မွတ်ဆလင် လူငယ် တဦးကို သင်္ကန်းဝတ်ပြီး စစ်တွေတွင် ဖမ်းဆီးမိ

မွတ်ဆလင် လူငယ် တဦးကို သင်္ကန်းဝတ်ပြီး စစ်တွေတွင် ဖမ်းဆီးမိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်  မွတ်ဆလင် လူငယ် တစ်ဦးကို သင်္ကန်း ၀တ်ပြီး ယမန်နေ့က ဖမ်းဆီးရမိ သည်ဟု သိရသည်။

Pretended-Muslim-Monkpic1

ယခုအခါ အဆိုပါ လူငယ်အား သင်္ကန်းချွတ်ပြီး ရဲလက်သို့ အပ်နှံ လိုက်သည်ဟု စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။

“ လူတွေ ပြောနေကြသလို သင်္ကန်းဝတ်ပြီး ဘုန်းကြီးကျောင်းတွေကို မီးရှို့ဖို့ လာတာ မဟုတ်ပါဘူး။ နာဇီရွာက  ဘုန်းတော်ကြီး တစ်ပါးက သင်္ကန်းဝတ်ပြီး သနားတဲ့ အတွက် အသက်ကို ကယ်တင်ထားလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အဲဒီ ဘုန်းတော်ကြီးကျောင်းကို သွားပြီး ဘုန်းကြီးကို လျှောက်ထား မေးမြန်းခဲ့ပါတယ်။ အခုတော့ လူဝတ်လဲပြီး ရဲကို အပ်လိုက်ပါပြီ” ဟု ဆိိုသည်။

မွတ်ဆလင် လူငယ်အား သင်္ကန်းစည်းပြီး ရဟန်း အဖြစ် သွတ်သွင်းထားသူ ဆရာတော်မှာ နာဇီရွာ အကွက်(၁) တွင် တည်ရှိသော စန္ဒာလောက ကျောင်းမှ ဆရာတော် စန္ဒာလောက ဖြစ်သည်ဟု သိရသည်။

အဖမ်းခံရသူ မွတ်ဆလင်မှာ ပူကီလာဆိုသူ ဖြစ်ပြီး လက်ရှိ စစ်တွေမြို့ နာဇီအကွက် (၁)တွင် နေထိုင်သူ ဖြစ်သည်။ သူ့ကို နာဇီအကွက် (၁) စန္နာလောက ကျောင်းတွင် ယမန်နေ့ နေ့လည် ၁၀ နာရီခွဲအချိန်တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။
pretended-Muslim-monk-pic2
ပူကီလာကို ဖမ်းဆီးရမိပြီး စစ်တွေမြို့ ကုန်တန်းရပ်ကွက် တောင်ချေရွာ ဘုန်းတော်ကြီးကျောင်းတွင် ဌာနဆိုင် ရာများနှင့် ယမန်နေ့က စစ်ဆေးခဲ့သည််ဟု သိရသည်။

စန္ဒာလောက ဆရာတော်မှ သဘောရိုးရိုးဖြင့် သင်္ကန်းစည်းပေခဲ့သော်လည်း သူတို့တွင် အကြံအစည်များ ပါ၀င်သည်ဟု ပူလာကီကို စစ်ဆေးခဲ့ရာတွင် ကိုယ်တိုင်ပါ၀င်သူ ရဟန်းပျို သံဃာတော်များအဖွဲ့ (စစ်တွေ) အဖွဲ့၏ ဒု အတွင်းရေးမှူး ဖြစ်သူ အရှင်ဓမ္မဓဇ က နိရဥ္စရာသို့ ပြောသည်။

“ မေးတဲ့ အခါ ဦးဇင်းတို့ တဖွဲ့တည်း မဟုတ်ဘဲ ဌာနဆိုင်ရာက လူကြီးတွေ အားလုံးရှိပါတယ်။ ရဲကလည်းရှိ တယ်၊ SP ကလည်းရှိတယ်။ စစ်တပ်ကလည်းရှိတယ်၊ နယ်ထိန်းအဖွဲ့ကလည်း ရှိတယ်။ သာသနာရေး အဖွဲ့က လည်းရှိတယ်။ သူတို့က အားလုံး ၀ိုင်းပြီး မေးကြပါတယ်။ သူက ပြောတာကတော့ သူတို့ကို အထက်က အ မိန့် ပေးတဲ့သူက ခိုင်းတာဖြစ်တယ်။ သူတို့အဖွဲ့မှာ ရ ယောက်၊ သူတို့က ဘုန်းကြီးကျောင်းတွေကို မီးရှို့ဖို့ ပုံစံ နဲ့ လုပ်တယ်လို့ ပြောပါတယ်။ သူရဲ့ ပြောပြချက်ပါ။ တိကျတဲ့ သတင်းကတော့ မရသေးပါဘူး” ဟု ဆိုသည်။

အဖွဲ့ပေါင်းစုံမှ စစ်ဆေးအပြီးတွင် အဆိုပါ ဖမ်းဆီးရမိသူ ပူကီလာကို ဥပဒေအရ ဆောင်ရွက်သွားနိုင်ရန် အတွက် ရဲစခန်းကို လွဲအပ်ပေးလိုက်သည်ဟု ဦးဇင်းက ဆက်လက်မိန့်ကြားသည်။

စစ်တွေမြို့တွင် အဆိုပါ မွတ်ဆလင် လူငယ် သင်္ကန်းစည်းပြီး ရဟန်းဝတ်မူနှင့် ပတ်သက်ပြီး အမျိုးမျိုး သတင်းများ ပျံ့နှံ့နေပြီး ပြောဆိုဝေဖန်မူများလည်း အမျိုးမျိုး ထွက်ပေါ်နေကြောင်း သိရသည်။

ထိုကဲ့သို့  သတင်းအမျိုးမျိုး ပျံ့နှံ့ နေသဖြင့် အသေးစိတ် သိရှိနိုင်ရန် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သူတို့တွင် ပြောပိုင်ခွင့် မရှိဟု ဆိုကာ ဖုံးချသွားခဲ့သည်။

ယခုကဲ့သို့ မွတ်ဆလင် လူငယ် တစ်ဦးကို သင်္ကန်းစည်းပေးခြင်းမှာ ၀ိနည်းတော်နှင့် ညီမညီကို ဆရာတော် စန္ဒာလောကအား မြို့နယ် သံဃာ့ကောင်စီမှ စစ်ဆေး မေးမြန်းနေကြောင်း သိရသည်။

Most read this week