မီဒီယာပွင့်လင်းလာတဲ့ ခေတ်မှာ ၀န်ကြီးများ အပြောအဆို ဆင်ခြင်သင့်

မီဒီယာပွင့်လင်းလာတဲ့ ခေတ်မှာ ၀န်ကြီးများ အပြောအဆို ဆင်ခြင်သင့်
by -
နိရဥ္စရာ

"မီဒီယာ ပွင့်လင်းလာတဲ့ ခေတ်ကြီးမှာ ၀န်ကြီးတွေ အနေနဲ့ အပြောအဆို ဆင်ခြင်သင့်တယ်လို့" မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက မနေ့က နိရဥ္စရာကို ထုတ်ဖေါ် ပြောဆိုလိုက်သည်။

Myanmar-Parliament-inside
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးး ဦးမြှင့်လိူင် အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များအား တရားဝင် တောင်းပန်မူ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး မြေပုံ အမတ်ကို နိရဥ္စရာက ဆက်သွယ် မေးမြန်းစဉ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ်က ယခုကဲ့သို့ ဝေဖန် ပြောကြားလိုက်ခြင်း ဖြစ်သည်။

"ဒီလို မီဒီယာ ပွင့်လင်းလာတဲ့ ခေတ်မှာ ဒါမျိုးတွေ မဆင်မခြင် ပြောမိတဲ့ အတွက် ၀န်ကြီးတယောက်အနေနဲ့ လွှတ်တော်မှာ တောင်းပန်ရတယ်ဆိုတော့ သူ့အနေနဲ့ လည်း တော်တော့ကို ဂုဏ်သိက္ခာ ကျဆင်းပါတယ်။ သူ ခုလို ပြောဆိုမိတဲ့ အတွက် ပြည်သူတွေအနေနဲ့လည်း လွှတ်တော်ကိုယ်စားလှယ်တွေကို အထင်သေးစရာ ဖြစ်သွားခဲ့ရပါတယ်။ သူရဲ့ ဖြစ်ရပ်ကို ကြည့်ပြီး ၀န်ကြီးတွေ နောက်နောင် အပြောအဆိုတွေ ဆင်ခြင်ကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု သူက ပြောသည်။

၎င်းပြင်သူက " အဲဒီအပေါ်မှာ တခြား သူတွလည်း သင်္ခန်းစာယူပြီးတော့ ဒါမျိုးတွေကို ဆက်မလုပ်ကြဘူး ဆိုရင် ကျွန်တော်တို့ လွှတ်တော်နဲ့ ၀န်ကြီးတွေအကြား နောက်နောင်မှာ ဘာပြဿနာမှ ပေါ်ပေါက် လာမယ်လို့ မထင်ပါဘူး" ဟု သူက ဆက်ပြောသည်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးး ဦးမြှင့်လိူင်သည် Hot News ဂျာနယ်နှင့် တွေ့ဆုံမေးမြန်း ခန်းတစ်ခုတွင် လွှတ်တော် အမတ်များသည် ပညာမတတ်၊ ဆယ်တန်းမအောင်၊ လွှတ်တော်တွင် ရမ်းလုပ်နေသည်ဟု ဆိုကာ ဝေဖန် ပြောဆိုခဲ့သည်ဟု မတ်လ ၂၃ ရက်နေ့က ပြည်တွင်းထုတ် Hot News ဂျာနယ်တွင် ဖေါ်ပြခဲ့သည်။

ထိုကဲ့သို့ ပြောဆိုမူနှင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ကိုစော်ကား သည်ဟု ဆိုကာ မကျေမနပ်ဖြစ်ကြပြီး လွှတ်တော် အခွင့်အရေး ကော်မီတီကို တိုင်ကြားခဲ့သည်ဟု သူက ပြောသည်။

"လွှတ်တော် အခွင့်အရေးကော်မီတီက သူ့ကို ကုန်ခဲ့တဲ့လ ၂၇ ရက် နေ့က ခေါ်ပြီး မေးမြန်းစစ်ဆေးပါတယ်။ အဲဒီမှာ ဦးမြင့်လှိုင်က ပြန်ပြောတာက သူပြောခဲ့တဲ့ အကြောင်းတွေဟာ တိုင်းပြည်အပေါ်မှာ စေတနာထား ပြီးတော့ ပြောတာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေကို စော်ကားတာ မဟုတ်ပါဘူး။ မီဒီယာက သူရဲ့ ရင်ထဲက စေတနာထားတဲ့အပေါ်မှာ ယူဆချက်လွဲပြီးတော့ ဖေါ်ပြတဲ့ အမှားအယွင်း အားနည်းချက်တွေကြောင့် ဒီလို ဖြစ်သွားတာပါ။ လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အလေးထားပါတယ်။ သူစော်ကားတဲ့ အချက်မပါပါဘူး။ ဒါဟာ တယောက်နဲ့ တယောက် နားလည်မှုလွဲသွားတာပါလို့ ပြောပါတယ် ခင်ဗျား" ဟု သူက ပြောသည်။

၀န်ကြီး ဦးမြင့်လိူင်က ယခုကဲ့သို့ ပြောဆိုမူ အပေါ် သင်ခန်းစာများစွာ ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်များကို ထိုင်ကန်တော့ပါဟု ဆိုလျှင်လည်း ကန်တော့သွားမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

" အဲဒီလို ဖြစ်လာတဲ့ အတွက် သူအနေနဲ့ သင်္ခန်းစာလည်း ရပါတယ်။ ပညာလည်း ရပါတယ်လို့ ပြောပါတယ်။ နောက်ဆုံး လွှတ်တော် အခွင့်အရေး ကော်မီတီက ဒီလိုဆိုရင် ပြည်ထောင်စု လွှတ်တော်ကိုယ် စားလှယ်နဲ့ လွှတ်တော်အပေါ်မှာ စော်ကားသလို ဖြစ်သွားတာပေါ့။ အဲဒီအပေါ်မှာ ၀န်ကြီးအနေနဲ့ တောင်းပန်နိုင်မလားလို့ ပြောတော့ သူက လွှတ်တော် ကိုယ်စားလှယ်တော်ကြီးတွေကို စိတ်အနှောင့်အယှက်၊ ကိုယ်အနှောင့်အယှက် ပြုမိတဲ့ အတွက် ကျွန်တော် တောင်းပန်ဖို့ ၀န်မလေးပါဘူး။ ကန်တော့ဆိုရင်လည်း ထိုင်ကန်တော့ပါမယ်လို့ ပြောပါတယ်" ဟု ဦးဖေသန်းက ပြောသည်။

ယခုကဲ့သို့ ပြည်ထောင်စု ၀န်ကြီး တစ်ဦးက လွှတ်တော် အမတ်များကို တောင်းပန်ခဲ့သည်မှာ လွှတ်တော် ပေါ်ပေါက်လာသည့် အချိန်မှ စပြီး ပထမဆုံး အကြိမ် ဖြစ်ကာ ယခုကဲ့သို့ ၀န်ကြီးက လွှတ်တော် အမတ်များကို တောင်းပန်ခဲ့မူ အပေါ် လွှတ်တော်အမတ်များကလည်း ကျေကျေနပ်နပ်ဖြင့် လက်ခံ ခဲ့ကြသည်ဟု သိရသည်။

Most read this week