ကမ္ဘာ့ အလုပ်သမား နေ့မှာ စက်ရုံ တချို့ ပိတ်ခွင့်မရ

ကမ္ဘာ့ အလုပ်သမား နေ့မှာ စက်ရုံ တချို့ ပိတ်ခွင့်မရ
by -
ရွှေဟင်္သာ

၁၂၂ ကြိမ်မြောက် ကမ္ဘာ့ အလုပ် သမားနေ့လို ရုံးပိတ်ရက်တွေမှာ ရန်ကုန်မြို့က စက်ရုံတွေဖြစ်တဲ့ ယူနီ ကာလာ ဗလာ စာအုပ် စက်ရုံ၊ ဒဂုံ ဗလာစာအုပ် စက်ရုံ၊ တောင်ဒဂုံကြိမ်နှင့် ပရိဘောဂ စက်ရုံ နဲ့ တခြား စက်ရုံ တချို့ အလုပ် ပိတ်ခွင့် မရခဲ့ ဟု စက်ရုံ အလုပ်သမား တဦးက ပြောပါသည်။

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေအထွေ အတွင်းရေးမှူး ဦးမောင်မောင်
ဘာကြောင့်မပိတ်ခဲ့တာလည်း အတိအကျ မပြောနိုင်ဘူး။ ဒါပေမဲ့ ကျနော်ထင်တယ် အာဏာပိုင်တွေက မေဒေးနေ့အ တွက် ကျင်းပမဲ့ပွဲတွေမှာ လူတွေ အများကြီး စုပြံုလာမှာကို မလိုလားလို့ဖြစ်မယ်၊ အဲဒါကြောင့် အလုပ် မပိတ်ပေးတာ ထင်တယ်” ဟု အလုပ်သမားတဦးက ပြောပါတယ်။

တကမ္ဘာလုံးရဲ့ အလုပ်သမားအခွင့်အရေးကို မြန်မာပြည်မှာ ချိုးဖေါက်နေတဲ့သဘော ကျရောက်တဲ့အတွက် အစိုးရအ နေနဲ့ နောင်လာမယ့်နှစ်မှာ မေဒေးနေ့ကို အလုပ်သမားများ၏ ရုံးပိတ် ရက်အဖြစ် အသိအမှတ်ပြု ပေးသင့်တဲ့ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကပြောပါတယ်။

“မေဒေးလို့ ခေါ်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ကျနော်တို့နားလည်တာကတော့ အစိုးရတိုင်းမှာ ဒီတစ်ကမ္ဘာ လုံးမှာ တရားဝင် အလုပ်သမားတွေကို အလုပ်ပိတ်ပေးတဲ့ကိစ္စရှိတယ်။ ဗမာပြည်မှာ ကြည့်တဲ့အခါကျတော့ တချို့အလုပ်ရုံ တွေက အထူးသဖြင့် စက်မှုလက်မှုဇုန်တွေထဲမှာရှိတဲ့ အလုပ်ရုံတွေက မပိတ်ဘူးဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့်မို့ ကျနော်တို့တင်ပြချင်တာကတော့ ဒီ MITU ကဥက္ကဌ ဦးရဲကျော်သူ ပြောသွားသလိုပဲ အပြည်ပြည်ဆိုင်ရာ ကနေမှ ပိတ်တဲ့ရက်ကို အလုပ်သမားတွေရဲ့ အထိမ်းအမှတ်လုပ်တဲ့ပွဲကို မပိတ်တဲ့စက်ရုံတွေကိုတော့ အစိုးရအနေနဲ့ ဒါကိုခေါ်ယူမေးမြန်းဖို့သင့်ပါတယ်  နောင်မှာလည်း ဒီလိုမေဒေးလို ရက်ကြီးမျိုးမှာ အားလုံးနဲ့တန်းတူ အလုပ်သမား တွေရဲ့အခွင့်အရေးကို အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ ကျနော်ဒါ တင်ပြချင်ပါတယ်ခင်ဗျား”

၁၂၂ ကြိမ်မြောက် ကမ္ဘာ့ အလုပ်သမားနေ့ကို မြန်မာနိုင်ငံနေရာ အနှံ့အပြားမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ရန်ကုန် တိုင်း သုံးခွမြို့နဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခမ်းမ တွေမှာလည်း မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂက ဦးဆောင်ပြီး တစ်ပြိုင်တည်း ကျင်းပခဲ့ကြသလို ရခိုင်ပြည်နယ် ဂွမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာလည်း မေဒေးနေ့ကိုကျင်းပခဲ့ပါတယ်။

ပဲခူးတိုင်းဘက်မှာတော့ ပဲခူးတိုင်း ချည်မျှင်အထည်ချုပ်နှင့် သားရေ အလုပ်သမားများ သမဂ္ဂ တောင်ငူ အထွေ ထွေ အလုပ်သမားများ သမဂ္ဂ၊ ဒိုက်ဦး အထွေထွေ အလုပ်သမားများ သမဂ္ဂ ညောင်လေးပင် အထွေထွေ အလုပ်သမားများ သမဂ္ဂ၊ လက်ပံသုံးခွ ပို့ဆောင်ဆက်သွယ်ရေးနှင့် အထွေထွေ အလုပ်သမားများ သမဂ္ဂတို့က ပူးပေါင်းပြီး ပဲခူးတိုင်း၊ ပဲခူးမြို့ ဥသာမြို့သစ် ပဲခူး စက်မှုဇုန် ၀င်းမှာ နံနက် ၉နာရီကနေ ၁၂ နာရီအထိ ကျင်းပခဲ့ပြီး အလုပ်သမားကိုယ်စား လှယ်နှင့် တက်ရောက်သူ စုစုပေါင်း ၁၇၀ ခန့် ရှိခဲ့ပါသည်။

Most read this week