စစ်တွေ၊ မောင်တောနှင့် ကော့စ်ဘဇား သတင်း

စစ်တွေ၊ မောင်တောနှင့် ကော့စ်ဘဇား သတင်း
by -
နိရဥ္စရာ

ဇွန်လ ၁၄ ရက်နေ့နဲ့ ဇွန် ၁၅ ရက်အကြား ညဉ့် ၁ နာရီမှာ စစ်တွေ မြို့သူကြီး ရပ်ကွက် (ခေါ်)  ရွေပြား ရပ်ကွက်ကို မွတ်ဆလင် တချို့က ၀င်ရောက်မီးရှို့တဲ့ အတွက် နေအိမ် (၆) လုံးမီးထဲ ပါသွားခဲ့ပါတယ်။ သူတို့အိမ်ကို သူတို့ မီးလာရှို့ပြီး အသင့်စောင့်နေတဲ့ စက်လှေနဲ့ ထွက်ပြေးသွားတယ်လို့ ပြောပါတယ်။

Coxsbazar-view
တရားသီးစု ရပ်ကွက် လမ်းပေါ်မှာ ကင်းယူနေတဲ့ ရခိုင် လူငယ် (၇) ဦးကို အာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားတာ ခုချိန််ထိ ပြန်မရောက်သေးဘူးလို့ သိရပါတယ်။

မောင်တောမှာတော့ အမှတ် (၅) ရပ်ကွက်က ဗလီမှာ ဘုရားဝတ်ပြုဖို့ လာတဲ့ လူ ၅ ဦးပါ အဖွွဲ့ တစ်ဖွဲ့ကို ရဲက မိုးပေါ်ထောင်ပစ်ပြီး ဟန့်တားတဲ့ အတွက် လူစု ခွဲပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

မောင်တောမြို့ပြင် မြို့သူကြီး ရပ်ကွက်မှာတော့ စစ်သားတွေ အလုံးအရင်း ရောက်နေပြီး တပ်ဖြန့်ချထား တယ်လို့ ပြောပါတယ်။  ဒီကနေ့ဟာ သောကြာနေ့ ဖြစ်တဲ့ အတွက် ဆူပူမူတွေ ထပ်ဖြစ်မှာကို စိုးရိမ်တဲ့ အတွက် အခုလို လာရောက်ကြတာ ဆိုတာကတော့ သဲကွဲစွာ မသိရသေးပါဘူး။

ဒီကနေ့ ဘင်္ဂလာဒေချ့်က ထုတ်တဲဲ့ The Daily Star သတင်းစာမှာ Myanmar Claims Jammat Link ခေါင်းစဉ်နဲ့ သတင်း တစ်ပုဒ်ပါလာပါတယ်။

အဲဒီ သတင်းမှာ ဘင်္ဂလာဒေချ့် ပါလီမာန်မှာ နိုင်ငံခြားရေ ၀န်ကြီး ဒီပူရ် မူနီက မနေ့က ပြုလုပ်တဲ့ ပါလီမာန် မှာ အခု မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ ပြဿနာကို ဘင်္ဂလာဒေချ့် ဘာသာရေး ပါတီ တစ်ခုဖြစ်တဲ့ ဂျာမတ် အီစလန်မစ် အဖွဲ့က ဘင်္ဂလာမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေကို လက်နက်တွေ ကူညီပြီး ဆူပူအောင်လုပ်တယ် ဆိုပြီး မြန်မာ အစိုးရက စိုးရိမ်ကြောင်း သူနိုင်ငံရဲ့ သံတမန်တွေကို ထုတ်ဖေါ်  ပြောတယ်လို့ပြောဆိုသွား ပါတယ်။ အခုလို ပြောဆိုတာတွေ ရှိနေတဲ့ သူ့နိုင်ငံ လုံခြံုရေး အတွက် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံက လူတွေကို လုံးဝ လက်ခံလို့ မရဘူးလို့ ပြောဆို သွားခဲ့ပါတယ်။

ကော့စ်ဘဇားခရိုင်မှာ ရှိတဲ့ ရခိုင်ရွာတွေမှာ လုံခြံုရေး အထူးတင်းကျပ်ထားပြီး ရခိုင်တွေကို ဒီကနေ့မှာ အိမ်ပြင်ကို မသွားလာဖို့  ရဲအဖွဲ့က တိုက်တွန်းထားပါတယ်။ စျေးဆိုင်တွေကိုလည်း ပိတ်ထားခဲ့ကြပါတယ်။ ဒီနေ့ သောကြာနေ့ ၀တ်ပြု အပြီးမှာ ဘာသာရေး ခေါင်းဆောင်တွေက ဆန္ဒပြဖို့ ခွင့်တောင်းတာကို ဒေသ အာဏာပိုင်တွေက ခွင့်မပြုဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကော့စ်ဘဇားမှာ အခြေအနေဟာ ငြိမ်နေတယ်လို့ ပြောပါတယ်။

ဘင်ဒရိုဘင် ခရိုင် နတ်ကျောက်ဆရီမြို့နယ် အတွင်းက မြန်မာနိုင်ငံနဲ့ နီးစပ်တဲ့ ရွာတွေမှာတော့ ရွာကို စွန့်ခွာသွားတဲ့ ရခိုင်တွေ ရှိသလို အများစုကတော့ သတိနဲ့ နေထိုင်နေကြတယ်လို့ သိရပါတယ်။

Most read this week