ဒေါက်တာ ထွန်းအောင် မောင်တောတွင် ဖမ်းဆီးခံရ

ဒေါက်တာ ထွန်းအောင် မောင်တောတွင် ဖမ်းဆီးခံရ
by -
နိရဥ္စရာ

မောင်တောတွင် ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်ကို အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိသည်။

set-fire-at-Tha-Zin-Guest-House-near-Maungtaw-City-Hall-at-about-2-pm-on-8-June
ယနေ့ နေ့လည် ၁၂ နာရီခွဲခန့်က နစက ဒုကွပ်ကဲရေးမှူးမှ သုံးမိုင် UNHCR ရုံးထဲမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု မျက်မြင်များက ပြောသည်။

ဒါက်တာ ထွန်းအောင် ဖမ်းဆီးရခြင်းမှာ သောကြာနေ့ ၀တ်ပြု ဆုတောင်းပွဲကို မည်သည့် တစ်ခုမှ မဖြစ်စေရဟု အာမခံပြီးအာဏာပိုင်များထံမှ ပြုလုပ်ခွင့်တောင်းခဲ့ကြောင်း၊ အာဏာပိုင်များမှ သူအာမခံချက်ဖြင့် ပြုလုပ်ခွင့် ပေးခဲ့ကြောင်း၊ သို့ရာတွင် ဆုတောင်းပွဲ အပြီးတွင် ဆူပူမူူများ ပေါ်ပေါက်လာသဖြင့် သူ့အား ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဒေသခံ မြို့ခံ တစ်ဦးက ပြောသည်။

သို့သော်လည်း အာဏာပိုင်များ၏ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးသဖြင့် သူအဖမ်းခံရသော အကြောင်းအရင်းကို အတည်ပြုနိုင်ခြင်း မရှိပါ။

ဒေါက်တာ ထွန်းအောင်အား ယခုအခါ ကျီးကန်းပြင် နစကဌာနချုပ်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ယူအန်တွင် အလုပ် လုပ်ကိုင်နေသူ ဒေါက်တာထွန်းအောင် သမီးဖြစ်သူအားလည်း မောင်တောမှ စစ်တွေသို့ အပြန်တွင် စစ်တွေမြို့တွင် အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

Most read this week