သံတွဲ ဂျိတ်တော သောက်ရေကန် အဆိပ်ခတ်ခံရ

သံတွဲ ဂျိတ်တော သောက်ရေကန် အဆိပ်ခတ်ခံရ
by -
နိရဥ္စရာ

သံတွဲ မြို့နယ် ဂျိတ်တော ကျေးရွာ သောက်ရေကန် အဆိပ်ခတ်ခံရကြောင်း သတင်း ရရှိသည်။

ယခုကဲသို့ အဆိပ်ခတ်ခံရမူကြောင်း ကန်ထဲရှိ ငါးများ သေဆုံးသွားကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ကိုကြီးသန်းက ပြောသည်။

အဆိပ်ခတ်မူကို မွတ်ဆလင် လူငယ် ၂ ဦးက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သူက စွပ်စွဲ ပြောကြားသည်။

“ ကျွန်တော်တို့က လက်ပူး လက်ကြပ် မိတာတော့ မဟုတ်ပါဘူး။  ဒါပေမယ့် သံတွဲ့ မွတ်ဆလင် လူငယ်နှစ်ဦးကို ပုံးတွေ အထုတ်တွေနဲ့  ရေကန်ကနေ ပြန်သွားတာကို တွေ့ရတဲ့ အတွက် သူတို့ လက်ချက် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့  ပြောလို့ ရပါတယ်” ဟု ကိုကြီးသန်းက ပြောသည်။

အဆိုပါ အဆိပ်ခတ်သူ နှစ်ဦး ထွက်သွားပြီးနောက် ကန်ကို သွားကြည့်ရာ ငါးများ သေဆုံးနေသည်ကို တွေ့ရကြောင်းသူက ပြောသည်။

ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး ရဲကို မတိုင်ကြားသော်လည်း ရပ်ရွာထဲတွင် စုဝေးတိုင်းပင်မူများ ပြုလုပ်နေကြောင်း သိရသည်။ ဂျိတ်တောမှာ သံတွဲမှ ၁၀ မိုင်ကျော်ဝေးပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသော ရွာတန်းရှည် ရွာ ဖြစ်ကြောင်း သိရသည်။

မောင်တောတွင် ဇွန်လ ၉ ရက်နေ့က သောက်ရေကန်ကို အဆိပ်ခတ်ရန် စီစဉ်နေသည်ကို လုံခြံုရေး တပ်ဖွဲ့မှ  ကြိုတင် တားဆီးနိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါ ဖြစ်စဉ်တွင် ကန်စောင့်နေသူ ဦးစောရွှေမောင်ကို အကြမ်းဖက်သူများက သတ်ပစ်ခဲ့ကြောင်း သိရသည်။

Most read this week