မအီ EPC ကို မကျေနပ်၍ လူ ရ၀ ချီတက် တောင်းဆို ဆန္ဒပြ

မအီ EPC ကို မကျေနပ်၍ လူ ရ၀ ချီတက် တောင်းဆို ဆန္ဒပြ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်းရှိ မအီမြို့နယ်ခွဲတွင် EPC လျှပ်စစ်ဌာနကို မကျေနပ်၍ လူပေါင်း ရ၀ ခန့်က မေလ ၁၂ ရက်နေ့တွင် ချီတက် တောင်းဆို ဆန္ဒပြ ခဲ့ကြသည်ဟု သတင်း ရရှိသည်။

မအီ EPC ကို မကျေနပ်၍ လူ ရ၀ ချီတက် တောင်းဆို ဆန္ဒပြ

ရခိုင်တွင် လျှပ်စစ်မီး ရရှိရေး အမြဲမပြတ် တောင်းဆိုမူများ ပေါ်ပေါက်နေသည်။ " မအီမှာ မီးမရတာ ၄၇ ရက်ရှိပြီ။ ကုန်ခဲ့တဲ့ လအတွက်ပါ မီတာဖိုးက ပေးရတယ်။ မီးမရဘဲနဲ့ တအိမ်ကို မီတာ ၃ ယူ နစ်၊ ၄ ယူနစ် တက်နေတယ်။ တအိမ်ကို ၂၇၀၀ ကျပ်၊ ၂၈၀၀ ကျပ်စီ ပေးသွင်း နေရတယ်။ အဲဒါကို မကျေနပ် လို့ EPC ရုံးကို သွားပြီး တောင်းဆိုကြတာ ဖြစ်ပါတယ်။" ဟု တောင်းဆိုရာတွင် ပါ၀င်သူ တဦးက နိရဥ္စရာသို့ ပြောသည်။

EPC ကိုသွားရောက်ပြီး တောင်းဆိုသော်လည်း EPC ရုံးတွင် တာဝန်ရှိသူများက အပြင်ကို ရောက်နေသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်လက် ချီတက်ခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

" EPC ရုံးကို ချီတက်ပြီးတဲ့ နောက်ပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကို ချီတက်ကြပါတယ်။ ညနေ ၃နာရီ ခွဲမှာ မယက ရုံးကိုရောက်ပါတယ်။ မြို့ နယ် အုပ်ချုပ်ရေးမှူးက ဒီ ၂၉ ရက်နေ့လောက်ဆိုရင် မီးအမြန်ဆုံး ရရှိအောင် လုပ်ပေးမယ်ဆိုပြီး ပြောပါ တယ်။"

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစိုးဝေက ယခုလ ၂၉ ရက်နေ့တွင် မီးအမြန်လင်းအောင် လုပ်ဆောင်ပေး မည်ဟု ကတိပြု ပြောဆိုလိုက်သောကြောင့် ချီတက် တောင်းဆိုမှုကို ရပ်တန့် လိုက်ကြသည်ဟု သူက ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး၏ ကတိအတိုင်း မီးမပေးပါက ဗဟိုထိ အဆင့်ဆင့် တောင်းဆိုသွားမည်ဟု သူက ဆက် ပြောသည်။

" မီးမပေးလို့ ရှိရင် ကျွန်တော်တို့ အဆင့်ဆင့် တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခရိုင် သံတွဲ EPC ရေ၊ နောက် ပြည်နယ် EPC ရယ်၊၊ မရရင် ဗဟိုထိ တောင်းဆိုသွားဖို့ စီစဉ်ထားပါတယ်။"

မအီမြို့မှာ တောင်ကုတ်မြို့မှာ ၄၅ မိုင်အကွာတွင် တည်ရှိပြီး အိမ်ခြေ စုစုပေါင်း ၁၀၀၀ ကျော်ရှိသည်။ မအီမြို့ကို ၂၀၀၄ ခုနှစ်တွင် ရပ်ကွက် ၄ ခုခွဲကာ မြို့နယ်ခွဲအဖြစ် သတ်မှတ်ခဲ့ရာ ယခုအခါ ရပ်ကွက် ၄ ခုအနက် အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်များမှာ မီးမလင်းဘဲ ရှိနေသည်မှာ တစ်လကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။

သို့အတွက် မအီမြို့သားများက လျှပ်စစ်မီး အချိန်မှန်ရရှိရေး တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

Most read this week