နိုင်ငံတော် သမ္မတကို ရခိုင်ကိုယ်စားလှယ်က ရခိုင် အရေးအတွက် ဘာတွေ တင်ပြခဲ့သလဲ…….

နိုင်ငံတော် သမ္မတကို ရခိုင်ကိုယ်စားလှယ်က ရခိုင် အရေးအတွက် ဘာတွေ တင်ပြခဲ့သလဲ…….
by -
နိရဥ္စရာ

ဒီကနေ့ ဇူလိူင်လ ၁၈ ရက်နေ့မှာ ဒီမိုကရက်တစ် မဟာမိတ် ၁၀ ပါတီက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး ပါတီ ခေါင်းဆောင်တွေက မိမိတို့ရဲ့ လိုလားချက်တွေကို တင်ပြခဲ့ကြပါတယ်။ ဒီအထဲမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောလည်း ပါ၀င်ပါတယ်။

ဒီကနေ့ ဇူလိူင်လ ၁၈ ရက်နေ့မှာ ဒီမိုကရက်တစ် မဟာမိတ် ၁၀ ပါတီက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး ပါတီ ခေါင်းဆောင်တွေက မိမိတို့ရဲ့ လိုလားချက်တွေကို တင်ပြခဲ့ကြပါတယ်။ ဒီအထဲမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောလည်း ပါ၀င်ပါတယ်။ ဦးဦးလှစောကို ရခိုင် အမျိုးသားတွေ အတွက် ဘာတွေ တင်ပြခဲ့ပါသလဲလို့ မေးကြည့်တဲ့ အခါ သူတင်ပြတာနဲ့ သမ္မတ ဦးသိန်းစိန်က  ပြန်လည် ပြောကြားချက်တွေကို ခုလို ပြောပြသွားပါတယ်။

myanmarexpress1
တင်ပြချက်များ

ကျွန်တော်တို့ ရခိုင်ပြည်မှာ ဖြစ်သွားခဲ့တဲ့ ဘင်္ဂလီ အရေးကိစ္စကို တင်ပြခဲ့ပါတယ်။ ဘင်္ဂလီကိစ္စမှာ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ပြည်ထဲက အမြင်မရှင်းတဲ့ ဒီမိုကရေစီအင်အားစု တချို့၊ ပြင်ပ သံတမန်အသိုင်း အဝိုင်းတွေ၊ နိုင်ငံတကာ သံရုံးတွေက ရိုဟင်ဂျာဆိုတာ ဘယ်လို လူတွေလည်း ဆိုတာကို ဂဂ နန မသိဘဲ ဖြစ်နေကြတယ်။ အဲဒီအတွက်ကြောင့် ဒီအကြောင်းကို ရခိုင်-ဗမာ ပညာရှင်တွေနဲ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ စုပြီးတော့ နေပြည်တော်မှာ သမိုင်းဆိုင်ရာ Seminar ဘဲ ဖြစ်ဖြစ် Workshop  ဘဲ ဖြစ်ဖြစ် ပြုပ်လုပ်သင့်တဲ့ အကြောင်းကို တင်ပြခဲ့ပါတယ်။

နောက်ပြီး ဒီကိစ္စကြောင့် ရခိုင်ပြည်မှာနေထိုင်နေကြတဲ့ ရခိုင်တိုင်းရင်းသားတွေ မလုံမခြံု ဖြစ်နေတဲ့ အတွက်ကြောင့်၊ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တောနယ်မှာ ရခိုင်အမျိုးသား ကာကွယ်ရေးတပ်ကို တရားဝင် ဖွဲ့စည်းပေးဖို့၊ နယ်ခြားစောင့် တပ်တွေကို ချပေးဖို့၊ အမျိုးသီလကို စောင့်တဲ့ ရခိုင် တိုင်းရင်း သား တွေဟာ အမျိုးဘာသာ၊ သာသနာအတွက် အနောက်တံခါးကို ကာကွယ်နိုင်စွမ်းရှိတယ် လို့ ပြောခဲ့ပါတယ်။

နောက်တချက်က သဘာဝ ဓါတ်ငွေ့ကိစ္စကို ပြောခဲ့ပါတယ်။ ရခိုင်ပြည်က ဓါတ်ငွေ့တွေကို တရုတ်ပြည် ကို ရောင်းနေပြီးတော့ ကျောက်ဖြူမှာ အထူးစီးပွားရေး ဇုံတွေလုပ်နေတာဟာ ရခိုင်ပြည်သူတွေအတွက် အကျိုး ခံစားခွင့် ရဖို့လိုပါတယ်။ အခု သဘာဝဓါတ်ငွေ့တွေ ရှိလျှက်နဲ့ ရခိုင်ပြည်မှာ မီးမရ၊ ရပြန်သော်လည်း မီတာခတွေ အလွန်ကြီးတယ်။ ဒီကိစ္စကို ချက်ချင်း အကောင်အထည်ဖေါ်ပေးဖို့၊ သဘာဝဓါတ်ငွေ့က ရာခိုင်နှုန်း အချို့ကို ဂတ်စ် သိုလှောင်ရုံ တည်ဆောက်ပြီးတော့ ရခိုင်ပြည်ကို မီးပေးရန် အမြန်ဆုံး စီစဉ် ဆောင်ရွက််ပေးဖို့ကို နိုင်ငံတကာက စီးပွားရေး လာရောက်လုပ်ကိုင်သူတွေနဲ့ ပူးပေါင်းပြီးသော်၎င်း၊ အစိုးရ အနေနဲ့သော်၎င်း အမြန်ဆုံး အကောင်အထည်ဖေါ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

နောက်တင်ပြတာက ရခိုင်ပြည်မှာ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝ ညံ့ဖျင်းနေတယ်။ ဆေးရုံတွေမှာ ဆရာဝန်မရှိ၊ သူနာပြုတွေ မရှိဖြစ်နေတယ်။ ရခိုင်ပြည်က အောင်မြင်တဲ့ ဆရာဝန် ဆရာဝန်မတွေကို ရခိုင်ပြည်မှာ ပြန်လည် ခန့်ထားပေးဖို့ဆိုလို့ရှိရင် အဆင်ပြေနိုင်တဲ့ အကြောင်း၊ ခန့်အပ်ပေးဖို့ တောင်းဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။
myanmarexpress
သမ္မတဘက်မှ ပြန်လည် တုန့်ပြန် ပြောဆိုချက်

ရိုဟင်ဂျာ ကိစ္စဟာ သိမ်မွေ့တဲ့အကြောင်း။ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် လုပ်ဖို့ လိုတဲ့ အကြောင်း၊ သူ့အနေနဲ့ UNHCR က လူတွေကို ပြတ်ပြတ်သားသား ပြောလိုက်ပြီ ဖြစ်ကြောင်းပြောပါတယ်။

(ကာကွယ်ရေးတပ်တွေ၊ နယ်ခြားစောင့်တပ် လုပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဖြေအတိအကျ မပေးပေမယ့် လေးလေးနက်နက် မှတ်သားထားပါတယ်။ )

သဘာဝ ဓါတ်ငွေ့ကိစ္စမှာ သူဌေးချောင်းရေအားလျှပ်စစ်ဟာ လုံးဝ အားကိုးမရ ဆိုတာကို ပြောပါတယ်။ စိုင်းတင်ကလည်း မဖြစ်နိုင်တဲ့အတွက်ကြောင့် ဖြစ်နိုင်တဲ့ နည်းလမ်းဖြစ်တဲ့ သဘာဝ ဓါတ်ငွေ့ထဲက ရာခိုင်နှုန်း တစ်စုံတစ်ရာကို  ယူပြီးတော့ သဘာဝ ဓါတ်ငွေ့နဲ့ ရခိုင်ပြည်နယ်မှာ မီးရရှိနိုင်တာကို စဉ်းစားရမယ်။ အဲဒါဟာ ဖြစ်နိုင်တဲ့ နည်းလမ်းဖြစ်တယ်ဆိုပြီး  သမ္မတက ပြောသွားပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ရခိုင်ပြည်က ဆရာဝန်တွေဟာ ရခိုင်ပြည်မှာ ခန့်အပ်တာဝန်ပေးဖို့ဆိုတဲ့ ကိစ္စဟာ လက်တွေ့ကျတယ်။ ဖြစ်နိုင်တယ်။ ဖြစ်အောင်လည်း လုပ်ပေးမယ်လို့ ပြောပါတယ်။

ကျွန်တော်တို့က ပြဿနာတွေကို တင်ပြတာဖြစ်ပါတယ်။ တင်ပြခွင့်ရတယ်။ သူတို့ဆီက လုပ်ပေးဖို့ မလုပ်ပေးဖို့ဆိုတာက မသိပါဘူး။ ဒီလို တင်ပြခွင့်ရတာဟာ ဒီလို ပြောခွင့်ရတဲ့ အတွက် အကျိုးရှိပါတယ်။ သူတို့ လုပ်ပေးသည် ဖြစ်စေ၊ မလုပ်ပေးသည် ဖြစ်စေ ကျွန်တော်တို့ လိုအပ်တဲ့ တောင်းဆိုချက်ကို ပြတ်ပြတ် သားသား တောင်းယူမှာဖြစ်တယ်။ မရရင် ရအောင်လည်း  ဥပဒေဘောင် အတွင်းက တောင်းယူမှာ ဖြစ်တယ်။ ဒီမိုကရေစီနည်းလမ်းနဲ့ ဒီတောင်းဆိုမှုတွေကို ရအောင် အကောင်အထည် ဖေါ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

တွေ့ဆုံခွင့်ရတဲ့ အချိန်

ကျွန်တော်တို့ နံနက် ၉ နာရီမှာ စတွေ့ပြီး ၁၂ နာရီခွဲမှာ ပြီးပါတယ်။ (ဇူလိုင် ၁၈ ရက်နေ့)

ပါ၀င်တဲ့ နိုင်ငံရေး ပါတီများနဲ့ လူပုဂ္ဂိုလ်များ

တွေ့တဲ့အခါမှာ ဗမာပါတီက ၅ ခု၊ တိုင်းရင်းသားပါတီက ၅ ခု ဖြစ်ပါတယ်။  သမ္မကြီးဘက်ကတော့  သမ္မတနှင့် ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းစုစုပေါင်း ၃ ယောက်ပါ။

တိုင်းရင်းသားတွေဘက်က ရခိုင်ကဆိုရင် ကျွန်တော်ပါ။ ချင်း အမျိုးသားပါတီက ဥက္ကဌ ဦးကျော်ဇံ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ဒုဥက္ကဌ နိုင်လှအောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ဥက္ကဌ ဦးစိုင်းအိုက်မောင်း၊ ကရင် ဖလုံ စဝေါ်ဒီမိုကရက်တစ်ပါတီက ဦးစိုးသိန်းအောင်၊ NDF ပါတီကဒေါက်တာ စန်းငြိမ်းနှင့် ဦးခင်မောင်ရွေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဒေါ်စန်းစန်းနုနှင့် ဥက္ကဌ ဦးသုဝေ၊ ဒီမိုကေရစီနှင့် ငြိမ်းချမ်းရေးပါတီက ဦးအောင်သန်းနှင့် ဦးမျိုးညွန့်၊ PUP ပါတီက ဦးထွန်းရွေ၊ပြည်ထောင်စု ဒီမိုကေရစီပါတီက ဦးသန်းဝင်း အားလုံး ၁၃ ယောက် ဖြစ်ပါတယ်။ တိုင်းရင်းသား ၅ ယောက်ပါ၀င်ပါတယ်။

Most read this week