ရသေ့တောင်တွင် အသတ်ခံရသူ အလောင်း ၁၀ လောင်း ယနေ့ ရှာဖွေ ရရှိ

ရသေ့တောင်တွင် အသတ်ခံရသူ အလောင်း ၁၀ လောင်း ယနေ့ ရှာဖွေ ရရှိ
by -
နိရဥ္စရာ

ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ  ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြောင်း သတင်း ရရှိသည်။

locmap_KUDAUNG
“ ရရှိတဲ့ အလောင်းက ၁၀ လောင်း ဖြစ်ပါတယ်။ တစ်လောင်း မီးရှို့ သတ်ထားတဲ့ အတွက် အရိုးဘဲ ရပါတယ်။ ကျန်ခုနှစ်လောင်းကလည်း ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့ အတွက် မှတ်မရတော့ဘူး။  နှစ်လောင်းကိုဘဲ မှတ်ရပါတယ်” ဟု ဒေသခံ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ယခုအခါ အလောင်းများကို အနောက်ပြင် မွတ်ဆလင်ရွာမှ ကူတောင်သို့ သယ်ယူလာကြပြီ ဖြစ်ကြောင်း သူက ဆိုသည်။

“ အလောင်းတွေကိုတော့ ကူတောင်ကို အခုဘဲ သယ်ယူလာပါပြီ။ ဒီနေ့ဘဲ သဂြိုလ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

သေဆုံးသူများ သန္တာအောင်၊ မောင် အောင်အောင်ထွန်း ၊ ဦးတင်လှိုင် (စစ်မှုထမ်းဟောင်း)၊ ဦးစိုးသန်း (အလယ်တန်းပြ ကျောင်းဆရာ)၊ ဦးပြူးချေ (အရပ်သား)၊ မောင် ကျော်မင်းထွန်း (ဗွီဒီယို မင်းသား)လောင်းချောင်းကျေးရွာ၊၊ ဦးသောင်းရွှေထွန်း (အရပ်သား)၊ ဦးသန်းရွှေ (အရပ်သား)၊ ဦးသန်းဝင်း (အရပ်သား) နှင့် ဦးထွန်းဘော် (အရပ်သား) တို့ ဖြစ်ကြသည်။

ဦးသိန်းဟန် (ကျောင်းဆရာ (ငြိမ်း)၏ အလောင်းအား အခင်း  ဖြစ်ပွားသည့် ဇွန်လ ၁၉  ရက်နေ့ ရရှိခဲ့သည်။

ဒဏ်ရာ ရရှိသူများမှာ ဦးကျော်ဝင်း (ဒဏ်ရာပြင်းထန်-စစ်တွေဆေးရုံသို့ ပို့)၊ ဦးဌေးချေ (ဒဏ်ရာရ-ယမ်းထောင်းသေနတ် ဒဏ်ရာ)၊ ဦးလှထွန်းသိန်း (အတွင်းလူနာ-ယမ်းထောင်းသေနတ် ဒဏ်ရာ) တို့ ဖြစ်ကြောင်း သိရသည်။

Most read this week