လူ့အခွင့် အရေး ချိုးဖောက် ခံရကြောင်း ခိုင်လုံပါက ကော်မရှင်မှ ၀င်ရောက် ဖြေရှင်းမည်

လူ့အခွင့် အရေး ချိုးဖောက် ခံရကြောင်း ခိုင်လုံပါက ကော်မရှင်မှ ၀င်ရောက် ဖြေရှင်းမည်
by -
ရွှေဟင်္သာ

လူ့အခွင့် အရေး အမှန်တကယ် ချိုးဖောက် ခံရကြောင်း မီဒီယာ များက ခိုင်လုံစွာ ဖေါ်ပြ ထားပါက ယင်း သတင်းပါ ကိစ္စများ နှင့် ပတ်သတ်ပြီး မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်မှ ပါ၀င် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ကော်မရှင်၏ အတွင်း ရေးမှူး ဖြစ်သူ ဦးစစ်မြိုင်က ပြောပါသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အာဆီယံ၌ဆွေနွေးစဉ်“ ဥပမာ ပြောရမယ် ဆိုရင် “ စ” သုံးလုံး တိုက်ပေါ်က ပြုတ်ကျတဲ့ အမှုဆိုပါတော့။ ပြုတ်ကျတာက စိတ်ဝင်စား ဖို့ ကောင်းတယ်။ သို့သော် လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတာမျိုး အန်ကယ်တို့ ဆီကို တိုင်စာလည်း ရောက်မလာဘူး။ သတင်းလည်း ရောက်မလာဘူး။ ကာယကံရှင်လည်း လာမတိုင်ဘူး။ တကယ်လို့ သတင်း မှာကိုက အကြမ်းဖက် လိုက်လို့၊ ဘာလို့ ဆိုရင် တော့ အန်ကယ်တို့ ၀င်မှာပေါ့။ မီဒီယာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း ခိုင်လုံတဲ့ သတင်းပါရင် လုပ်လို့ရတယ်” ဟု ဆိုပါသည်။

 လူ့အခွင့်အရေး ချိုးဖေါက်ခံရပါက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားနိုင်ပါ သည်။ တိုင်ကြားရ သည်မှာ ကော်မရှင် ဥက္ကဌနှင့် အတွင်းရေးမှူးတို့ ထံသို့ လိပ်မူပြီး အဖြစ်အပျက်မှန်၊ အထောက်အထားအမှန်၊ မှတ်ပုံတင် မိတ္တူတို့ဖြင့် စာတိုက်မှ မှတ်ပုံတင်စာဖြင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ သို့မဟုတ် ကာယကံရှင် ကိုယ်တိုင် မဟုတ်သော်လည်း ကာယကံရှင်မှ လွှဲအပ်ထားသူမှလည်း လာရောက်တိုင်ကြားနိုင်ကြောင်း ဆိုပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် သမ္မတ အမိန့်ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး ယခုအချိန်ထိ တိုင်ကြားစာပေါင်း ၂၀၉၄ မှုရှိခဲ့ပြီး ၁၃၂၂ မှုကို စိစစ်ထားပြီးဖြစ်သည်ဟု ကော်မရှင်က ပြောပါသည်။သို့သော် ထိုစီစစ်မှုတွင် မည်မျှ တရား မျျတသည် ဆိုသည်ကိုမူ သံသယဖြစ်ဖွယ် ရှိနေသည်သည်ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင် ရေးကွန်ယက်အဖွဲ့ဝင် တဦးကပြောပါသည်။
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည်၊ အစိုးရနှင့် မသက်ဆိုင်သော သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းမျိုးမဟုတ် ပေ။ မြန်မာနိုင်ငံသည်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွင် ကမ္ဘာ၌ နာမည်ကြီးနေသဖြင့် သက်သာလိုသက်တာငြား သမ္မတက ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ ဤကော်မီရှင် မည်မျှ လွတ်လပ်ပြီး တရား မျှတမည် ဆိုသည်ကိုမူ လက်တွေ့ သဘောကို စောင့်ရန်သာ ရှိပါသည်။