၀ယ်သူများ၍ ဓါတ်ခဲ ရောင်းချမှု မောင်တောတွင် ပိတ်ပင်

၀ယ်သူများ၍ ဓါတ်ခဲ ရောင်းချမှု မောင်တောတွင် ပိတ်ပင်
by -
နိရဥ္စရာ

ဆူပူအကြမ်း ဘက်မှုဖြစ်ပွားပြီးနောက် ၀ယ်လိုမူ များပြားသဖြင့် သံသယ ဖြစ်ရာမှ မြန်မာ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် ဓါတ်ခဲ ရောင်းချမူအား အာဏာပိုင်များက ပိတ်ပင်ထားကြောင်း သတင်း ရရှိသည်။

Riot-Maungdaw

“ ၀ယ်တာကတော့ မွတ်ဆလင်တွေ ပါဘဲ။ ဓါတ်ခဲတွေကို တစ်ယောက်ပြီး တစ်ယောက် လာဝယ် နေတာက တော်တော်ထူးဆန်းပါတယ်။ သူတို့ စျေးဆိုင်တွေကို ရောက်လို့ရှိရင် ဓါတ်ခဲကိုဘဲ အဓိက ထားပြီးတော့ ၀ယ်ပါတယ်။ အနည်းဆုံး ဆယ်ကဏန်းနဲ့ ၀ယ်သွားတယ်။ ဒါကြောင့် သံသယတွေ ရှိနေတဲ့ အတွက် ဆိုင်တွေကို ဓါတ်ခဲတွေ မရောင်းကြဖို့ သက်ဆိုင်ရာက တားမြစ်ထားပါတယ်” မောင်တောမှ စျေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

မောင်တော မြို့မ စျေးကြီးအား ယခု အချိန်ထိ မဖွင့်လှစ်နိုင်သေးသော်လည်း စျေးအပြင်တွင် ဖွင့်လှစ် ထားသော စျေးဆိုင်တန်းများမှ ယခုကဲ့သို့ ဓါတ်ခဲများကို အလေးထား ၀ယ်ယူနေကြသည်ဟု ဆိုသည်။

ဤကဲ့သို့ ဓါတ်ခဲများ ရောင်းချမူကို ပိတ်ပင်ထားခြင်းနှင့် ပတ်သက်ပြီး အာဏာပိုင်များက တစ်စုံ တစ်ရာ ထုတ်ဖေါ် မပြောကြားသော်လည်း ဖေါက်ခွဲမူများနှင့် ဆက်စပ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်ဟု ပြောသည်။

ယခုကဲ့သို့ ဓါတ်ခဲများ ရောင်းချမူကို မောင်တောမြို့တွင် ပိတ်ပင်ထားခြင်းမှာ ဟုတ်မှန်ကြောင်း တခြား စျေးဆိုင်ပိုင်ရှင်  အမျိုးသားတဦးနှင့် အမျိုးသမီးတဦးကလည်း  အတည်ပြု ပြောကြားသည်။

မောင်တောမြို့ပြင််ရပ်ကွက် တစ်ခုတွင် နေထိုင်သူ ကိုကျော်သောင်းမှလည်း ဓါတ်ခဲများကိုသာမက လျှပ်စစ် ပစ္စည်းများပါ ရောင်းချခွင့် ပိ်တ်ပင်ထားသည်ဟု ထပ်လောင်း ပြောဆိုသည်။

Most read this week