အိန္ဒိယမှ ရခိုင်ကရင် ရဲဘော် ၃၁ ဦး နယ်သာလန်သို့ ထွက်ခွာမည်

အိန္ဒိယမှ ရခိုင်ကရင် ရဲဘော် ၃၁ ဦး နယ်သာလန်သို့ ထွက်ခွာမည်
by -
နိရဥ္စရာ

အိန္ဒိယ နိုင်ငံတွင် နှစ်ပေါင်း ၁၀ ကျော်ကြာ အကျဉ်းခံခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကူအညီဖြင့် နေထိုင်နေကြသော ရခိုင်နှင့် ကရင် ရဲဘော်များမှာ နယ်သာလန် နိုင်ငံတွင်အခြေချ နေထိုင်ရန် ယနေ့  ညဉ့်တွင် ထွက်ခွာတော့မည်ဖြစ်သည်။

34-comrads-free-Kolkata-Presidential-Prison-in-India
အဆိုပါ ရဲဘော်များမှာ မနက်ဖန် (ဇွန်လ ၁၉)ရက် နံနက် အိန္ဒိယစံတော်ချိန် ၁ နာရီခန့်တွင် ထွက်ခွာတော့ မည် ဖြစ်ကြောင်း ခေါင်းဆောင်တဦး ဖြစ်သူ ကိုဓညလင်းက  ပြော သည်။

“ ကျွန်တော်တို့ ဇွန်လ ၁၉ ရက်နေ့ ထွက်မှာပါ။ စုစုပေါင်း ၃၁ ဦးပါ ။ နှစ်ယောက်ကတော့ အင်တာဗျူးမှာ Reject  ကျတယ်။ ဒါကြောင့် သူတို့ နှစ်ဦးတော့ ကျန်နေဦးမယ်။”

အိန္ဒိယတွင် ဆက်လက် ကျန်ရှိရမည့် ရဲဘော်နှစ်ဦးမှာ ရခိုင်အမျိုးသားတဦးဖြစ်သူ ကို ခိုင်စံသိန်းနှင့် ကရင် အမျိုးသားတဦးဖြစ်သူ ကိုတိုးတိုးတို့ ဖြစ်သည်။

ယခုကဲ့သို့ တတိယနိုင်ငံတခုကို ထွက်ခွာရမည်ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမှု ရှိကြောင်းလည်း ကိုဓညလင်း က ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ကတော့  မျော်လင့်ချင်တွေထားလို့ နည်းနည်းတော့ ၀မ်းသာမိပါတယ်။ သို့သော်ကျွန်တော် တို့ ဒီလိုသွားရဖို့အတွက် နှစ်ရှည်လများ ထောင်ထဲမှာနေခဲ့ရတယ်။ ကျွန်တော်တို့ ဒီအိန္ဒိယကိုလာတာ လည်း ဒီလို နိုင်ငံခြားကိုသွားဖို့ လာတာမဟုတ်ပါ။ ကျွန်တော်တို့ ဒီနေ့ နိုင်ငံခြားကို ထွက်သွားရမှာ ဖြစ်တဲ့အတွက် ကျဆုံး သွားတဲ့ ခေါင်းဆောင် ၆ ဦးနဲ့ ရခိုင်ပြည်သူတွေအတွက် ဆက်ပြီးမလုပ်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိ ပါ တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် စနေနေ့က သူတို့အား ၀ိုင်းဝန်းကူညီပေးကြသည့် အိန္ဒိယရောက် မြန်မာ အသိုင်းအဝိုင်းများအား ကျေးဇူးတင်သည့်အနေဖြင့် နှုတ်ဆက်ပွဲ အခမ်းအနားတခုကိုလည်း ကျင်းပခဲ့ကြသည်။

နယ်သာလန်နိုင်ငံသို့ ရောက်ရှိသွားသော်လည်း မြန်မာအဖွဲ့အစည်းများအပါအဝင် တခြားနိုင်ငံတကာ အဖွဲ့အ စည်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံရေးအတွက် ဆက်လက်လုပ်ဆောင်မည်ဟုလည်း ကိုဓညလင်းက ပြော သည်။

Most read this week