မောင်တောတွင် ဆူပူရန် ကြိုးပမ်းသူများကို လုံထိန်းများက မိုးပေါ် သေနတ်ထောင်ပစ်၍ လူစုခွဲ

မောင်တောတွင် ဆူပူရန် ကြိုးပမ်းသူများကို လုံထိန်းများက မိုးပေါ် သေနတ်ထောင်ပစ်၍ လူစုခွဲ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်  အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် ဆူပူရန် ကြိုးပမ်းသူ လူအုပ်ကြီး တစ်ခုအား လုံထိန်း တပ်ဖွဲ့ဝင်များက သေနတ် ပစ်ဖေါက်ကာ လူစုခွဲလိုက်ရကြောင်း သတင်း ရရှိသည်။

မောင်တောမြို့လယ် တစ်နေရာ ( ဓါတ်ပုံ- နိရဥ္စရာ)
“ ဒီနေ့  သူတို့ ရွှေဇားက ဗလီကြီးမှာ ၀တ်ပြု ဆုတောင်းလို့ အပြန်မှာ  ဆူပူမူ ဖြစ်တာပါ။ နေ့လည် ၁ နာရီခန့်မှာ ဖြစ်တာပါ။ လုံထိန်းတပ်ဖွဲ့က မိုးပေါ်ကို ထောင်ပစ်တော့ လူအုပ်ကြီးက ပြိုကွဲသွားပါတယ်” မောင်တော ဒေသခံက တစ်ဦးက နိရဥ္စရာကို ပြောသည်။

အဆိုပါ လူအုပ်ကြီးသည် ကမ္ဘောဇဘဏ်ကို ခဲများနှင့် ပေါက်ပစ်ခဲ့ကြပြီး ရခိုင် ထမင်းဆိုင် တစ်ချို့ကိုလည်း ဖျက်ဆီးခဲ့ကြသည်ဟု ဆိုသည်။

“ ကျွန်တော်တို့ ရပ်ကွက်ကိုလည်း မူဆလင် လူတစ်ရာခန့် ၀င်လာပြီး ဂဲတွေနဲ့ လာပစ်ပါတယ်။ လုံထိန်းတပ်ဖွဲ့က သုံးလေးချက် မိုးပေါ်ကို ထောင်ပစ်တဲ့ အတွက် လူစုကွဲပြီး ထွက်သွားကြပါတယ်” ဟု အမှတ် (၁) ရပ်ကွက်မှ တခြား ဒေသခံ ရခိုင်တစ်ဦးကလည်း ပြောသည်။

သေနတ်ပစ်ဖေါက်ပြီးနောက် လူစုကွဲသွားသော်လည်း မောင်တောမြို့တွင် အခြေအနေမှာ တည်ငြိမ် မရှိဘဲ ဖြစ်နေပြီး လုံခြံုရေးကို တင်းကျပ်စွာ ချထားကြောင်း သိရသည်။

ဘူးသီးတောင်တွင်လည်း ယနေ့အခြေအနေမှာ ခါတိုင်းနှင့် မတူဘဲ အစ္စလာမ်ဘာသာဝင်များ၏ စျေးဆိုင်များ ကို ပိတ်ထားခြင်း၊ သူတို့ ကျောင်းသားများ ကျောင်းမလာခြင်းတို့ကြောင့် ခါတိုင်းနေ့များထက် ထူးခြားမူ အနည်းငယ် ရှိနေကြောင်း သိရသည်။

သို့သော်လည်း လုံခြံုရေးကို ထူထပ်စွာ ချထားသဖြင့် စိုးရိမ်စရာ မရှိကြောင်း ဦးဇင်းသောမက  ပြောသည်။

မူဆလင်ဘာဝင်များ၏ မောင်တော ဆူပူမူမှာ တောင်ကုတ်တွင် ဖြစ်ပေါ်ခဲ့သော လူသတ်မူနှင့် သက်ဆိုင် ကြောင်း ဒေသခံများက ပြောသည်။ မောင်တောရဲစခန်းအား  အခြေအနေကို သိရှိရန် ကြိုးစားဆက်သွယ် သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

Most read this week