ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းအား ဆုချီးမြှင့်ခြင်းအစီစဉ်ပြုလုပ်

ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းအား ဆုချီးမြှင့်ခြင်းအစီစဉ်ပြုလုပ်
by -
ကချင်သတင်းဌာန

၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းအား အမေရိကန် ဒေါ်လာ ၁ သောင်း (ကျပ်ငွေ သိန်း ၁၀၀ ခန့်) ကို လိုင်ဇာဗဟိုဌာနချုပ်ရှိ ကချင်အမျိုးသမီးရေးရာအဖွဲ့နှင့် မန်ရှီ (Mangshi)ရှိ (Atsam Ning Ja Jat) အဖွဲ့အစည်းမှ ယနေ့ လွဲအပ်ချီးမြှင့်ပေးခဲ့သည်။

ယခုလို ဆုချီးမြှင့်ခံရသော ကျေးဇူးတော်ချီးမွမ်းပွဲတော်ကို မြန်မာပြည်နှင့် ဆက်စပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်ရှိီ (Mangshi)မြို့ရှိ ကချင်စားသောက်ဆို်င် (Hkrum Zup Seng) တခုတွင် ပြုလုပ်ကျင်း ပခဲ့ရာ လဖိုင်နော်မိန်းတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

“မန်ရှီဆေးရုံနှင့် ပွဲလုပ်တဲ့နေရာက ၃ မိုင်လောက်ရှိတယ်။ ဆရာကို ထမ်းစင်မှာ တင်ပြီး တခါတည်း ကားမှာတင်လာတယ်။ ဒီမှာရောက်ရင်တော့ ပက်လက်ကုလားထိုင်မှာ ထိုင်ချင်ထိုင် လဲချင်လဲလို့ရအောင် လေ” စောင့်ရှောက်သူတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

ကျေးဇူးတော်ချီးမွမ်းပွဲတွင် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းမှ သူကြံုတွေ့ခဲ့သောကိုယ်တွေ့အဖြစ် အပျက်များကို အချက် (၄) ချက်ဖြင့်ပြောပြခဲ့ကြောင်းသိရသည်။

၎င်းဆုချီးမြင့်ကျေးဇူးတော် ချီးမွမ်းပွဲသို့ မိုင်ဂျာယန်မှ သိက္ခာတော်ရဆရာများ၊ ဒေသခံများနှင့် မြစ်ကြီးနား နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ သိက္ခာတော်ရ သင်းအုပ်ဆရာများတက်ရောက်ခဲ့ပြီး သိက္ခာတော်ရ ဒေါက်တာဂျာဂွန်းမှ တရားဟောပြောခဲ့သည်။

ကျေးဇူးတော်ချိီးမွမ်းပွဲ အစီအစဉ်တွင် ကချင်တေးဂီတ အဖွဲ့များမှလည်း တေးဂီတများဖြင့် သီဆိုဖျော်ဖြေ ချီးမြှင့်ခဲ့ပြီး ဒေသခံများ ၆၀ ကျော်တက်ရောက်ခဲ့သည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စိန်လုံဒေသရှိ ကောင်းဝဲတိုက်ပွဲအတွင်း စစ်ဖြစ်နေသည့်နေရာသို့ ကိုယ်တိုင်သွားရောက် သတင်းယူနေစဉ် မြန်မာအစိုးရစစ်တပ်မှ ပစ်ခတ်သော သေနတ်ကျည်ဆံထိမှန်ကာ လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ်တခုလုံး မလှုပ်ရှားနိုင်ဖြစ်သွားခဲ့သည်။

ကချင်ပြည်နယ် စစ်ပွဲအတွင်း သတင်းသွားယူစဉ် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဒုက္ခိတဘဝသို့ရောက်ခဲ့ရသူ Kachinland News သတင်းဌာန အယ်ဒီတာ ကချင်တိုင်းရင်းသား ဦးလဖိုင်နော်မိန်းအား ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုပိုင်ရှင်အဖြစ် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဆရာလဖိုင်နော်မိန်းသည် ၂၀၁၂ ခုနှစ်တွင် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် စကာတင်  ၅ ဦးအနက် ရွေးချယ်ခံရသူဖြစ်သည်။

ဆရာလဖိုင်နော်မိန်းသည် မန်ရှီပြည်သူ့ဆေးရုံသို့ မတ် (ရ) ရက်နေ့တွင်ရောက်ရှိလာပြီး ဆေးကုသမူကို ယခုချိန်ထိ ခံယူနေဆဲဖြစ်သည်။

Most read this week