တရုတ်ဖက်ခြမ်းရှိ ကချင်ဒုက္ခသည်စခန်း၂ခုကို တရုတ်အာဏာပိုင်များ ပြောင်းရွှေ့ခိုင်း

တရုတ်ဖက်ခြမ်းရှိ ကချင်ဒုက္ခသည်စခန်း၂ခုကို တရုတ်အာဏာပိုင်များ ပြောင်းရွှေ့ခိုင်း
by -
ကချင်သတင်းဌာန

တရုတ်-မြန်မာနယ်စပ် ဗန်းမော်ခရိုင် မန်ဝိန််းမြို့ တရုတ်ဖက်ခြမ်းရှိ နောင်တောင်း ကချင်စစ်ပြေးဒုက္ခသည် စခန်းအချို့ကို နေရပ်ပြန်ကြရန်် တရုတ်အုပ်ချုပ်ရေးအာဏာပိုင်များက အမိန့်ပေးနေကြောင်း ဒုက္ခသည်များ ပြောသည်။

kachin_refuee_laying_yunna

နောင်တောင်း (Nongdao) ရှိဒုက္ခသည်စခန်း ၂ခုဖြစ်သော ယန်လု (Yang Lu)နှင့် လော့ဖိုင် (Law Hpai) စခန်းတွင် တရုတ်အုပ်ချုပ် ရေးအရာရှိများနှင့်စစ်သားများ ၃၀ ခန့် လာရောက်ပြီး မိမိနေရပ် (သို့) စခန်းပြောင်း ရွှေ့ ပေးဖို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း နောင်တောင်း ဒုက္ခသည်ကူညီရေး ကော်မတီဝင်များပြောသည်။

ထိုသို့နေရပ်ပြန်ရန်အမိန့်ပေးနေခြင်းသည် လျှပ်စစ်မီးကို ကောင်းမွန်စွာအသုံးမပြုတတ်သောကြောင့် ပြဿနာဖြစ်လာမည်စိုး၍သော်၄င်း၊ ကူးစက်ရောဂါများ ပြန့်ပွားလာမည်ကိုစိုးရိမ်ခြင်းကြောင့်သော်၄င်း၊ ဒုက္ခသည်စခန်းအနီးရှိ တရုတ်ဒေသခံများ၏ စိုက်ခင်းများမှ ဟင်းရွက်များခူးယူစားသုံးခြင်းနှင့်လက်ရှိပူး ပေါင်းအသုံးပြုနေသောရေပိုက်များကို မဆင်မခြင်အသုံးပြုခြင်း စသည့် ပြဿနာများကြောင့် ဖြစ်သည်ဟု  နောင်တောင်း ဒုက္ခသည်ကူညီရေး ကော်မတီဝင် ဆရာခွန်ထွန်းပြောသည်။

“အခုသူတို့ပြောင်းခိုင်းတဲ့ စခန်းနှစ်ခု အနီးမှာက ဒီဒေသကလူတွေလုပ်ထားတဲ့ ခြံခင်းတွေရှိတယ်။ အဲဒီခြံခင်း မှာဒီစခန်းက လူအချို့ကသွားပြီး ဖရဲသီးတွေ သွားခူးစားပေးတာတွေလုပ်တယ်တဲ့။ ပြီးတော့ သူတို့တရုတ် တွေနဲ့ ပေါင်းကိုင်နေတဲ့ ရေပိုက်တွေကို ကြိုက်သလိုလုပ်ပေးတယ်တဲ့။ ပြီးတော့ စစ်တပ်စခန်းနဲ့ လည်းနီးတယ် ဒီစခန်းမှာ ဖျားနာတာတွေ သူတို့ပြည်သူတွေကို ကူးမှာကြောက်တယ်တဲ့ ကူးစက်လာရင် သူတို့တာဝန်မယူနိုင် ဘူးတဲ့ အဲဒါတွေကြောင့် ပြောင်းခိုင်းတာဖြစ်တယ်” ဟု ပြောသည်။

သို့သော် ၎င်းစခန်းအနီးရှိ တရုတ်စစ်တပ်စခန်းမှ တရုတ်စစ်ဗိုလ်ကြီးများမူ စခန်းသို့ရောက်ရှိလာချိန်တွင် ရာဇဝတ်မှုမှအပ ပြောင်းရွှေ့ခြင်း ကိစ္စကိုမပြောပဲ ၎င်းစခန်းရှိ ဒုက္ခသည်များကိုသာကောင်းမွန်စွာစောင့် ရှောက်ရန် ပြောဆိုထားကြောင်း သိရသည်။

“ဒီမနက်တောင် ဒီနားက ဗိုလ်ကြီးတွေလာသွားတယ်။ သူတို့က ဒုက္ခသည်တွေကို ကောင်းကောင်းစောင့် ရှောက် ကြည့်ရူပါတဲ့။ တစ်ကယ်လို့များ ဒီမှာ ဘိန်းရောင်းတာတွေရှိရင်တော့ သူတို့ကို အကြောင်းကြားပေး ပါတဲ့။ ပြီးတော့ ပြည်သူလူထုတွေရဲ့ အဝင်အထွက်ကိုလည်း ကောင်းကောင်းအုပ်ချုပ်ပါဆိုပြီး လာပြောတယ်။ အခုကျနော်တို့ကို မောင်းနေတာက အုပ်ချုပ်မူပိုင်းဆိုင်ရာက လူတွေဖြစ်တယ်” ဟု ဆရာခွန်းထွန်းကဆက် ပြောသည်။

ထိုသို့ တရုတ်အုပ်ချုပ်ပိုင်းဆိုင်ရာများမှ ထိုစခန်းနှစ်ခုတို့တွင် ဇူလိုင် ၆- ၈ ရက်နေ့ထိ သုံးကြိမ် မိမိ်နေရပ် (သို့) လနာ့ဇွပ် (Lana Zup) ဘက်သို့ ပြောင်းရွှေ့ပေးရန် ပြောကြားထားသောကြောင့် ဒုက္ခသည်များစိုးရိမ်နေသည်။

ထို့ပြင် ကချင်ပြည်နယ် လနာ့ဇွပ် (Lana Zup)  ဘက်သို့ပြောင်းရွှေမည်ဆိုပါက အပြောင်းအရွှေ့ကအစ တာဝန်ယူပေးမည်ဟု ပြောဆိုခဲ့သော်လည်း ဒုက္ခသည်များသည် ပြောင်းရွှေ့ရန် ဆန္ဒမရှိသေးကြောင်း ပြောဆိုနေကြသည်။

“မနေ့ကလည်းလာတယ်။ ဟိုတနေ့ကလည်း ရွှေလီမြို့က အုပ်ချုပ်ရေးမှူးနဲ့ နောင်တောင်းမြို့ကအုပ်ချုပ်ရေး မှူး တွေလာပြီး ပစ္စည်းတွေအကုန်သိမ်းထားပါ။ မနက်ဖြန်လနားဇွပ်ဘက်ကို ပြောင်းဖို့လုပ်ပါဆိုပြီးပြောထား တယ်” ဟု အထက်ပါဆရာပြောသည်။

ထိုသို့လာပြောထားသော်လည်း ဒုက္ခသည်များသည် ယခု မိုးရာသီချိန်လည်းဖြစ်ပြီး ကလေးများလည်း ကျောင်းတက်ချိန်ဖြစ်သောကြောင့် ထိုသို့ပြောင်းရွှေမည်ဆိုပါက ကလေးများ၏ ပညာရေးမှာလည်းတပိုင်းတစ ဖြစ်မည်ကိုစိုးရိမ်ကြောင်း ပြောင်းရွှေ့မည်မဟုတ်ကြောင်း သိရသည်။

“သူတို့ဒီနေ့ပြန်လာမယ်လို့ပြောတယ် ဒါပေမယ့် ခုထိတော့ မလာသေးဘူး။ သူတို့လာရင်လည်း ကျနော်တို့ ဘက်ကတော့ မပြောင်းဖို့ ကောင်းကောင်းတောင်းပန်ပြီး ပြောမယ်။ သူတို့ဘယ်လိုပဲလာပြောပြော သီးခံပြီးနေ အုံးမယ်။ ကျနော်တို့ အနေနဲ့လည်း တတ်နိုင်သလောက်တော့ တောင်းပန်ပြီး ဒီမှာပဲနေဖို့စဉ်းစားထားတယ််” ဟု ဆရာခွန်းထွန်းပြောသည်။

နောင်တောင်းမြို့ရှိ ကချင်စစ်ပြေးဒုက္ခသည်စခန်းများမှာ ခဒေါင်းပါ (Hka Dawng Pa)၊ ငါးနောင်းပါ (Nga Nawng Pa)၊ ယန်လု(Yang Lu)၊ နာကောင်ကောင့် (Na Kawng Kawng)၊ လော့ဖိုင် (Law Hpai)၊ လုံကရောတ် (Lung Krawk) ဒုက္ခသည်စခန်းများဖြစ်သည်။

၎င်းတို့သည် တိုက်ပွဲများကြောင့် မန်မော် (ဗန်းမော်)မြို့နယ်၊ အင်မောက် (မိုးမောက်)မြို့နယ်၊ မန်ဂျေ (မံစီ)မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်(ရှမ်းမြောက််)များမှ ထွက်ပြေးခိုလှုံလာနေကြသူများဖြစ်သည်။

နောင်တောင်းဒုက္ခသည်စခန်းများတွင် အိမ်ထောင်စု ၉၈၂ စု၊ လူဦးရေပေါင်း  ၄၅၉၆ ဦးရှိပြီး ၎င်းတို့၏ စားဝတ်နေရေးအတွက် တရုတ်နိုင်ငံမှ နှစ်ခြင်းခရစ်ယာန်အဖွဲ့များ၊ မြစ်ကြီးနားမှ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)မှ အကူညီထောက်ပံ့ပေးနေပြီး ဆက်လက်၍လည်း အကူအညီလိုအပ်နေသော စခန်းများ ဖြစ်သည်ဟု စခန်းတာဝန်ရှိသူများပြောသည်။

Most read this week