၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်သည် ဘန်ကောက်ပို့စ် သတင်း စာနှင့် တွေ့ဆုံအင်တာဗျုးခဲ့ခြင်းမရှိဟု ရဲသတင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းနိုင်ထွန်းက ယနေ့ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊ ပြည်ထဲရေး ရုံးဟောင်း အတွင်း၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ငြင်းဆိုခဲ့ပါသည်။
ဒုရဲမှူးကြီး ၀င်းနိုင်ထွန်းက ဤသတင်းစာရှင်းလင်းပွဲသည်၊ ဦးခင်ညွှန့်၏ ဘန်ကောက်ပို့စ်အင်တာဗျုးကိစ္စ ကိုသာ ရှင်းလင်း ခြင်းဖြစ်သောကြောင့် မသက်ဆိုင်သော တခြားမေးခွန်းများ မမေးမြန်းကြပါရန် မီဒီယာ များအား ကြိုတင် ပိတ်ပင် ထားခဲ့ပါသည်။
အလားတူ ဦးခင်ညွှန့်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် ကတည်းက နိုင်ငံရေး လုပ်ဆောင်ရန် မရှိကြောင်း မီဒီယာများသို့ ပြောဆိုခဲ့ ပြီးဖြစ်သည့်အတွက် ထိုစကား အတိုင်းပင် ဦးခင်ညွှန့် အနေနှင့် ပြည်ပ မီဒီယာများနှင့် တွေ့ဆုံခဲ့ခြင်း လုံးဝ မရှိကြောင်း” ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်ကလည်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
“ဧပြီ ၁ ရက်နေ့က ဘယ်သတင်းဌာနနဲ့မှ တွေ့ဆုံခြင်းမရှိဘူးလို့ ကျွန်တော့်အနေနဲ့ ငြင်းဆိုချင်ပါတယ်””ဟု ဗိုလ်မှူး ဟောင်း ၀င်းမောင်မောင်က ပြောပါသည်။ ဦးခင်ညွန့် ကိုယ်တိုင် ငြင်းဆိုခြင်း မဟုတ်ပေ။ ဦးခင်ညွန့်သည်၊ Bangkok Post သတင်းစာနှင့် အင်တာဗျူးရာမှာ ဒီပဲယင်း အရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို သူ့လူများကို စေလွှတ်ပြီး ကယ်ထုတ်ခဲ့ရသည်ဟု ပြောကြားခဲ့ပါသည်။ (8 April, Spectrum, Bangkok Post)၊ ဤသည်ကို ယနေ့ ကျင်းပသော ရဲဖက်ဆိုင်များက မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ ခြင်းဖြစ်ပါသည်။
ဤကိစ္စတွင် Bangkok Post မှတစုံတရာပြောဆိုမှု မရှိသေးဟု သိရပါသည်။ အစိုးရ၏သတင်းစာရှင်းလင်းပွဲသည်၊ Bangkok Post အင်တာဗျူးကိစ္စတခုတည်းသာ မေးမြန်းခွင့်ပြုထား ပါသည်။ ကာယကံရှင်် ဦးခင်ညွန့် မပါသဖြင့် ဤကိစ္စသည် စကားလွန်ခဲ့သည့် ကိစ္စသာ ဖြစ်သည့် အတွက် ပြန်လည် ထိမ်းသိမ်းစေလိုသော သဘောဖြစ်သည်ဟု အများက ယူဆနေကြပါသည်။ ဦးခင်ညွန့်သည် လောလောဆယ်တွင် ရဟန်းဘောင်၌ ရှိနေသည်ဟု သတင်းများအရ သိရပါသည်။