တောင်ကုတ် အာဇာနည်နေ့အခမ်းအနား လူပေါင်းရာကျော် တက်ရောက်

တောင်ကုတ် အာဇာနည်နေ့အခမ်းအနား လူပေါင်းရာကျော် တက်ရောက်
by -
နိရဥ္စရာ

၆၅ နှစ်မြောက် အာဇာနည်နေ့ကို တောင်ကုတ်မြို့တွင် အမျိုးသား ဒီိမိုကရေစီ အဖွဲ့ချုပ်က ကျင်းပ ခဲ့သည်ဟု သိရသည်။

NLD-Taungup

အခမ်းအနားအား  ကျယ်ကျယ်ပြန့်ပြန့် အပြင်တွင် ကျင်းပ ပြုလုပ်ခွင့်မရသော်လည်း မြို့နယ်ရုံးတွင် ကျင်းပခွင့် ရရှိခဲ့ပြီး လူပေါင််း ၁၀၀ ကျော်တက်ရောက်ခဲ့သည်ဟု ဆိုသည်။

ယခုနှစ် ထူးခြားမူမှာ ယခင် နှစ်ကလို အာဇာနည်နေ့ အခမ်းအနားအား လျို့ဝှက်စွွာ ကျင်းပရန် မလိုဘဲ  ပေါ်ပေါ်ထင်ထင် ကျင်းပခွင့် ရရှိခဲ့သည်ဟု ဆိုသည်။ အခမ်းအနားတွင် ဗိုလ်ချုပ် အောင်ဆန်း အထုပ္ပတ္တိကို အမျိုးသမီး ၄ ဦးက အပိုင်း ၄ပိုုင်းခွဲကာ ဟောပြောခဲ့ကြကြောင်း သိရသည်။

“ အခမ်းအနားမှာ ဗိုလ်ချုပ်အကြောင်းနဲက ဗိုလ်ချုပ် လုပ်ကြံခံခဲ့ရတဲ့ အကြောင်းတွေကို မြို့နယ် NLD အဖွဲ့ဝင် အမျိုးသမီး ၄ ယောက်က တစ်ကဏ္ဍစီ အပိုင်းလေးပိုင်းခွဲပြီး တက်ရောက်လာတဲ့သူတွေကို ဟောပြောကြတယ်။  တက်ရောက်သူတွေက စိတ်ပါ ၀င်စားစွာနဲ့ နားထောင်ကြတာကို တွေ့ရ ပါတယ်”   ဟု  တောင်ကုတ်မြို့နယ် အဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ ဒေါ်အေးအေးနိုင်က နိရဥ္စရာသို့ ပြောသည်။

ယခုနှစ် အာဇာနည်နေ့ အခမ်းအနားကို စည်စည်ကားကား လုပ်ရန် စီစဉ်ထားခဲ့သော်လည်း အာဏာပိုင်များ၏ ဟန့်တားမှုကြောင့် ရုံးတွင်သာ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဗိုလ်ချုပ်နဲ့ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးများအား လွှတ်လပ်ရေး ကျောက်တိုင်တွေမှာ ပန်းခွေချခွင့် မရခဲ့ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (တောင်ကုတ်)ရုံးတွင် နံနက် ၉ နာရီမှ စတင် ကျင်းပခဲ့သည်ခဲ့ပြီး တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဟောင်း ဦးကျော်ခိုင်က သဘာပတိ ဆောင်ရွက်ခဲ့သည်။ အခမ်းအနားသို့  မြို့နယ် ဥက္ကဌ ဦးခင်လှနှင့် ဦးမင်းအောင်တို့ တက်ရောက်ခဲ့သည်။

“ အရင်နှစ်တွေကဆိုရင် စုံစမ်းစစ်ဆေးမှုတွေက များတဲ့အခါ ကျွန်မတို့ အဖွဲ့တွေဟာ ခိုးကြောင် ခိုးဝှက်နဲ့ လုပ်ရပါတယ်။ ဒီနှစ်ကျတော့  အယင်နှစ်တွေကနဲ့ မတူပါ။ ဗိုလ်ချုပ်ရဲ့ အကြောင်းအရင်းတွေနဲ့ ဗိုလ်ချုပ် လုပ်ကြံခံခဲ့ရတဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ဟောပြောပွဲတွေ လုပ်ပြီးတော့ ပြောလို့ရပါတယ်။ နည်းနည်း လွှတ်လပ်လာတဲ့ သဘောပါ” ဟု သူမက ဆက်ပြောသည်။

အခမ်းအနားကို  တောင်ကုတ်မြို့ပေါ်မှ အဖွဲ့ဝင်များ သာမက နယ်မှ အဖွဲ့ဝင်များလည်း တက်ရောက်ကြပြီး စုစုပေါင်း ၁၂၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

အလားတူ အာဇာနည်နေ့ အခမ်းအနားကို NLD မှ ရသေ့တောင်နှင့် ဂွမြို့တို့တွင်လည်း ကျင်းပပြုလုပ်ခဲ့ကြ သည်။

Most read this week