ဘင်္ဂလာဒေချ့်နိုင်ငံ နယ်စပ်တလျှောက်ရှိ ကျေးရွာများတွင်လည်း လုံခြံုရေး ကင်းများချ

ဘင်္ဂလာဒေချ့်နိုင်ငံ နယ်စပ်တလျှောက်ရှိ ကျေးရွာများတွင်လည်း လုံခြံုရေး ကင်းများချ
by -
နိရဥ္စရာ

မြန်မာ နယ်စပ် အနီး တည်ရှိသော ဘင်္ဂလာဒေချ့်ဘက်ခြမ်းရှိ ရခိုင်နှင့် ဘင်္ဂလီ ကျေးရွာများတွင်လည်းလုံခြံု ရေး ကင်းများချကာ မိမိ ရပ်ရွာကို မိမိ စောင့်ရှောက်နေကြသည်ဟု သိရသည်။

Bangladesh-Rakhaine-Budhist-temple
အထူးသဖြင့် ရခိုင်နှင့် ဘင်္ဂလီများ အနီးကပ် နေထိုင်သော နတ်ကျောက်ဆရီ မြို့နယ် အတွင်းရှိကျေးရွာများ တွင် ထိုသို့ ကင်းများချပြီး ရပ်ရွာများ၏ လုံခြံုရေးကို လုပ်ဆောင်နေကြသည်ဟု ဆိုသည်။

“ ရခိုင်ဘက်မှာ ဖြစ်နေတာကို ဒီက လူတွေ အကုန်လုံး ကြားသိနေကြတယ်။ ဒါကြောင့် တယောက်နဲ့ တယာက် မယုံလို့တော့ မဟုတ်ဘူး။ ကြားက လူတွေ ၀င်လာပြီး ပြဿနာ လုပ်ရင် ဒီဘက်မှာလည်း  မလိုလား အပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အတွက် ရွာတိုင်းမှာ အခု ကင်းရှိပါတယ်” ဟုနတ်ကျောက် ဆရီ ဒေသခံ တစ်ဦးက ပြောသည်။

ဘင်္ဂလာဒေချ့် နိုင်ငံရှိ ဒေသခံများ အကြားတွင်လည်း  မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တွင် ဖြစ်ပွားနေသော ဆူပူ  အကြမ်းဖက်မူများကြောင့် စိုးရိမ်မူများ တိုးပွားနေကြသည်ဟု သိရသည်။

နတ်မြစ်ကမ်းခြေ တလျှောက်ရှိ ကျေးရွာများနှင့် ကော့စ်ဘဇားမြို့တွင် အစိုးရက လုံခြံုရေး တိုးမြှင့်ထား သော်လည်း နယ်ဘက်ပိုင်းတွင် တည်ရှိသော ကျေးရွာများတွင် လုံခြံုရေးမဲ့နေသဖြင့် ထိုသို့ ကင်းများချကာ ရပ်ရွာများကို ကာကွယ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဘင်ဒရိုဘင် ခရိုင် လမားမြို့တွင်လည်း အာဏာပိုင်များက မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက် မည်ကို စိုးရိမ်သဖြင့် သူတို့ ဒေသအတွင်း ယခင်ကတည်းက ၀င်ရောက်နေထိုင်သူ မြန်မာနိုင်ငံမှ မွတ်ဆလင်များအား ကားသုံးစီးဖြင့် ယူကာ နယ်စပ် ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ခဲ့သည်ဟု မျက်မြင် အမျိုးသမီး တစ်ဦးက ပြောသည်။

Most read this week