မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေလျှံ

မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေလျှံ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ဇွန်လ ၂၃ ရက်ညမှစ၍ ဧရာဝတီမြစ်ရေလျှံလာသောကြောင့် မြစ်နားဘေးရှိ ဒေသခံများ နေအိမ်သို့ ရေဝင်လာပြီး အခက်ခဲရင်ဆိုင်နေရသည်။

myitkyina-flood5_600_400
ဧရာဝတီမြစ်အထက်ပိုင်းတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေများတက်လာပြီး မြစ်ဘေးရှိ ရပ်ကွက်များ ပစ္စည်းများရွှေ့ပြောင်း၍ တိမ်းရှောင်နေကြသည်။

မြစ်ဘေးရှိ စီတာပူရက်ကွက်တွင် ညသန်းခေါင်အချိန်တွင် ရေဝင်လာသောကြောင့် ပစ္စည်းသိမ်းဆည်းခဲ့ရပြီး ဆက်လက်လျှံလာမည်ကိုစိုးရိမ်ပူပန်နေကြောင်း ဒေသခံတစ်ဦးပြောသည်။

“မိုးကအဆက်မပြတ်ရွာနေတယ်။ ရေကဘယ်အချိန် ဝင်လာမယ်မသိဘူး ပစ္စည်းတွင်ကိုတော့ အားလုံးအိမ်ပေါ် တင်ထားတယ်။ မိုးလည်း သည်းကြီးမည်းကြီးရွာနေတယ် ရေတော့ကြီးလာမယ်ထင်တယ်။ ဧရာဝတီမြစ်လည်း ရေတအားတက်နေတယ်” ပာု ပြောသည်။

ရေများတဖြည်းဖြည်း လျှံတက်လာနေခြင်းကြောင့် မြစ်ကြီးနားမြို့မြစ်ရေကြီးမှုဖြစ်လာနိုင်ပြီး အခြေအနစိုးရိမ်း ရသည်ဟု မြို့အတွင်း သတိပေးကြေညာပေးနေကြောင်းသိရှိ ရသည်။

မြစ်ကမ်းဘေးနားတွင် ရေများဝင်လာပြီး အိမ်၊ ဆိုင်များမြုပ် သွားသောကြောင့် ပစ္စည်းများသိမ်းယူပြီ ရေမရှိသောနေအိမ်များသို့ ပြောင်းရွေ့ထွက်ပြေးနေရကြောင်သိရသည်။
myitkyina-flood
ရေကြီးမှုပြဿနာတွင် ပိုမိုခက်ခဲရင်ဆိုင်နေရသောသူများသည် ဒုက္ခသည်များဖြစ်ပြီး ယမန်နေ့တွင် ဧရာဝတီမြစ်ဘေးတစ်လျှောက် ရပ်ကွက်တချို့သည်မြစ်ရေဝင်လျက်ရှိပြီး ရေပိုမိုကြီးလာမည်ကို စစ်ပြေးဒုက္ခသည်များသည်လည်း စိုးရိမ်ပူပန်စွာစောင့်ကြည့်နေကြသည်။

“စစ်ဘေးရှောင်လို့မပြီးသေးဘူး။ အခုပြန် ရေဘေးကြောင့် ပစ္စည်းများရွေ့ရတာနဲ့ အရမ်းဒုက္ခရောက်နေရ တယ်” ပာု စစ်ဘေးရှောင်နေသူတစ်ဦးပြောသည်။

 မြစ်ဆုံအထက်ပိုင်း မေခ မလိခမြစ်ကမ်းဘေး တစ်လျှောက် လွမ်းမိုးမှုကြောင့် နေအိမ်များရေမြုပ်သွားပြီး ရွှေတူးစက်များလည်း မြုပ်သွားသောကြောင့် ဒေသခံများနှင့် စီပွားရေးကုန်သည်များ ဒုက္ခရောက်နေကြ ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် ရေကြီးမှုပြဿနာသည် မိုးရာသီအတွင်း နှစ်စဉ်ကြုံနေရပြီး ၂၀၀၄ ခုနှစ်တွင် ဧရာဝတီမြစ်ရေလျှံသောကြောင့် ဒေသခံများ ပစ္စည်းပျက်စီးဆုံးရှုံးမှု သေဆုံးမှုနှင့် အခက်ခဲများ များစွာရင်ဆိုင်ခဲ့ရသည်။

Most read this week