မြစ်ကြီးနားမြို့တွင် ပြင်းထန်သည့် ဗုံးတစ်လုံး ပေါက်ကွဲ

မြစ်ကြီးနားမြို့တွင် ပြင်းထန်သည့် ဗုံးတစ်လုံး ပေါက်ကွဲ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အတွင်း မေ ၂၈၊ ယနေ့နံနက်ပိုင်းတွင် ပြင်းထန်သည့် ဗုံးတစ်လုံးပေါက် ကွဲခဲ့ကြောင်း မြစ်ကြီးနားဒေသခံ များပြောသည်။

kachin-myitkyina-blastဗုံးပေါက်ကွဲမှုသည် နံနက်် ၆ နာရီ ခွဲချိန် ယုဇနရပ်ကွက်ရှိ ရွှေပြည်စံ စားသောက်ဆိုင် အနီးတွင်ပေါက်ကွဲခဲ့ ကြောင်း မျက်မြင်သက်သေတစ််ဦးပြောသည်။

“ဒီမနက်ကျနော် ဖြတ်သွားတဲ့ အချိန်ပေါက်ကွဲတာ အဲဒါပေါက်ကွဲတဲ့ အသံကြောင့် ကျနော်ဘေးက ဖြတ်သွားတဲ့ တစ်ယောက်တောင် လန့်ပြီး ဆိုင်ကယ်နဲ့လဲသွားတယ်။”

ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ မရှိသော်လည်း ၎င်းအနီးရှိ ရွှေပြည်စံ စားသောက်ဆိုင်မှ မှန်အချို့ ထိခိုက်ပျက်စီးသွားသည်ဟု သူကဆက်ပြောသည်။

ဗုံးပေါက်ကွဲ မှုကို မည်သူ သို့မပာုတ် မည်သည့်အဖွဲ့အစည်း လက်ချက် ဖြစ်သည်ကို မသိရပါ။

ပေါက်ကွဲချိန်တွင် အစိုးရစစ်ကားတစ်စီးဖြတ်သွားကြောင်း မျက်မြင်သက်သေက ဆက်ပြောသည်။

ကချင်ပြည်နယ်တွင် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား စစ်ဖြစ်ပွားရာမှ မြစ်ကြီးနားမြို့တွင်း မကြာခဏ ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာခြင်းကြောင့် အစိုးရက မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် မေလမှစပြီး လုံခြံုရေး တင်းကြပ်လာသည်ဟု မြစ်ကြီးနားဒေသခံများပြောသည်။

Most read this week