မွန်ပြည်နယ် အပစ်ရပ် ကာလ (၃) လ အတွင်းမှာ ထိုင်းနိုင်ငံ Regina Hotel နှင့် Golf Club စီးပွားရေး လုပ်ငန်းရှင် တို့က ပြီးခဲ့သည့် မေလ (၂၀) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် မော်လမြိုင်မြို့ ပြည်နယ် အစိုးရ အဖွဲ့ ရုံးသို့ လာရောက် ခဲ့သည်။ ထိုထိုင်း စီးပွားရေး အဖွဲ့သည် ထိုင်းနိုင်ငံ Regina Hotel နှင့် Golf Club ဥက္ကဌ Ms. Luxana Uariyawatskul ဦးဆောင်ကာ လုပ်ငန်းရှင် (၄၀) ဦးခန့် လာရောက် သွားပါသည်။
ထို လုပ်ငန်းရှင်များသည် မွန်ပြည်နယ် အတွင်း စီးပွားရေး လုပ်ကိုင်ရာတွင် ကန့်သတ်ချက်များ၊ အခွင့်အလမ်း များ၊ စီးပွား ရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သင့်တော်မည့် လုပ်ငန်းများ ရှိပါက သိရှိလိုသောကြောင့်လာ ရောက်ခြင်း ဖြစ်ပါသည်။ အဆို ပါကိစ္စကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် တိုက်ရိုက်တွေ့ဆုံ မေးမြန်ခဲ့ပါသည်။
“လတ်တလော ပြုလုပ်နိုင်မည့် လုပ်ငန်းများဟာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စျေးကွက်ဝင် ရော်ဘာစက်ရုံ တည်ထောင် ပြီး ရော်ဘာ ပစ္စည်းများ ထုတ်လုပ်တဲ့ လုပ်ငန်း၊ မွေးမြူးရေး လုပ်ငန်း၊ ရေးမြို့နယ် ကုလား ဂုတ်ကျေးရွာ ရေနက်ဆိပ်ကမ်း ဖြစ် လာပါက လုပ်ငန်းလုပ်ကွက် ပိုမိုများပြာလာပြီး ဘုရားသုံးဆူမှာလဲ လုပ်ငန်းများ လုပ်ကိုင်နိုင်ပါတယ်။” ဟု မွန်ပြည်နယ်ဝန် ကြီးက ပြောသွားပါသည်။
၄င်းအပြင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ထုတ်ပြန်ထားသော ဥပဒေများအတိုင်း ဆောင်ရွက်မည်။ ရရှိ နိုင်မည့် အခွင့်အလမ်းများမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုထား သည့်အတိုင်း အပြည့်အဝရရှိမည်၊ မွန် ပြည်နယ် အစိုးရအဖွဲ့မှလည်း အကူအညီ ပေးသွားမည်ဟု ဆိုပါသည်။
ထိုအပြင် မွန်ပြည်နယ်သည် မွန်ပြည်သစ် ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးထား ပြီးဖြစ်ပါသည်။ ပြည်နယ်အတွင်း ငြိမ်းချမ်းနေပြီး ဖြစ်သောကြောင့် စီးပွားရေး လုပ်ငန်းလုပ်ကွက် များ ပေါ်ပေါက်လာမည် ဖြစ်သည်ဟုလည်း ဆိုပါသည်။
အဆိုပါအဖွဲ့သည် မွန်ပြည်နယ် အစိုးရဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲ များ၊ မွန်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်းအသင်း အမှုဆောင်များနှင့် တွေ့ဆုံသွားခဲ့ပါသည်။