Paletwa တွင် ALP ဆက်ဆံရေးရုံး ထားရှိရေး ခူမီးချင်းများကန် ့ကွက်

Paletwa တွင် ALP ဆက်ဆံရေးရုံး ထားရှိရေး ခူမီးချင်းများကန် ့ကွက်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် ပလက်ဝမြို ့ပေါ်တွင် Arakan Libration Party (ALP) ဆက်ဆံရေးရုံး ထားရှိရေးကို ပြည်ပရောက် ခူမီးမျိုးနွယ်စုများမှ ကန် ့ကွက်ကြောင်း ၂၆ ရက်နေ့က ကျင်းပပြုလုပ်သည့် Seminar on setting Liaison office (ALP) in Paletwa တွင်ထုတ်ဖေါ်ခဲ့ ကြသည်။

paletwa21

အိန္ဒိယနိုင်ငံ နယူးဒေလီမြို ့တွင် အခြေစိုက်သည့် Khumi Development Organization (KDO) ကကြီးမှူး ကျင်းပသော ယင်းဆီမီနာတွင် မိမိတို ့ ခူမီး မျိုးနွယ်စုများသည် ရှေးဖိုးဘွားခေတ် ကတည်းက ပလက်ဝမြို ့နယ်တွင် နေထိုင်ကြသူများဖြစ်ပြီး လူမှု ရေး၊ ယဉ်ကျေးမှုစသည့်ကိစ္စ များတွင် ရခိုင်လူမျိုး များနှင့် လုံးဝ မတူညီကြကြောင်း၊ ယခုကဲ့သို ့ မိမိတို ့ ခူမီးမျိုးနွယ်စုနေ ထိုင်သည့် ပလက်ဝမြို ့တွင် ALP မှဆက်ဆံရေးရုံး ထားရှိရန် ရခိုင်ပြည်နယ်အစိုးရနှင့် ALP အကြား သဘောတူ ထားချက်အပေါ် လုံးဝကန် ့ကွက်ကြောင်း KDO ဥက္ကဌ Mr. Luka ကပြောကြားခဲ့သည်။

ဒေလီတွင် ရောက်ရှိနေထိုင်ကြသည့် Zomi National Congress, Chin National Front, Chin Community Network, Falam community, Hakha community, Matu community, Zotung community, Chin Refugee Committee မှကိုယ်စားလှယ် ၅၀ ခန့်တက်ရောက်ခဲ့ကြသည်။

ဆက်ဆံရေးရုံးမထားရှိရေးကန် ့ကွက်သည့် Signature campaign ကိုလည်းဆက်လက်ပြုလုပ်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာသံရုံးကို ပေးပို ့မည်ဖြစ်ကြောင်း ယင်းဆီမီနာက ဆုံးဖြတ်ခဲ့ကြ သည်။

အလားတူ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင်လည်း ခူမီးလူငယ်များက ဆက်ဆံရေးရုံးမထားရှိရေး Signature Campaign ပြုလုပ်နေကြပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ကြမည်ဟု လည်း သိရှိရသည်။

ဒေလီရှိ Zomi National Congress (ZNC)၏တာဝန်ခံ Mr. Min Thang က” ပြည်နယ်တခုကို ကျော် ပြီး ဆက်ဆံရေးရုံးဖွင့်ဖို ့လုပ်နေတာ ကတော့ မသင့်တော်ဘူးပေါ့။ ဒါကို ကန် ့ကွက် တယ်” ဟုယင်း ဆီမီနာတွင် ပြောကြားခဲ့သည်။

ချင်းပြည်နယ်ပလက်ဝမြို ့တွင် ALP ၏ဆက်ဆံရေးရုံးထားရှိရေးကို ၂၀၁၂ ခုနှစ် ဧပြီလ ပထမပတ် အတွင်းကျင်းပသည့် ရခိုင်ပြည်နယ်အစိုးရနှင့် ALP တို ့အကြား ပြည်နယ်အဆင့် ဆွေးနွေးပွဲတွင်  သဘော တူလက်မှတ်ရေးထိုးခဲ့သည်။

Most read this week