ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ

ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ
by -
နိရဥ္စရာ

ရဲ ဒုတပ်ကြပ် အဆင့် ရှိသူ တစ်ဦး၏ ရိုက်နှက်မူကြောင့် တောင်ကုတ်မြို့နယ်မှ အသက် ၅၅ နှစ်ရှိ လူကြီးတစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိကာ ဆေးရုံတွင် ငါးချက်တိတိ ချုပ်လိုက်ရကြောင်း ဒေသခံများက နိရဥ္စရာသို့ ပြောသည်။

ဦးခေါင်းမှ ချုပ်ဒဏ်ရာနှင့် ဦးထွန်းနု
ရဲဒုတပ်ကြပ်၏ ရိုက်နက်၍ ဦးခေါင်းကို ငါးချက်တိတိ ချုပ်လိုက်ရသူမှာ တောင်ကုတ်မြို့နယ် ပေါက်ပြင် ကျေးရွာမှ ဦးထွန်းနု ဖြစ်သည်။

အဆိုပါ သတင်းကို လက်ခံ ရရှိပြီးနောက် ကာယကံရှင် ဖြစ်သူ ဦးထွန်းနုကို နိရဥ္စရာမှ ဖုံးထဲမှ တဆင့် ဆက်သွယ်မေးမြန်းရာ သူအရိုက်ခံရပုံနှင့့် ပတ်သက်၍ ဦးထွန်းနုက နိရဥ္စရာသို့ ယခုကဲ့သို့ ပြောသည်။

" ဒီလ ၂၆ ရက်နေ့က ကင်းတောင် ရဲစခန်းမှူးရဲ့ ခေါ်ယူချက် အရ အဲဒီ စခန်းကို သွားပါတယ်။ ရဲကင်းကို ရောက်တဲ့ အခါ ရဲစခန်းမှူး မရှိပါ ။ အရက်သောက်နေတဲ့ ဒုတပ်ကြပ် ခင်မောင်ညွန့်ကို တွေ့ပါတယ်။ အဲဒီ အချိန်မှာဘဲ ဦး မှတ်ကြီးဆိုသူ ရောက်လာပါတယ်။ ဦးမှတ်ကြီးဆိုသူက ကျွန်တော် နွားမွေးစားဖက် ယူထားတဲ့ နွားရှင်ဖြစ်ပါ တယ်။ နွားမွေးစားဖက် ယူထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးမှတ်ကြီးနဲ့ ကျွန်တော်် အကြားမှာ ပြဿနာရှိပါတယ်။ ဒါကြောင့် စခန်းမှူးက ကျွန်တော်ကို စခန်းကို ခေါ်တာ ဖြစ်ပါတယ်။ အဲဒီ စခန်းမှာဘဲ ကျွန်တော်နဲ့ ဦးမှတ်ကြီး ဆွေးနွေးတဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေပါ။ အဲဒီ အချိန်မှာ ဦးမှတ်ကြီးကို ဒုတပ်ကြပ် ခင်မောင်ညွှန့်က အိမ်ကို ပြန်လွှတ်ပြီး ကျွန်တော့ကို ကြိုးနဲ့ တုတ်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ပါတယ်" ဟု သူက ပြောသည်။

ဦးထွန်းနုမှာ ဒုတပ်ကြပ် ခင်မောင်ညွှန့်၏ ရိုက်နှက် ကန်ကျောက်မှုကြောင့် ၆ ပေခန့် နက်သော ရေမြောင်းထဲသို့ ထိုးကျသွားကြောင််း၊ ရေမြောင်းမှ ပြန်အတက်တွင် ခင်မောင်ညွှန့်မှ အပေါ်မှ ကျောက်တုန်းဖြင့် ထုချရာ ဦးခေါင်းတွင် ဒဏ်ရပြင်းထန်စွာ ရရှိသွားကြောင်း သူက ပြောသည်။

" တကယ့်ကို လူမဆံစွာ ကျွန်တော်ကို ရိုက်နှက်ပါတယ်။ ကျွန်တော့် တသက်မှာ ဒီလို ရိုက်နှက်တာမျိုး တကြိမ်မှ မခံစားခဲ့ဖူးပါ။ ဦးခေါင်းကွဲသွားပြီး သွေးတွေ စီးကျလာတဲ့ အတွက် ကျွန်တော် ခေါင်းမူးပြီး သတိမေ့လု မတတ် ဖြစ်သွားပါတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ထွက်ပြေးတာ စခန်းအပြင်ဘက်ကို ရောက်သွားပါတယ်။ ကျွန်တော်ရဲ့ အသံကို ကြားတော့ ရွာသားတချို့ လိုက်လာပြီး ကျွန်တော်ကို တွဲယူပီး ရွာမ ဆေးရုံကို ပို့ပါတယ်။ ကွဲသွားတဲ့ ဦးခေါင်းကို ၅ ချက် တိိတိ ချုပ်လိုက်ရပါတယ်" ဟု သူက ပြောသည်။

သူ့အား ယခုကဲ့သို့ ရိုက်နှက်ခြင်းမှာ ဦးမှတ်ကြီးမှ ပိုက်ဆံ ပေးထား၍ ဖြစ်ပုံရကြောင်း သူက ပြောသည်။

" ဦးမှတ်ကြီးက ရဲစခန်းမှူးကို ပိုက်ဆံ ပေးထားပုံရပါတယ်။ ဒါကြောင့် အရက်မူးနေတဲ့ ဒု တပ်ကြပ် ခင်မောင်ညွန့်က ကျွန်တော်ကို ရိုုက်နှက် တယ်လို့ ထင်ပါတယ်။ တကယ်လို့ ကျွန်တော်မှာ အပြစ်ရှိရင် ဖမ်းဆီး အရေးယူနိုင်ပါတယ်။ ခုလို ညှဉ်းပမ်းနှိပ်စက်တာက ဥပဒေနဲ့ မကိုက်ညီသလို နိုင်ငံ ၀န်ထမ်းတွေ အနေနဲ့လည်း မလုပ်သင့် မလုပ်ထိုက်ဘူးလို့ ထင်ပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုအခါ အဆိုပါ ရိုက်နက်မူကို တောင်ကုတ်မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်ပြီး တိုင်တန်းကြားထားသည်ဟု သူက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် လွန်ခဲ့သော မတ်လ ၁၅ ရက်နေ့က အရက်မူးနေသော ဆားပြင် စခန်းမှူး ဒုရဲအုပ် စိုးမိုးအေးက အဆိုပါ ကျေးရွာတွင် ရိုးရိုးသားသား လုပ်ကိုင် စားသောက် နေသူ ဦးတင်မောင်၏ သား မောင်တင်ဝင်းဆိုသူကို သူတို့အားလှောင်ပြောင် ပြောဆိုသည်ဟု ဆိုကာ မတရား ဖမ်းဆီး ရိုက်နှက်ခဲ့သ ဖြင့် ဆေးရုံတင်ခဲ့ရသည်။

ပြည်သူ့များအား ကူညီပါရေစေ - ဟူသော ဆိုင်းဘုတ်ကို ရဲစခန်းရုံးရှေ့တွင် ထောင်ထားပြီး ငွေကြေးချမ်းသာသူများထံမှ တန်စိုး လက်ဆောင်များယူကာ ဆင်းရဲသား ပြည်သူများအား ကိုယ်ထိ လက်ရောက် ညှဉ်းပမ်းနှိပ်စက်မူ ပြုလုပ်နေသော တောင်ကုတ်မြို့နယ်မှ အကျင့်ပျက် ရဲများကို အရေးယူ အပြစ်ပေးရန် ပြည်သူများက အထူးလိုလားနေကြောင်း သတင်းများ ရရှိသည်။

Most read this week