ယူအန် အပါအဝင် နိုင်ငံခြား အန်ဂျီအိုများ ရခိုင်မြောက်ပိုင်းတွင် ပြန်လည် အခြေစိုက်မည်ကို ဒေသခံ တိုင်းရင်းသားများ အလိုမရှိ

ယူအန် အပါအဝင် နိုင်ငံခြား အန်ဂျီအိုများ ရခိုင်မြောက်ပိုင်းတွင် ပြန်လည် အခြေစိုက်မည်ကို ဒေသခံ တိုင်းရင်းသားများ အလိုမရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့့် ဘူးသီးတောင် မြို့နယ်များတွင် ယူအန် အဖွဲ့အစည်းများနှင့် တခြားနိုင်ငံခြား အန်ဂျီအို အဖွဲ့အစည်းများ ပြန်လည် အခြေစိုက်မည်ကို ဒေသခံ ရခိုင်တိုင်းရင်းသား အများစုက မလိုလားကြောင်း နိရဥ္စရာသို့ စာအားဖြင့် ဖြစ်စေ၊ နှုတ် အားဖြင့် ဖြစ်စေ ပေးပို့ရာ တွင် ဒေသခံများက ဖေါ်ပြကြသည်။

Victims-of-Unrest-in-Maungdaw-Township1
ယခုကဲ့သို့ မလိုလားကြောင်းမှာ ယူအန် အပါအဝင် နိုင်ငံခြား အန်ဂျီအိုများ အနေဖြင့် ဒေသခံ တိုင်း ရင်းသားများအား ခွဲခြား ဆက်ဆံသည့် အပြင် ယခု အကြမ်းဖက် ဆူပူတွင် အန်ဂျီအို ၀န်ထမ်း တချို့ နောက်ကွယ်မှ ပါ၀င် ပတ်သက်မူ ရှိနေ၍ ဖြစ်သည်ဟု မောင်တော ဒေသခံ တစ်ဦးက ပြော ကြားသည်။

“ အခု ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မူမှာ အန်ဂျီအို တချို့က ၀န်ထမ်းတွေ ပါ၀င်ပတ်သက်မူ ရှိနေ တယ်။ ဒါကြောင့် အာဏာပိုင်တွေက ဖမ်းဆီး ထိ်န်းသိမ်းခဲ့ရပါတယ်။ သူတို့က ဘယ်လို ပါ၀င်ပတ် သက်နေသလဲ ဆိုရင် အင်တာနက် အီးမေးလ်တွေက တဆင့် တောင်ကုတ်က မမှန်တဲ့ သတင်းတွေ၊ ဓါတ်ပုံတွေကို ယူပြီး ဒေသခံ မွတ်လင်တွေကို ခုလို ဆူပူမူ ဖြစ်အောင် ဖြန့်ဝေတယ်။ အားပေး အားမြှောက်လုပ်တယ်။ ဒါကြောင့် ခုလို ဆူပူတွေ ဖြစ်လာ ဖြစ်တယ်” ဟု မောင်တော ဒေသခံက ပြောသည်။

တစ်ဘက်နို်င်ငံရှိ တရားမဝင် အဖွဲ့အစည်းများနှင့် တချို့ ၀န်ထမ်းများမှာ ဆက်နွယ်ပတ်သက်မူ ရှိနေကြောင်း တာဝန်ရှိသူများက သံသယ ရှိနေသည်ဟု  သူက ပြောကြားသည်။

၎င်းပြင် ယူအန် အဖွဲ့အစည်းများနှင့် နိုင်ငံခြား အန်ဂျီအိုများသည် မြန်မာ အစိုးရအား လူ့အခွင့်အရေး ချိုးဖေါက်ပြီး  ခွဲခြားဆက်ဆံမူ ရှိနေသည်ဟု စွပ်စွဲပြီး တဘက်တွင် သူတို့ကိုယ်တိုင်က ခွဲခြား ဆက် ဆံမူများ ကျင့်သုံးနေသည်ဟု ဒေသခံများက ပြောပြသည်။

“ ပြောရမယ်ဆိုရင်- ယူအန်နဲ့ နိုင်ငံခြား အန်ဂျီအိုတွေက အလုပ်ခေါ်တယ်ဆိုပါတော့။ သွားလျှောက် ရင် အရည်အချင်းသာပေမယ့် ရခို်င်တိုင်းရင်းသားတွေကို အလုပ်မခန့်ဘူး။ သူတို့က ဘင်္ဂလီတွေ ကိုဘဲ ခန့်တယ်။ ဒါ့ပြင် ရခိုင်တိုင်းရင်းသားတွေကို စားစရာ မရှိပေမယ့် သူတို့က မထောက်ပံ့ဘူး။ ဘင်္ဂလီတွေကိုဘဲ ထောက်ပံ့တယ်။ ရွာတစ်ရွာတည်းမှာ အတူနေပေမယ့် ရခို်င်သားတွေကို မထောက် ပံ့ဘူး။ သူတို့က ဒီလို ခွဲခြား ဆက်ဆံမူတွေ ဒီလို လုပ်ထားတာ ဖြစ်တယ်” ဟု တခြား ဒေသခံ တစ်ဦးကလည်း ဖုံးမှ တဆင့် နိရဥ္စရာသို့ ပြောသည်။

၎င်းပြင် ယူအန် အဖွဲ့အစည်းများနှင့် နိုင်ငံခြား အန်ဂျီအိုများတွင် တာဝန် ထမ်းဆောင်သူ ဒေသ အတွင်းက အရာရှိ အများစုသည်  အဆိုပါ နိုင်ငံခြား အဖွဲ့အစည်းများ၏ အဆောင်အယောင်များကို အသုံးပြုပြီး ဒေသခံ တိုင်းရင်းသားများ အပေါ် စော်ကားခြင်း၊ မောက်မောက်စွာ ဆက်ဆံခြင်း၊ မထီမဲ့မြင်် ပြုခြင်း၊ အဖက်မတန်သလို ဆက်ဆံခြင်းများကို အစဉ်အမြဲ ပြုလုပ်ခဲ့သည် ဟု ဒေသခံ များက ပြောသည်။

ယခုကဲ့သို့ ပြုမူခြင်းများသည် ဒေသခံများ၏ မကျေနပ်မူကို ပိုမို ကြီးထွားစေပြီ ဒေသအတွင်း လူမျိုးရေး ပတိပက္ခကို ပိုမို ဖြစ်စေသည်ဟု လူမူရေး လုုပ်ငန်းဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

“ ရခိုင်တိုင်းရင်းသားတွေလည်း အုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မူကို အကြီးအကျယ် ခံနေကြရတယ်။ အဲသ လို အခြေအနေမျိုးမှာ တစ်ခါ နိုင်ငံခြားကလာတဲ့ ယူအန်် အဖွဲဲ့အစည်းတွေ၊ နိုင်ငံခြား အန်ဂျီအို တွေက လည်း သူတို့ အပေါ် ခွဲဲခြား ဆက်ဆံတော့ ပိုပြီး မကျေနပ်မူက တိုးပွားလာတယ်။ အဲသလို မကျေ နပ်မူတွေဟာ ဘယ်သူ့ဆီကို ရောက်သွားသလဲဆိုတော ဒေသအတွင်းမှာနေတဲ့ ဘင်္ဂလီတွေ ဆီကို ရောက်သွားတယ်။ ဖိနှိပ်ခံနေရချင်း အတူတူ ဒီလို နိုင်ငံခြား အန်ဂျီအိုတွေကပါ ခွဲခြား ဆက်ဆံ မူကို ခံရတာဟာ သူတို့ကြောင့်ဆိုပြီး မျက်မုန်းကျိုးပြီး ရန်ငြိုးတွေ ထားလာတယ်။ ဒီလို အန်ဂျီအိုတွေ ရဲ့ ဒေသအတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာ အပေါ်မှာ သေချာ မလေ့လာဘဲ တဖက်စောင်းနင်း လုပ်တဲ့ အတွက် ခုလို မုန်းတီးမူတွေ၊ ရန်လိုမူတွေ ပိုမို  ကြီးထွားလာတာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ သုံးသပ်မိပါတယ်” ဟု ပြောသည်။

ယူအန် အဖွဲ့အစည်းများ နိုင်ငံခြား အန်ဂျီအိုများသည် လူမျိုး နှစ်မျိုး အကြားတွင် တဘက်ကို အထူး ဦးစားပေး ဆက်ဆံပြီး တခြား တဘက်ကို မျက်ကွယ်ပြုထားသဖြင့် လူမျိုးနှစ်မျိုးအကြားတွင် သဟဇာတ မဖြစ်ဘဲ တစ်ဘက်နှင့် တဘက်အကြားတွင် ပိုပြီး အမြင်စောင်းလာကာ ပဋိပက္ခကို ပိုမို ကြီးထွားလာစေသည်ဟု သူက ဆက်ပြောသည်။

၎င်းပြင် နိုင်ငံခြားမှ လာရောက် လုပ်ကိုင်နေသော ဆေးဘက်ဆိုင်ရာ အန်ဂျီအို အများစုသည် လည်း ဒေသခံ တိုင်းရင်းသားများထက် ဘင်္ဂလီ လူမျိုးများအား ပိုမို၍ ကျန်း မာရေး စောင့်ရှောက်ပေးပြီး ခွဲခြားဆက်ဆံမူများကို အကြီး အကျယ် ပြုလုပ်နေ သည်ဟု ဒေသခံများ က စွပ်စွဲ ပြောဆိုသည်။

ယခုကဲ့သို့ ယူအန် အဖွဲ့အစည်းများ အပါအဝင် နိုင်ငံခြား အန်ဂျီအိုများ အနေဖြင့် ဒေသခံ တိုင်းရင်းသားများ အပေါ် ခွဲခြား ဆက်ဆံမူများ ပြုလုပ်ထားသဖြင့် ယခု ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားစဉ် သူတို့၏ လုံခြံုရေးကို စိတ်မချ စိုးရိမ်ရာမှ သူတို့၏ ၀န်ထမ်းများကို အမြန်ဆုံး ရခိုင်ပြည်နယ်ထဲမှ ရုတ်သိမ်းကာ ရန်ကုန်သို့ ရွှေ့ပြောင်းသွားကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ ယူအန် လက်အောက်ခံ အဖွဲ့အစည်းများနှင့် နို်င်ငံခြား အန်ဂျီအိုများ လက်ရှိ ဆူပူ အကြမ်း ဖက်မူကြောင့် ထွက်ပြေးခဲ့ကြရသော ဒုက္ခသည်များ အရေးကို အကြောင်းပြကာ ရခိုင်ပြည် နယ်သို့ ပြန်လည် ၀င်ရောက်လာသော်လည်း သူတို့၏ အကူအညီ အပေါ် ဒေသခံ တိုင်းရင်း သားများက အထူးမျှော်လင့်ချက် မထားကြောင်း သိရသည်။

မောင်တောမြို့ အလိုတော်ပြည့်ကျောင်းထိုင်ဆရာတော်မှ သူ့ကျောင်းရှိ ဒုက္ခသည်များအတွက်  နိုင်ငံခြား အန်ဂျီအိုများမှ လှူဒါန်းသော အကူအညီများကို လက်မခံကြောင်းကို မြန်မာ အစိုးရ အရာ ရှိများနှင့် နိုင်ငံခြား အန်ဂျီအို တချို့ လာရောက် အကူအညီများ လှူဒါန်းစဉ် တရားဝင် ထုတ်ဖေါ်  ပြောကြားသည်ဟု သိရသည်။ ဤသည်ကိို ကြည့်ခြင်းအားဖြင့် နိုင်ငံခြား အန်ဂျီအိုများ အပေါ် ဒေသခံ တိုင်းရင်းသားများက မည်မျှ နာကျည်းနေသည်ကို ပေါ်လွှင်စေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယခုတစ်ကြိမ်တွင်လည်း ယူအန် အပါအဝင် နိုင်ငံခြား အန်ဂျီအိုများသည် သူတို့ ပေါ်လစီကို  အပြောင်းအလဲ မလုပ်ဘဲ ဒေသခံ တိုင်းရင်းသားများ အပေါ် ယခင်ကကဲသို့ ခွဲခြား ဆက်ဆံ လာမည်ဆိုပါက ဒေသခံ တိုင်းရင်းသားများ၏ မကျေနပ်မူများသည် သူတို့ဆီသို့ ဦးတည် သွားနိုင်ဖွယ် ရှိကြောင်း အများက ထင်မြင် ယူဆနေကြဟု သိရသည်။

Most read this week