မြစ်ကြီးနားရှိတရုတ်လူမျိုးများ ကချင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ ကျော်ကူညီ

မြစ်ကြီးနားရှိတရုတ်လူမျိုးများ ကချင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ ကျော်ကူညီ
by -
ကချင်သတင်းဌာန

မြစ်ကြီးနားမြို့ပေါ်ရှိ တရုတ်လူမျိုးများမှ ကချင်စစ်ဘေးသင့်ဒုက္ခသည်များအတွက် ဇွန်လ ၁၈ ယမန်နေ့က မြစ်ကြီးနားကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရုံး KBC သို့ ကျပ်ငွေ သိန်း ၂၀၀ ကျော်  ပေးအပ်လှူဒါန်းခဲ့သည်။

kachin-refugee-myitkyina
ထိုလှူဒါန်းငွေများသည် မြစ်ကြီးနားမြို့ရှိ တရုတ်အိမ်ထောင်စုများနှင့် တရုတ်ကျောင်းသူကျောင်းသားများမှ စုပေါင်းကာပေးလှူခြင်း ဖြစ်ကြောင်းသိရသည်။

တရုတ်အိမ်ထောင်စုများထံမှ ကောက်ခံ ရရှိသော ကျပ်ငွေ သိန်း နှစ်ရာ့တစ်ဆယ်( ၂၁,၀၀၀,၀၀၀)နှင့်  တရုတ်အထက်တန်းကျောင်းသူကျောင်းသား များထံမှ ကောက်ခံရရှိသော ကျပ်ငွေ လေးသိန်းခုနှစ်သောင်း (၄၇၀,၀၀၀)ကို လက်ခံရရှိခဲ့ကြောင်း KBC အတွင်းရေးမှူး ဆရာခလမ်ဆမ်ဆွန်ပြောသည်။

 “သူတို့ပြောတာက ကချင်လူမျိုးတွေ တိုက်ပွဲဖြစ်ပြီး စစ်ပြေးဒုက္ခရောက်နေတာလည်း တစ်နှစ်ရှိပြီ ဒါပေမဲ့ အခုချိန်ထိ ကျွန်နော်တို့ တရုတ်လူမျိုးတွေလာရောက်ပါ၀င်ကူညီတာ မရှိဘူး။ အဲဒါကြောင် ့စိတ်မကောင်းဘူး အဲဒါကြောင့် လာရောက်ကူညီတာဟုတ်တယ် လို့ပြောတယ်” ဟု ဆရာခလမ်ဆမ်ဆွန် ကချင်သတင်းဌာန သို့ပြောသည်။

တရုတ်အမျိုးသားများမှ ယခုလိုကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် မြန်မာအစိုးရကြား ဖြစ်ပွားနေသောတိုက်ပွဲ ကြောင့် အိုး၊ အိမ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည်များအတွက် ကူညီပေးခဲ့ခြင်းသည် ပထမအကြိမ်လည်း ဖြစ်ကြောင်း KBC ဆရာများမှသိရသည်။

၎င်းထောက်ပံ့ငွေများကို သက်ဆိုင်ရာ တရုတ်လူကြီး ၂၇ ယောက်တို့က မြစ်ကြီးနားကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်ရုံး KBC သို့ ယမန်နေ့က လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့လှူဒါန်းသော ထောက်ပံ့ငွေများကို KBC မှ ယခုချိန်လိုအပ်နေသော ပညာရေးနှင့်ပတ်သက်ပြီး အခက်အခဲရှိနေသော ဒုက္ခသည်များသို့ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ဇူလိုင်လတွင်လည်း  တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယင်ဂျန်းစီရင်စုအာဏာပိုင်များက ယွမ်ငွေ တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၅၆၂၅) ခန့်တန်ဖိုးရှိ ဆေးဝါးများကို တရုတ်နယ်စပ်ရှိ ကချင်ဒုက္ခ သည်များအ တွက် ကူညီထောက်ပံ့ပေးခဲ့သည်။

ဇွန် ၉ ရက်မှစတင်ခဲ့သည့်  အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ပြည်တွင်းစစ်ကြောင့် အစိုးရထိန်းချုပ် နယ်မြေ ၀ိုင်းမော်၊ မြစ်ကြီးနား၊ ဗန်မော်မြို့တို့တွင် ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များ ၂ သောင်း ခန့်ရှိပြီး ဆက်လက်တိုးလာနေဆဲဖြစ်ကြောင်း ဒုက္ခသည်ကြည့်ရှုစောင့်ရှောက်နေသူများပြောသည်။

Most read this week