စစ်တွေရဲစခန်း တိုက်ခိုက်မူ ဖမ်းဆီးခံရသူ ၁၈ ဦးကို ဇူလိူုင် ၅ ရက်နေ့ ရုံးတင်မည်

စစ်တွေရဲစခန်း တိုက်ခိုက်မူ ဖမ်းဆီးခံရသူ ၁၈ ဦးကို ဇူလိူုင် ၅ ရက်နေ့ ရုံးတင်မည်
by -
နိရဥ္စရာ

စစ်တွေမြို့ မြို့မ ရဲစခန်းအား တိုက်ခိုက်သူများဟု စွပ််စွဲ ဖမ်းဆီးခံထားရသူ ၁၈ ဦးကို ဇူလိူင်လ ၅ ရက်နေ့ တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

demonstration-in-front-police-station-in-sittwe
သူတို့အား ၆ (၁) ပုဒ်မ ပြည်သူပိုင် ပစ္စည်းများ ဖျက်ဆီးမူဖြင့် တရားစွဲဆိုမည်ကြောင်း အမည်မဖေါ်လိုသူ ဥပဒေဝန်ထမ်း တစ်ဦးက ပြောသည်။

စစ်တွေမြို့ နာဇီရွာစျေးတွင် စျေးခွန် မတရား ကောက်ခံမူကို ဆန့်ကျင် အရေးဆိုသူ ရခိုင်တိုင်းရင်းသားများ  တိုးတက်ရေးပါတီမှ ဦးအောင်သန်းဝေအား မသမာသူများက ဖမ်းဆီးသွားသည်ဆိုသော သတင်းကြောင့် ဇွန်လ (၃) ရက်နေ့ ညနေတွင် စစ်တွေ အမှတ် (၁) ရဲစခန်းကို ၀ုိင်းဝန်းတိုက်ခိုက်ရာမှ အဆိုပါ လူ ၁၈ ဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

၎င်းဖြစ်စဉ်တွင်ရဲက သေနတ်ပစ်ပြီး လူစုခွဲသဖြင့် အနည်းဆုံး လူ  ၁၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး ၄ ဦီးမှာ ဒဏ်ရာ ပြင်းထန်သဖြင့် ရန်ကုန် အရိုးကု ဆေးရုံကြီးသို့ ယူဆောင်သွားခဲ့ရသည်။

လတ်တလော ရခိုင်ဖြစ်စဉ်တွင် ရဲစခန်းးကို တိုက်ခိုက်၍ ဖမ်းဆီးခံရသူ ၁၈ ဦး အပါအဝင် ဖမ်းဆီးခံရသူမှာ ရခိုင်လူမျိုး ၅၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ကျောက်တော်မှ လူ ၈ ဦးကိုလည်း ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားသည်။

တောင်ကုတ် ဖြစ်စဉ်တွင် မသင်္ကာသူ လူပေါင်း ၃၀ ကို ရဲက ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောကြားထားသည်။

Most read this week