လားရှိုးမြို့ပေါ် ဒေသခံအာဏာပိုင်အချို့ လူထုထံ ရံပုံငွေအမျိုးမျိုးကောက်နေ

လားရှိုးမြို့ပေါ် ဒေသခံအာဏာပိုင်အချို့ လူထုထံ ရံပုံငွေအမျိုးမျိုးကောက်နေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်၏ ရပ်ကွက် ၁၂ ကောင်းခါးရွာ နယ်မြေမှူးမှာ သာရေးနာရေးအသင်းရုံး ဆောက်လုပ်ရန်အကြောင်းပြကာ ရံပုံငွေမထည့်မနေရ ထည့်ပေးရမည်ဖြစ်ကြောင်း အဓမ္မကောက်ခံသဖြင့် ဒေသခံ လူထု အခက်တွေ့နေရကြောင်း လားရှိုးဒေသခံများကပြောသည်။

လားရှိုးမြို့မြင်ကွ၍်း(ဓါတ်ပုံ- JE (LSO)
“သာရေးနာရေးအသင်းရုံး ဆောက်မယ်တဲ့။ မတည်အလှူရှင် ဦးကျော်ဝင်းလဲ သိန်း ၁၀၀ ထည့်ထားပြီးပြီ။ အခုလဲ လူထုဆီက သူ့စိတ်ကြိုက် ပမာဏသတ်မှတ်ပြီး ရံပုံငွေကောက်ပြန်တယ်။ မထည့်မနေရတဲ့။ အရစ်ကျပေးမယ်ဆို လဲ သဘောမတူပြန်ဘူး ” လားရှိုးဒေသခံ နန်းခိုင်က ပြောသည်။

ယခုလ ၄ ရက်နေ့က ကောင်းခါးရွာ နယ်မြေ ၃ နယ်မြေမှူး ဦးဆန်အောင်က ကောင်းခါးဒေသခံလူထုအား အစည်း အဝေးခေါ်ယူကာ ရံပုံငွေထည့်ပေးရန် ပြောဆိုခြင်းဖြစ်ပြီး၊ ပြည်သူ့စစ်လစဉ်ကြေးကိုလည်း တအိမ် တလ ကျပ် ၃၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု အစည်းအဝေးတက် ရောက်ခဲ့သူ တဦးကပြောပါ သည်။

“၁၀ ဘီးကားရှိတဲ့လူကို ကျပ် ၅ သိန်း၊ ကားပြင်ဆိုင်(ဝေါ့ခ်ရှော့ပ်) ဖွင့်ထားတဲ့အိမ်ဆိုရင် ၃ သိန်း၊ လက်လုပ် လက်စား၊ နေ့စားအလုပ်သမားတွေဆိုရင်ကျပ် ၁ သိန်းထည့်ပေးဖို့ပြောတယ်။ ဒိုင်နမိုရောင်းတဲ့အဒေါ်တ ယောက်ဆိုရင် ၃ သိန်း ပေးဖို့ သတ်မှတ်ပေးတယ်။ အဒေါ်ကြီးက တချို့ရက်တွေမှာဈေးဦးတောင်မပေါက် ဘူး။ အိမ်မှာဘဲ ရောင်းနေတော့ ဈေးကွက်ကြီးလဲ မဟုတ်ဘူး။ ဒါကြောင့်လျော့ပေါ့ပေးဖို့ ငိုယိုတောင်းပန် တောင်မရဘူး။ အရစ်ကျ ပေးမယ်ဆိုလဲ မရဘူး။ တစုတခဲ ပေးရမယ်ပြောတယ် ”အစည်းအဝေးတက် ရောက်သူ၏ ပြောစကားကိုကိုးကား၍ နန်းခိုင်က သျှမ်းသံတော်ဆင့်သို့ပြောသည်။

တခြားရပ်ကွက်များမှာ ပြည်သူ့စစ်ကြေးကောက်ခံခြင်းမရှိဘဲ ကောင်းခါးနယ်မြေ ၃ တခုတည်းပင်  ကောက်နေကြောင်း နန်းခိုင်ကပြောသည်။

နယ်မြေ ၃ ဒေသခံတချို့မှာ မုန့်တီလုပ်ရောင်းသူများဖြစ်ကြပြီး တချို့မှာ ပန်းရံအလုပ်သမားများဖြစ်ကြ သည်။ တချို့မှာ ကြက်သွန်ရောင်း၍ပေးမည်ကြံရာ ကြက်သွန်ဈေးမကောင်းသဖြင့် အရှုံးလည်းပေါ်၊ ရံပုံငွေအတွက်လည်း မလောက် ဖြစ်နေသဖြင့် ကြံရခက်နေကြောင်း၊ နယ်မြေမှူးတယောက်အနေဖြင့် ဒေသခံလူထု၏ အခက်အခဲများ ကိုကူညီဖြေရှင်းပေးစေလိုကြောင်း ကောင်းခါးဒေသခံ စိုင်းအိုက်ဖေက ပြောသည်။

အလားတူ ရပ်ကွက် ၁၂ ကောင်းခါးရွာ နယ်မြေ ၁၉ နယ်မြေမှူး ဦးဆန်ဘသည်လည်း တရုတ်လောပန်း များနှင့် ပူးပေါင်းကာ ဒေသခံများ၏ဘိုးဘွားပိုင်ခြံမြေများကိုဈေးနှိမ်ပေးဝယ်နေသဖြင့်နယ်မြေမှူးအသစ်လဲ ပေးပါရန် ပြီးခဲ့ သည့် ဧပြီလက လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ စာတင်ပေးဖို့ ကျားဖြူပါတီရုံးခန်း ထံအကြောင်းကြား အကူ အညီတောင်းထားကြောင်း ကျားဖြူပါတီအသိုင်းအဝိုင်းထံမှ ကြားသိရသည်။

Most read this week