သိန်း ရ၀၀ ကျော် တန်ဖိုးရှိမူးယစ်ဆေးများ ကေအိုင်အို မီးရှို့ဖျက်ဆီး

သိန်း ရ၀၀ ကျော် တန်ဖိုးရှိမူးယစ်ဆေးများ ကေအိုင်အို မီးရှို့ဖျက်ဆီး
by -
ကချင်သတင်းဌာန

ယမန်နေ့ကျရောက်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဗိုလ်ချုပ် ဂမ်ရှောင် ဦးဆောင်ပြိီး မုန်းဆိုင်ယန်အနီး ဖဂါခချောင်း (Hpaga Hka)တွင် ကျပ်ငွေ သိန်း ရ၀၀ကျော်တန်ဖိုး ရှိသော မှုးယစ်ဆေးများ မိီးရှို့ဖျက်ဆီးခဲ့သည်။

anti-drug-kio-4_600_400
ဖမ်းဆီးထားသည့် ဘိန်းဖြူ ၃၁၇ ကီလို မြန်မာငွေတန်ဖိုး ၂၆၅၀၀၀၀၀၊ ဘိန်း (မဲ) ၁၈ ကိီလို ကျပ်ငွေ ၂၈၄၀၀၀၀၀၊ ရာမ ၂၀၂၀၀ လုံး ကျပ်ငွေ ၂၃၉၁၁၀၅၂ နှင့် ခတ်ဘုံ ၅၂ လုံးတို့ကို မိီရှှို့ဖျက်ဆီးခဲ့ခြင်းဖြစ် ကြောင်း ကေအိုင်အေ အရာရှိများပြောသည်။

တိုက်ဖျက်ရေးနေ့တွင် ဘိန်းဖျက်ဆေးရုံ ကျောင်းဆောင်ဖွင့်ပွဲနှင့်အတူ ဇွန်၂၆ ရက် အဂါင်္နေ့ နံနက် ၈ နာရီမှ ၁၀ နာရီခွဲထိပြုလုပ်ပြီး လူဦးရေ ၈၀၀ ခန့်တက်ရောက်ပါ၀င်ခဲ့ကြသည်။

၎င်းမှုးယစ်ဆေးတိုက်ဖျက်သည့် အခမ်းအနားသို့ တရုတ်ပြည်မှ အရာရှိ (၅) ဦးလည်းပါဝင်ခဲ့ကြောင်း လိုင်ဇာဌာနချုပ်ရှိ ကေအိုင်အေ ဗိုလ်မှူး ဂရန်နော်အောန်ပြောသည်။

“ဘိန်းစားသူများနှင့် ဘိန်းရောင်းသူများကို ဖမ်းထားဒါ ၁၀၀ ပတ်ဝန်းကျင်ထဲရှိတယ်။ ဗဟိုဌာနမှာဘဲ။ အချိန်ပြည့်ဖမ်းတယ်။ ရောင်းသူများကို ဒဏ်ရိုက်တယ်။ အချုပ်ခန်းထဲထည့်တယ်။ သောက်သူများကို ဖြတ်ပေးတယ်။ ကောင်းလာသူများကို စိုက်ပျိုးရေးနှင့် လက်မှုများသင်ပေးတယ်။”

ကေအိုင်အေ တပ်မဟာ (၂) အခြေစိုက်တနိုင်းမြို့အောင်လောဒ်ကျေးရွာတွင်လည်း ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရရှိထားသည့် ဘိန်း(မဲ) ၂၆ ပိဿာ၊ ရာမဆေးပြား ၄၀၉ ကို တပ်ထု လူထုများနှင့်ပူးပေါင်း၍မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံများပြောသည်။
anti-drug-kio-2_600_400
ထို့ပြင် တက်ရောက်လာသောသူများကို အခမ်းအနားတွင် မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့် ဆိုးကျိုးများကို ပညာပေးဆွေးနွေးမှုအစီစဉ်များ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့  KIAသည် အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားချိန်တွင်း မှုးယစ်ဆေးဝါးစိုက်ပျိုးသည့် ဆဒုန်းဇုံနယ်တွင် ဧက ၆၆၀၃၅၊ လိုင်ဇာဇုံနယ်တွင် ၂၀၈၅.၅နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ၃၈၅ ဧက ဖျက်ဆီးခဲ့ပြီး သီးသန့်တပ်ဖွဲ့သည်လည်း ဧက ၅၇၁ ဖျက်ဆိီးခဲ့ကြောင်း ကေအိုင်အ အရာရှိပြောသည်။

“ဗဟိုဌာနချုပ် လိုင်ဇာအတွင်း ဘိန်းရောင်းတာတွေ မရှိတော့ဘူး။ ဘိန်းစားတွေမရှိသလောက်ဘဲ။ နယ်စပ်ဆိုတော့ တယောက်တလေ တော့ရှိတယ်။ ဖမ်းမိရင်တော့ ဖမ်းတယ်။ အရေးယူတယ်။ ပစ္စည်းတွေပျောက်တာ ဆိုင်ကယ်တွေတာတွေမရှိတော့ဘူး”

ကချင်လွတ်လပ်ရေးတပ်ဖွဲ့သည် အစိုးရတပ်နှင့် စတင် တင်းမာလာချိန်ကစ၍ ဘိန်းတိုက်ဖျက်ရေးအစီစဉ်များ ကို ကေအိုင်အေ ထိန်းချုပ်နယ်မြေတွင်း ပြုလုပ်နေခြင်းဖြစ်သည်။

KIA ဗဟိုဌာနချုပ်လိုင်ဇာနှင့် အခြား KIO/KIA ထိန်းချုပ်နယ်မြေတွင် မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို နှစ်စဉ် နှစ်တိုင်းပြုလုပ်လျက်ရှိပြီး ၎င်းတိုက်ဖျက်ရေးနေ့ကို ၂၀၁၀ အောက်တိုဘာလမှ ပြင်းထန်စွာ ပြုလုပ်လာခဲ့သည်။

Most read this week