တည်ငြိမ်စပြုနေသော စစ်တွေတွင် ၃ ရက်မြောက် မီးရှို့မှု ဖြစ်ပွား

တည်ငြိမ်စပြုနေသော စစ်တွေတွင် ၃ ရက်မြောက် မီးရှို့မှု ဖြစ်ပွား
by -
နိရဥ္စရာ

ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ရက်ပေါင်းမျာစွာ တည်ငြိမ် နေခဲ့သော စစ်တွေမြို့တွင် ဇွန်လ ၂၀ ရက်နေ့မှ စတင်ကာ မီးရှို့မူ ပြန်ဖြစ်ပွားရာ ယမန်နေ့ကလည်း စစ်တွေ လေယာဉ်ကွင်း အနီးတွင် မီးရှို့မူ တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

A-fire-truck-arrives-at-a-site-where-houses-are-on-fire-in-Sittwe
“ စစ်တွေ လေယာဉ်ကွင်း  အနီးက အုန်းတောမှာ ဖြစ်ပါတယ်။ များများတော့ မလောင်ဘူး။ သူတို့အိမ် ကို သူတို့ လာရှို့တယ်လို့ သိရပါတယ်။ နောက်မီးသတ်ကားက အချိန်မှီ ရောက်လာတော့ မီးက ငြိမ်းသွားပါ တယ်။” မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ  ၂၀ ရက်နေ့က စစ်တွေတွင် မီးလောင်မှုတခု ထပ်မံဖြစ် ပွားခဲ့သည်။

မီးလောင်မှုမှာ အောင်မင်္ဂလာရပ်ကွက် ဦးအောင်ထွန်းဦးလမ်းနှင့် မင်းဘာကြီးလမ်းကြား စစ်တွေတက္ကသိုလ် ဟောင်းအနီးတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံလူငယ်တဦးမှ ပြောသည်။

“မီးလောင်မှုဖြစ်တာက ဇွန်လ ၂၀ ရက်၊ ညဉ့် ၁၀ နာရီခန့်မှာ အစိုးရအမှု ထမ်းတွေ နေတဲ့နေ ရာမှာ ဖြစ်တာပါ။ မီးထဲ အိမ်တချို့ ပါသွားပါတယ်။ သက်ဆိုင်ရာက မီးသတ်တပ်ဖွဲ့က အချိန်မီ မီးငြိမ်း လိုက်နိုင်ပါတယ်။ အကြီးအကျယ်ပျက်စီး တာတော့ မရှိဘူး” ဟုပြောသည်။

အဆိုပါရပ်ကွက်၌ အစိုးရအမှုထမ်းများ ဖြစ်သည့် ပင်စင်စား၊ ရဲဝန်ထမ်း၊ ဟိုတယ်ဝန်ထမ်း များ နေထိုင်သည့် ရပ်ကွက်ဖြစ် သည်။

“မီးလာရှို့တာက ဘင်္ဂလီ အမျိုးသမီး တဦးဖြစ်တယ်။ အဲဒီရပ်ကွက်ထဲကို ၀န်ထမ်းတဦးရဲ့ အဝတ်ကို ၀တ်ဆင်ပြီး လာလျှို့ခဲ့တာပါ။ မီးလောင်မှုဖြစ်ပွားစဉ် အတွင်း ရဲတွေက အဲဒီအမျိုးသမီးကို ဖမ်းဆီး လိုက်နိုင် ပါတယ်” ဟုပြောသည်။

မီးရှို့မူများမှာ ဇွန်လ ၂၀ ရက်နေ့မှ စ၍ ကွက်ကြားကွက်ကြား ပေါ်ပေါက်နေပြီး သက်ဆိုင်ရာနှင့် မီး သတ်တပ်ဖွဲ့မှ အချိန်မီ သွားရောက် ငြိမ်းသတ်နေရသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဇွန်လ ၁၉ ရက်နေ့အထိ သေဆုံးသူ ၆၂ဦး၊ အိုး အိမ်စွန့်ခွာ ထွက်ပြေး သူ ၉ သောင်းကျော်နေပြီး ဖြစ်ကြောင်း သိရသည်။

အစိုးရမှ ရခိုင်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက် ဆူပူမူကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ပြီဟုဆိုသော် လည်း  လုံခြံုရေးအင်အား နည်းပါးမူကြောင့် တချို့ နေရာများတွင် ဆူပူ အကြမ်းဖက်မူများ ဆက်လက် ဖြစ်ပေါ်နေကြာင်း သိရသည်။

Most read this week