သံတွဲ GTI မှ ကျောင်းသားများကို အရေးပေါ် နေရပ်ပြန်ပို့

သံတွဲ GTI မှ ကျောင်းသားများကို အရေးပေါ် နေရပ်ပြန်ပို့
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့ရှိ အစိုးရ GTI  တက်ရောက်နေသည့် တခြားမြို့နယ်များမှ ကျောင်းသူ/ ကျောင်းသားများကို အရေးပေါ် အမြန် ရေယာဉ်များနှင့် ၎င်းတို့၏ နေရပ် အသီးသီးသို့ တာဝန်ရှိသူများမှ ပြန်လည် ပို့ဆောင်နေကြောင်း သိရှိရ သည်။

ရပ်ဝေးမှလာရောက် ပညာသင်ကြားနေသည့်ကျောင်းသားများကို မလိခ အမြန်ယာဉ်နှင့်ပို့ပေးလိုက်ကြောင်း ကို မြို့ခံတဦးက ယခုကဲ့သို့ပြောသည်။

“ဟုတ်ကဲ့။ ကျောက်ဖြူ၊ ရမ်းဗြဲဘက်ကကျောင်းသားတွေကို စိုးရိမ်ရတဲ့အတွက် ဒီနေ့ မလိခ အမြန်ယဉ်နဲ့ ပို့ပေး လိုက်တာပါ။ တချို့ကို ရွှေပြည်တန် အမြန်ယာဉ်နဲ့ ပို့ပေးလိုက်ပါတယ်” ဟု ပြောသည်။

တောင်ကုတ်မှ ကျောင်းသားများကို ယမန်နေ့ကတည်းက မိဘများက စိုးရိမ်သည်အတွက် မိမိနေအိမ်သို့ ပြန် လည် ခေါ်ဆောင်ထားပြီ ဖြစ်ကြောင်းလည်း တောင်ကုတ်မြို့ခံတဦးဖြစ်သူ ကိုမင်းအောင်က ပြောသည်။

“ မနေ့ကတည်း ပြန်ခေါ်ထားကြပါတယ်။ မနေ့က သံတွဲမှာတက်နေတဲ့ GTI ကျောင်းသားတွေကို ကား ၄ စီး နဲ့သွားပြီး မိဘတွေက ပြန်ခေါ်ထားကြပါတယ်။ စိုးရိမ်လို့ပါ။”

ယခုကဲ့သို့ ပြန်ပို့နေခြင်းမှာ သံတတွဲ မြို့ခံမူဆလင် ဘာသာဝင်များနှင့် ကျောင်းသားများအကြား ပြဿနာ မဖြစ်ပွားအောင် ပို့ ဆောင်လိုက်ခြင်းဖြစ်ပြီး ကျောင်းကိုလည်း ယာယီ ပိတ်ထားလိုက်ကြောင်း သိရှိရသည်။

တောင်ကုတ်မြို့တွင် ကောလဟာသတင်းများ အမျိုးမျိုးထွက်ပေါ်နေသော်လည်း အခြေအနေမှာ ငြိမ်သက် လျှက်ရှိကြောင်း ကိုမင်းအောင်က ဆက်ပြောသည်။

“ ဒီမှာ လုံခြံုရေးကလည်း ပုံမှန်ပါ ထူးထူးခြားခြားတော ့မတွေ့ရပါဘူး။ ကောလဟာလ သတင်းတွေကတော့ အမျိုးမျိုး ဖြစ်နေတယ်။ သံတွဲဘက်က ကားတွေနဲ့လာတယ်ဆိုတာမျိုးပေါ့။ သံတွဲမှာလည်း မူဆလင်တွေရှိ တယ်ဆိုတော့ သတင်းတွေက အမျိုးမျိုးထွက်နေတယ်။”

မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့ သပြေချောင်းကျေးရွာမှ အသက် ၂၆ နှစ် မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ရပြီး အဆိုပါ သတ်ဖြတ်ခံရမူ အပေါ် မကျေမနပ် ဖြစ်နေသော တောင်ကုတ်မြို့မှ လူအုပ်စု တစုက အပြစ်မဲ့ မူဆလင် ဘာသာဝင်  ၁၀ ဦး ကို ဇွန်လ ၃ ရက်နေ့က သတ်ဖြတ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင်  ရခိုင်ပြည်နယ်အတွင်း အခြေအနေမှာ တင်းမာလျှက် ရှိသည်။

Most read this week