ထိုင်းဘုရင် လေတပ် လေယာဉ် ဒက္ကားလေဆိပ်တွင် လမ်းချော်၊ အရာရှိ ၃ ဦးဒဏ်ရာရ

ထိုင်းဘုရင် လေတပ် လေယာဉ် ဒက္ကားလေဆိပ်တွင် လမ်းချော်၊ အရာရှိ ၃ ဦးဒဏ်ရာရ
by -
နိရဥ္စရာ

ထိုင်းဘုရင် လေတပ်မှ လေယာဉ်တစ်စီး ယမန်နေ့က ဒက္ကားလေဆိပ်သို့ အဆင်းတွင် လမ်းချော်သွားသဖြင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသူများထဲမှ အရာရှိ (၃) ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

Thai-Airforce-plane

ထိုင်း စစ်ဘက်ဆိုင်ရာ အရာရှိ ၈ ဦးနှင့် လေယာဉ်အမှူးထမ်း ရ ဦးကို တင်ဆောင်လာသော ထိုင်းလေတပ် လေယာဉ်သည် ယမန်နေ့ နံနက် ၈နာရီ မိနစ် ၅၀ တွင် ဘင်္ဂလာဒေချ့် နိုင်ငံမြို့တော် ဒက္ကားရှိ Shahjalal နိုင်ငံတကာ လေဆိပ်သို့ အဆင်း၌ လမ်းချော်သွားခဲ့ခြင်း ဖြစ်သည်။

လေဆိပ်တာဝန်ရှိသူများက “ လေယာဉ်သည် လေယာဉ် ပြေးလမ်းမှ ကိုက် ၃၅၀ ထိ လမ်းလျော် ရောက်ရှိ သွားပြီး လေယျာဉ်ကွင်း ၀င်းထရံနှင့် တိုက်မိကာ ရပ်တန့်သွားခဲ့သည်” ဟု ဆိုသည်။

လေယာဉ်ပေါ်တွင် ပါလာာသူ စစ်အရာရှိများမှာ လေယာဉ်ပေါ်မှ ထွက်ပြေး လွှတ်မြောက်ခဲ့ပြီး ထိုအထဲမှ အရာရှိ (၃) ဦးမှာ ဒဏ်ရာ ရရှိသွားခဲ့သည်။

မည်သည့်အတွက်ကြောင့် လမ်းချော်သွားရသည်ကို အသေးစိတ် သတင်း မထုတ်ပြန်သေးကြောင်း သိရသည်။ လမ်းလျော်သွားသဖြင့် လေယာဉ်၏ တောင်ပံများမှာ ကျိုးကျ ပျက်စီးသွားပြီး ထိုင်ခုံများမှာလည်း လွှင့်ထွက်သွားကာ လေယာဉ်မှူး ထိုင်သော နေရာများလည်း ပွင့်ထွက်သွားသည်ဟု မျက်မြင်များက ပြောသည်။

ထိုင်းလေတပ် အရာရှိများသည် ဘင်္ဂလာဒေချ့် နှစ်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေသော စစ်ရေး ကိစ္စများ အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းစစ်အရာရှိများသည် ယနေ့တွင် အိန္ဒိယ နိုင်ငံသို့ ဆက်လက် ထွက်ခွာသွားဖြစ်ကြောင်း သတင်းများက ဖေါ်ပြသည်။

Most read this week