မြန်မာအစိုးရ ခလရ ၃၇ ယာဉ်တန်းကို KIA မှ ခြံုခိုတိုက်ခိုက်

မြန်မာအစိုးရ ခလရ ၃၇ ယာဉ်တန်းကို KIA မှ ခြံုခိုတိုက်ခိုက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်အရှေ့ဘက် ၀ိုင်းမော်မြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေသို့ ချီတက်လာသော မြန်မာအစိုးရ ခလရ ၃၇ ယာဉ်တန်းကို KIA မှ အင်္ဂါနေ့ နံနက် ၆ နာရီခန့်က ခြံုခိုတိုက်ရာ သေဆုံးထိခိုက်မှုများကြောင်း ဒေသခံများဆိုသည်။

မြစ်ကြီးနား-ဗန်းမော်လမ်းမှ KIO/KIA နယ်မြေသို့ ချီတက်လာသော မြန်မာအစိုးရ စစ်ယာဉ်တန်း။
မြစ်ကြီးနား-ဗန်းမော်လမ်းမကြီး၏ အရှေ့ဘက် KIA တပ်ရင်း ၃ နယ်မြေသို့ ၀င်ရောက်လာသည့်  မြစ်ကြီးနား မြေခံတပ်ရင်း ခလရ ၃၇ ယာဉ်တန်းအား ဂါးရာယန် (Ga Ra Yang) ကျေးရွာအနီး ကိုင်ထွမ်ချောင်း (Kai Htum Hka) တွင် KIA မှ RPG ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု တပ်ရင်း ၃ KIA အရာရှိများပြောသည်။

ပစ်ခတ်မှုတွင် စုစုပေါင်း စစ်ကား ၅ စီးအနက် ၂ စီးမှာ တိမ်းမှောက်သွားပြီး အစိုးရစစ်သားများ သေဆုံး ထိခိုက်မှုများသည်ဟု မျက်မြင်များ ကချင်သတင်းဌာနသို့ ပြောသည်။

ယခုလို တိုက်ခိုက်ခံရပြီးနောက် ထိုနေရာမှ ခလရ ၃၇ စစ်သားများ ၀ိုင်းမော်မြို့ဘက်သို့ ပြန်ခေါက်သွားကြောင်း ၎င်းတို့အား မြင်တွေ့ရသူများ ဆိုပါသည်။

ဧပြီ ၁ ရက်မှ မြန်မာအစိုးရတပ်နှင့် KIA ကြား ဖြစ်နေသောတိုက်ပွဲများ အရှိန်အဟုန် ပြန်လည် မြင့်တက်လာသည်။

Most read this week