တောင်ကုတ် လူုအုပ်စု တစ်ခု တိုက်ခိုက်မူကြောင့် မွတ်ဆလင် ၈ ဦး သေဆုံး

တောင်ကုတ် လူုအုပ်စု တစ်ခု တိုက်ခိုက်မူကြောင့် မွတ်ဆလင် ၈ ဦး သေဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယမန်နေ့က သံတွဲမှ လာသော ကားတစ်စီးကို တောင်ကုတ်မှ လူအုပ်စု တစ်ခုက တိုက်ခိိုက်ရာ အစ္စလာမ် ဘာသာဝင် ၈ ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

တောင်ကုတ် အဝင် ရိုးလမ်း တစ်နေရာ ( ဓါတ်ပုံ- နိရဥ္စရာ)
ရမ်းဗြဲ မြို့နယ် သပြေချောင်း  ကျေးရွာမှ မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့တွင် လုံဆော် စာများ ထွက်ပေါ်လာပြီးနောက် အဆိုပါ တိုက်ခိုက်မူ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သံတွဲမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော ရိုးမသစ္စာကားသည် ကားဂိတ်မှ ခရီးသည်တင်များ တင်ဆောင်ပြီး နေလည်(၁) နာရီ ထွက်လာကာ တောင်ကုတ်မြို့သို့ ရောက်ပြီး မြို့မှ အထွက် ၅ နာရီခန့်တွင် တိုက်ခိုက် ခံရခြင်း ဖြစ်သည်။

တိုက်ခိုက်ရာတွင် အနည်းဆုံး လူပေါင်း ၂၀၀ ခန့်ပါ၀င်ပြီး ကားကိုလည်း မီးရှို့လိုက်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ် ရဲစခန်းသို့ အသေးစိတ် သိရှိနိုင်ရန် ဖုံး အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။

စစ်တွေမြို့တွင်လည်း ယမန်နေ့က ညက ရဲစခန်းကို လူပေါင်း  (၃၀၀)က ၀ိုင်းဝန်းပြီး အရေးဆိုသော ပြဿနာ တစ်ရပ်ဖြစ်ပွားခဲ့သည်။

“ စက်ရုံစု ရပ်ကွက်မှ အောင်သန်းဝေ ဆိုတဲ့ လူတစ်ဦး နာဇီရွာစျေးမှာ စျေးကောက်နေစဉ် ကုလားတွေ ဖမ်းဆီး သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့ အတွက် ရဲစခန်းကို ၀ိုင်းပြီး ဒီသတင်း ဟုတ်မဟုတ် အမြန်ဆုံး ရှင်းလင်းပေးဖို့ တောင်းဆိုကြပါတယ်” ဟု ရဲစခန်းရှေ့ကို ရောက်နေသူ တစ်ဦးက ပြောသည်။

ရဲစခန်းကို ၀ိုင်းထားသော လူအုပ်မှာ တဖြည်းဖြည်းများလာခဲ့ပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ၀န်ကြီး အဖွဲ့ဝင် ၀န်ကြီးတချို့နှင့် ရခိုင်တိုင်းရင်းသားများ  တိုးတက်ရေး  ပါတီမှ ဒေါက်တာ အေးမောင်တို့ လာရောက် ဖြေရှင်းခဲ့ရသည်ဟု သိရသည်။

“ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် ကျွန်တော်တို့ ဖြေရှင်းနေပါတယ်။ ဦးအောင်သန်းဝေ အသတ်မခံရဘူး။  ရဲစခန်းမှာ ရှိနေတယ်ဆိုတယ်လို့ သိရပါတယ်။ ဒါကို လူထုတွေကို ပြောပေမယ့် လက်မခံဘဲ ဟို  ရမ်းဗြဲမှာ ဖြစ်တဲ့ ကိစ္စဘက်ကို လှည့်လာတဲ့ အတွက် လူထုကြီးကို ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် ထိန်းသိမ်းနေပါတယ်” ဟု အခင်း ဖြစ်ပွားရာသို့ ရောက်နေသော ဒေါက်တာ အေးမောင်က ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ ရမ်းဗြဲမြို့များတွင် အခြေအနေမှာ  ပုံမှန်အတိုင်း ရှိနေကြောင်း သိရသည်။

ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဘက်တွင် အခြေအနေများမှာ ငြိမ်သက်နေသော်လည်း မောင်တောနှင့် ဘူးသီးတောင်တွင် လက်နက်ကိုင် တပ်ဖွဲ့များ အဆင်သင့် အနေအထားဖြင့် တပ်လှန့် ထားကြောင်း မောင်တော ဒေသခံ တစ်ဦးက ပြောသည်။

Most read this week