တရုတ် - မြန်မာနယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထွက် နမ့်အွန်ရွာအနီးတွင် ကုန်တင် ကား တစ်စီးအား အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ယခုလ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း သိရသည် ။
မူစယ်မှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် ၄င်းကုန်တင်ကားအား နမ့်အွန်ရွာ ယာယီယာဉ်ရပ်နားစခန်း အလွန်၌ ယူနီ ဖေါင်းဝတ်လက်နက်ကိုင်တစ်စုက ငွေတောင်းယူရာ တောင်းခံသည့်ငွေပမာဏ မရသဖြင့် ဗုံးခွဲဖျက်ဆီးခြင်း ဖြစ်ကြောင်း ကုန်ကားအသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“လက်နက်ကိုင်အဖွဲ့တွေ တော့မဟုတ်ဘူး ဓါးပြအဖွဲ့တစ်ခုခုပဲ ဖြစ်လိမ့်မယ် တောင်းပုံတောင်း နည်းခြင်း မတူဘူးလေ ကား သမား ဆီက သူတို့တောင်းတဲ့ ငွေမရတော့ ကားဘီးတွေ သေနတ်နဲ့ပစ်ဖေါက်တယ် နောက်ကားကို ဗုံးကပ်ပြီးခွဲလိုက်တယ် ” ဟု ကုန်ကားသမားတစ်ဦးက ဆိုသည် ။
အဆိုပါ ဓါးပြအဖွဲ့မှာ ပြောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး ဗမာစကားပြောဆိုကြောင်း ဗုံးခွဲတိုက်ခိုက်မှုကြောင့် ယာဉ်ခေါင်း ပိုင်း ပျက်စီးသွားကြောင်း နမ့်အွန်ရွာသားတစ်ဦးကလည်း ဆိုသည် ။
“ သူတို့ဘယ်လောက်တောင်းသလဲတော့ အတိအကျ မသိဘူး တရုတ်ယွမ်ငွေ တစ်ထောင်တော့ ယူသွားတယ် ကားသမား ကိုတော့ ဘာမှမလုပ်သွားဘူး ဗုံးခွဲလိုက်လို့ ကားခေါင်းပိုင်း ပျက်စီးသွားတယ် ” ဟု ဆိုသည် ။
အဆိုပါ ဒေသအနီးတစ်ဝိုက်တွင် KIAနှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေပြီး အစိုးရတပ်ဘက်မှ တပ်အင် အား ဖြည့်တင်းမှုများရှိနေပြီး နယ်မြေအခြေအနေ ရူပ်ထွေးနေကြောင်း ဒေသခံများ အဆိုအရ သိရသည် ။