ငါးခူရတွင် ဒုက္ခသည် ၆၀၀ ခိုလုံ

ငါးခူရတွင် ဒုက္ခသည် ၆၀၀ ခိုလုံ
by -
နိရဥ္စရာ

မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ဘုန်းတော်ကြီး ကျောင်းတွင် ဒုက္ခသည် ၆၀၀ ခန့် ခိုလုံနေကြောင်း သတင်း ရရှိသည်။

Maungdaw-Clash-photo-by-Narinjara

“ အများစုက မိ်န်းမတွေနဲ့ ကလေးတွေ ဖြစ်ကြပါတယ်။ စုစုပေါင်း ၆၀၀ ခန့်ရှိပါတယ်” ငါးခူရ ဒေသခံက ပြောသည်။

ရခိုင်ပြည်နယ် အနှံ့အပြားတွင် မတည်ငြိမ်မူများနှင့် အတူ မီးဟုန်းဟုန်း တောက်လောင်လျှက်ရှိသည်။

သူတို့နေထိုင်ရာ ကျေးရွာများတွင် တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပွားမူ မရှိသေးသော်လည်း လုံခြံုရေးကို စိုးရိမ်သဖြင့် အမျိုးသမီးများနှင့် ကလေးများက ယခုကဲ့သို့ လာရောက်ခိုလုံနေကြခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ ဒီမှာတော့ ပြဿနာ ဖြစ်ပွားတာတော့ မရှိသေးဘူး။ လောင်တုံးဆိုတဲ့ ရွာမှာတော့ ဒီလ ၉ ရက်နေ့က ဆူပူလိုတဲ့ သူတွေက မီးရှို့ဖို့ လုပ်ပါတယ်။ ပထမပိုင်းမှာတော့ နစက ကနေ မိုးပေါ် ထောင်ပစ်တယ်။ မရဘူး။ နောက်ပိုင်းမှာ နစကနေ တည့်တည့်ပစ်တယ်။ ထိသွားတော့ မလုပ်ရဲတော့ဘူး။ အဲဒီနောက်ပိုင်းမှာ အမျိုးသမီးနဲ့ ကလေးတွေကို ဒီကို ပြောင်းထားကြတယ်” ဟု သူက ဆက်ပြောသည်။

အမျိုးသားများမှာ ကျေးရွာများတွင် ရွာကို စောင့်ပြီး ကျန်နေခဲ့ကြသည်ဟု သူက ဆိုသည်။

သူတို့အနေဖြင့် လက်ရှိ လိုအပ်ချက်များကိုလည်း သူက ယခုလို ပြောသည်။

“ ကျွန်တော်တို့ အဓိက လိုနေတာက ဆန်နဲ့ လုံခြံုရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဆန်က တစ်နေ့ကို သုံးအိတ်လိုပါတယ်။ ကြာလာတော့ မလွယ်ဘူးထင်ပါတယ်။ လုံခြံုရေးလည်း ဒီထက် တိုးချထားဖို့ လိုပါတယ်” ဟု ပြောသည်။

ငါးခူရ ဘုန်းတော်ကြီးကျောင်းတွင် ခိုလုံနေကြသော ကျေးရွာများမှာ ခံပြင်၊ ကပ်ပကောင်း၊ ရေမျှက်တောင်၊ စံပယ်ပင်ရင်း၊ အောက်ပြုးမ၊ အထက်ပြူးမ၊ လောင်းတုံးကျေးတို့ ဖြစ်ကြသည်။ အဆိုပါ ကျေးရွာများမှာ အိမ်ခြေ ၅၀ ၀န်းကျင်ရှိသော ရခိုင် ကျေးရွာများ ဖြစ်ကြသည်

Most read this week