ရန်ကုန်မြို့ မင်္ဂလာဒုံုလေယာဉ်ကွင်း အနောက်ဖက် မရမ်းကုန်းမြို့နယ် အတွင်းရှိ လေကြောင်းပိုု့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်တဲအိမ် ၁၀၀ ကျော်အား အာဏာပိုုင်များက ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖြိုဖျက်လိုုက်သည်။
လေကြောင်းဦးစီး၏ ရေဒီယိုုအင်ဂျင်နီယာရုံုးနှင့် ၀န်ထမ်းအိမ်ယာများ အနီးရှိ မြေပေါ်တွင် ဆောက်လုုပ်ထား သော ရန်ကြီးအောင် အမည်ရှိရပ်ကွက်ထဲမှ ကျူးကျော်အိမ် ၁၀၃ အိမ်ကိုု မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုုပ်ချုပ်ရေးရုံုးဝန်ထမ်းများက နံနက် ၆ နာရီခွဲခန့်က စတင်ကာ တူများ၊ သံတူရွင်းများဖြင့် တနေကုုန် ဖြိုဖျက် မှု ပြုကြသည်။
မြန်မာ့လေကြောင်းမှ အထွေထွေမန်နေဂျာ ဦးဝင်းကိုုက “အိမ်တွေကိုု ဖျက်ပေးဖိုု့ သတိပေးနှိုးဆော်ထားတာ စုုစုုပေါင်း ရှစ်ကြိမ်ရှိပြီ။ အစတုုန်းက ကလေးတွေ စာမေးပွဲရှိလိုု့၊ ဆယ်တန်းဖြေဖိုု့ နှစ်ယောက်ရှိလိုု့ဆိုုပြီး ပြောလိုု့ ကျနော်က အထက်ကိုု ပြန်တင်ပြထားပါတယ်။ ဖျက်ပေးဖိုု့သူတိုု့ကိုု အကြိမ်ကြိမ်ပြောပါတယ်” ဟုု ဆိုုသည်။
“အဖျက်ခံရတဲ့ အိမ်ထောင်စုတွေကိုု ပြန်နေရာချထားဖို့ အစီအစဉ်မရှိပါဘူး” ဟုု သူက ပြောသည်။
ခြောက်နှစ်ခန့်ကြာ နေထိုုင်သူများ၊ ၂၀၀၈ ခုုနှစ် နာဂစ်မုုန်တုုိင်းဒဏ်သင့်မှုကြောင့် ပြောင်းရွှေ့့ လာသူများ၊ လွန်ခဲ့သည့် သုံုးလကမှ လာရောက်နေသူများပါ၀င်သည့် လက်လုုပ် လက်စား မိသားစုုများအနက် အိုးအိမ်မဲ့ ဖြစ်သွားရသူများ ရှိသည်။
“ဘယ်မှ သွားဖိုု့ မရှိဘူး။ ပစ္စည်းတွေချပြီး ဒီနားမှာပဲ ထိုုင်နေဖိုု့ပဲရှိတယ်။ ကလေးတွေကလည်း ကျောင်းတဖက်တွေနဲ့ အိမ်ငှားတော့လည်း သူများတွေလိုု အိမ်ငှားခ မတတ်နိုုင်ဘူး။ စပေါ်ငွေက နှစ်သိန်း၊ သုံုးသိန်း တောင်းတဲ့ အိမ်ရှင်တွေလည်း ရှိတယ်။ လခကလည်း နှစ်သောင်း၊ သုံုးသောင်းထပ်ပေးရမှာ ဆိုုတော့ မတတ်နိုင်ဘူး” ဟုု အဖျက်ခံရသော အိမ်ဘေးတွင်ထိုုင်လျက် ကိုုသိုုက်စောလင်း က ပြောသည်။
ကျူးကျော်နေအိမ် တဖက်ခြမ်းတွင်ရှိသော တပ်မြေ (ခေါ်) မြန်မာ့လေကြောင်း ဦးစီးဌာနပိုင် ကွင်းထဲတွင် ဘူဒိုဇာ ကားငါးစီး ဇူလိုင် ၁၉ ရက်နေ့ ညနေမှ စတင် လာရပ်ထားသည်ဟု ရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။
ရပ်ကွက်အတွင်းရှိ နေအိမ်အားလုံးကို ဇွန်လ ၂ ရက်နေ့ အပြီး ပြောင်းရွှေ့ပေးရန်နှင့် မပြောင်းရွှေ့ပေးပါက တရားဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သတိပေးစာရောက်အပြီးတွင် နောက်ထပ် ငါးလ ဆက်နေခွင့် ပေးပါရန် အသနားခံစာကိုု နေပြည်တော်သိုု့ တင်ထားစဉ် ဖျက်သိမ်းမှုပြုလုုပ်ခြင်းဖြစ်ကြောင်း အဖျက်ခံရသောနေအိမ် တအိမ်မှ ဒေါ်ဝါက မဇ္ဈိမကိုု ပြောသည်
“တချို့ကတော့ အထုပ်ဆွဲပြီး ပြေးတယ််။ ကြောက်ပြီးထွက်ပြေးတာ သုံးအိမ်ရှိတယ်” ဟု ပြောသည်။
လူဦးရေ ခြောက် သန်းခန့်ရှိ ရန်ကုုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လူဦးရေ ထူထပ်သော ဆင်ခြေဖုုန်း တခုုတွင်လည်း ကျူးကျော်အိမ် ဖယ်ရှားမှုများ ရှိနေသည်။
လွန်ခဲ့သည့်လက လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် အတွင်း ကျူးကျော်အိမ် ၁၄၉ လုံးအား မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ဖယ်ရှားခိုင်းခဲ့သည်။
ဆက်လက်နေထိုင်သူ အိမ်ထောင်စုများအားလည်း ပုဒ်မ (၄၄၇) ဖြင့် တရားစွဲဆိုထားပြီး နှစ်ဖက် အမှုရင်ဆိုင် ရလျက် ရှိသည်။