ဘူးသီးတောင်တွင် မိုးကြီး ရေနစ်၍ စျေးကြီးတွင် ဆုံးရှံုးမူများရှိ

ဘူးသီးတောင်တွင် မိုးကြီး ရေနစ်၍ စျေးကြီးတွင် ဆုံးရှံုးမူများရှိ
by -
နိရဥ္စရာ

မိုးကြီးရာမှ မေယူမြစ်ရေ လျှံတက်လာသဖြင့် ဘူးသီးတောင်မြို့ စျေးကြီးကို ရေနစ်ရာမှ ပျက်စီး ဆုံးရှံုးမူ တချို့ ရှိကြောင်း သိရသည်။

လွန်ခဲ့သောနှစ်က ဘူးသီးတောင် မြို့ပေါ်တွင် ရေကြီးနေစဉ်။ ( ဓါတ်ပုံ- နိရဥ္စရာ)
“မနေ့က ညနေမှာ ရေတက်လာတဲ့ အတွက် စျေးကြီး တစ်ခုလုံး နစ်သွားခဲ့ပါတယ်။ ဂိုဒေါင်တွေနဲ့ ဆိုင်တွေမှာ သိုလှောင်ထားတဲ့ ပစ္စည်းတချို့ ပျက်စီး ဆုံးရှံုးမူ ရှိပါတယ်။  ဆိုင်တိုင်းလိုလိုမှာ ရေနစ်တဲ့ အတွက် ပျက်စီးတာတွေ ရှိပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

မနေ့ညနေ ၁၁ နာရီခန့်တွင် ရေတက်လာပြီး စျေးကြီး အပါအဝင် ရပ်ကွက် တချို့ကို ရေနစ်ခဲ့သည်ဟု ဆိုသည်။

“ စျေးကြီးတစ်ခုလုံး အပြင်  အမှတ် (၃) ရပ်ကွက်သစ်၊ အမှတ် (၄)  ရပ်ကွက်သစ် တို့လည်း ရေနစ်ခဲ့ပါတယ်။ ဒီနေ့က မိုးတိတ်သွားတော့ ရေက ပြန်ကျသွားတယ်။ ဟိုနှစ်ကလို အခြေအနေက မဆိုးခဲ့ပါဘူး” ဟု သူက ဆိုသည်။

အခုအခါ ရေနစ်၍ ပျက်စီးသွားသော ပစ္စည်းများထဲမှ အသုံးပြု၍ ရနိုင်သော ပစ္စည်းများကို စျေးဆိုင် ပိုင်ချင်များမှ ရွှေးထုတ်နေကြသည်ဟု မျက်မြင် တစ်ဦးက ပြောသည်။

မောင်တောမြို့တွင်လည်း ရေနစ်ခဲ့ပြီး ကန်များ ရေလျှံပြီး ပေါက်ကျခြင်း၊ တံတားများ ကျိုးပျက်ခြင်း၊ ကားလမ်းများ ရေနစ်နေကြောင်း သိရသည်။

မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေချ့်နိုင်ငံတွင်  မိုးရွာပြီး ရေကြီး သဖြင့် သေဆုံးသူ ၉၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်းဌာနများက သတင်း ထုတ်ပြန်သည်။ သေဆုံးသူများ အထဲတွင်  မြန်မာနဲ့ နယ်စပ် ချင်းထိစပ်နေသော ကော့စ်ဘဇားခရိုင်မှာ ၃၆ ယောက်၊ ဘင်ဒရိုဘင် (ရွာတော် ခရိုင်) မှာ ၃၃ ယောက်နှင့် စစ်တကောင်း ၂၇ ယောက်ဖြစ်ကြောင်း သိရသည်။

အများစုမှာ မြေပြို၍ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ပျောက်ဆုံးနေသူများလည်း ရာချီ ရှိနေကြောင်း သိရသည်။

Most read this week