နှစ်ဆန်း တစ်ရက် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်ဆိုင်းရေး လူပ်ရှားမူ လူပေါင်းရာချီ၍ ပူးပေါင်းပါ၀င်

နှစ်ဆန်း တစ်ရက် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်ဆိုင်းရေး လူပ်ရှားမူ လူပေါင်းရာချီ၍ ပူးပေါင်းပါ၀င်
by -
နိရဥ္စရာ

ဧပြီလ ၁၇ ရက်နေ့က ရခိုင် ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း ရပ်ဆိုင်းရေး အတွက် စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော လူပ်ရှားမူ အတွင်း ဒေသခံ ပြည်သူများ ရာချီ၍ တက်ကြွစွာ ပူးပေါင်း ပါ၀င်ခဲ့သည်။

24-hr-action-group-thangran-pic13
ရက္ခအလင်းတန်း အဖွဲ့မှ ဦးဆောင် ပြုလုပ်သော တီရှပ် အကျီင်္များ ဆင်တူ ၀တ်ဆင်ပြီး လူပ်ရှားမူ ပြုလုပ်ရာတွင် ထိုသို့ ပြည်သူများ ပူးပေါင်း ပါ၀င်လူပ်ရှားခဲ့ကြခြင်း ဖြစ်ကြောင်း ပါ၀င်လူပ်ရှားခဲ့သူ ကိုစိုးမြကျော်က ပြောသည်။

" ကျွန်တော်တို့က မိမိ အသိစိတ်ဓါတ်နဲ့ ပူးပေါင်း ပါ၀င် လူပ်ရှားတာ ဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေ အကျိုး တစ်စုံတစ်ရာ မခံစားရတဲ့ ဒီစီမံကိန်းကို ကျွန်တော်တို့ အလိုမရှိဘူး။ ဒါကြောင့် ကန့်ကွက်ဖို့ လိုအပ်တယ်လို့ ထင်မြင်တဲ့ အတွက် ပူးပေါင်း ပါ၀င် ကန့်ကွက်တာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဒေသခံ လူငယ် အများအပြားသည် " Our gas, Our Future" ဟု စာတန်းပါ တီရှပ် အကျီင်္များကို ဆင်တူ ၀တ်ဆင်ပြီး သံချပ်များထိုး၍ စစ်တွေမြို့ အနှံ့ လျှောက်လည်ကာ လူပ်ရှားခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

" ကျွန်တော်တို့က တစ်မြို့လုံးကို အကျင်္ီတွေကို ဆင်တူ ၀တ်ဆင်ပြီး ရက္ခပူရ မြင်ကွင်း သံချပ်တွေထိုးကာ လျှောက်လည်ကြပါတယ်။ အစိုးရရုံးတွေရှေ့ကိုလည်း ရောက်ပါတယ်။ အရေးကြီးပြီး လူစည်ကားတဲ့ နေရာတိုင်းကို သွားကြပါတယ်။ ဟန့်တား နှောင့်ယှက်မူတွေလည်း မခံရပါဘူး။ အစိုးရက အရင်ထက် စာရင် သဘောကောင်းလာပါတယ်" ဟု သူက ပြောသည်။
24-hr-action-group-thangran-pic16
နှစ်ဆန်း တရက်နေ့တွင် ရွှေဂတ်စ် ရပ်တန့်ရေး လူပ်ရှားမူ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ရက္ခ အလင်းတန်း တာဝန်ရှိသူ တစ်ဦးကို မေးမြန်းရာ အဖွဲ့ ခေါင်းဆောင် ဖြစ်သူ ဒေါ်မာမာကျော်ဇော က ယခုလို နိရဥ္စရာသို့ ပြောသည်။

" သာမန်နေ့တွေမှာ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရေး အတွက် ကျွန်မတို့ တော်တော် များများ လူပ်ရှားမူတွေ ပြုလုပ်လာခဲ့ပြီး ဖြစ်ပါတယ်။ အဲသလို နေ့တွေမှာ လုပ်ရင် ဟန့်တားတာတို့၊ နှောင့်ယှက်တာတို့ ရှိတဲ့ အတွက် သင်္ကြန်ကာလ နှစ်ဆန်း တစ်ရက်နေ့ကို ရွှေးပြီး စစ်တွေမှာ ပြုလုပ် တာ ဖြစ်ပါတယ်။ ခုလူပ်ရှားမူမှာ ဘာမှ နှောင့်ယှက်တာ၊ တားဆီးတာတွေ မရှိပါဘူး" ဟု ပြောသည်။

ရက္ခအလင်းတန်း အနေဖြင့် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရေး အတွက် အစိုးရအား တောင်းဆို ဆန္ဒပြမူများ နေရာ အများအပြားတွင် အကြိမ်ကြိမ် ပြုလုပ် လာခဲဲ့ပြီ ဖြစ်သော်လည်း အစိုးရ တာဝန်ရှိသူများမှ အပြုသဘော တုန့်ပြန်မူများကို ယခုအချိန်ထိ ရရှိခြင်း မရှိသေးသဖြင့် သူတို့အနေနှင့် ဆက်လက် တွန်းအားမြှင့် လုပ်ဆောင်သွားမည်ဟု သူမက ဆက်ပြောသည်။

" အခု အခြေအနေမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကလည်း ရခိုင်ပြည်နယ် အတွင်း ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် စာတန်းဖတ်တာတို့၊ တောင်းဆိုတာတို့ ပြုလုပ်နေပါတယ်။ ကျွန်မတို့ကလည်း တောင်းဆို လူပ်ရှားနေပါတယ်။ ဒါပေမယ့် အခုအချိန်ထိ ဘာမှ ထူးခြား ပြောင်းလဲမူ ရှိမလာသေးပါဘူး။ လူတွေက ကျွန်မတို့ လူပ်ရှားမူ ပြုလုပ်တာတွေကိုဘဲ မြင်နေကြတယ်။ အစိုးရဘက်က ဘာမှ လုပ်မပေးတာ ကျတော့ မမြင်ကြဘဲ ဖြစ်နေပါတယ်" ဟု ပြောသည်။

ရက္ခအလင်းတန်း အဖွဲဲ့သည် ယခုနှစ် သင်္ကြန်တွင် ရက္ခပူရ မြင်ကွင်း ရခိုင်သင်္ကြန် သံချပ်ခွေ တစ်ခုကိုလည်း ဖြန့်ချီခဲ့ပြီး ရခိုင်ပြည်သူများ၏ ကြံုတွေ့နေရသော ဒုက္ခ အဝဝကို သံချပ်မှ တဆင့် ပြည်သူများသို့ တင်ပြခဲ့ သည်ဟု သူမက ပြောသည်။

ရက္ခအလင်းတန်း အဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့ကလည်း မောင်တောမြို့တွင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရန် လူပ်ရှားမူ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

Most read this week