်သည် ဟု ရေးသားထားသည်။

Most read this week