တရုတ်များက ရေအားလျှပ်စစ်ကို အကြောင်းပြပြီး လေးမြို့မြစ်တွင် ရွှေတူးရန်စီစဉ်

တရုတ်များက ရေအားလျှပ်စစ်ကို အကြောင်းပြပြီး လေးမြို့မြစ်တွင် ရွှေတူးရန်စီစဉ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်ရှိ ပိုးဖြူကျွန်းတွင် ရေအားလျှပ်စစ် တည်ဆောက်မည်ဟု အကြောင်းပြကာ ရွှေတူးရန် တရုတ်နိုင်ငံသားများ စီစဉ်နေကြောင်း သတင်း ရရှိသည်။

လေးမြို့မြစ်၏ သာယာဖွယ် ရှု့ခင်းအလှ
ပိုးဖြူကျွန်း ရေအားလျှပ်စစ် စီမံကိန်း အတွက် ရောက်ရှိလာသော တရုတ်နိုင်ငံမှ ပစ္စည်းများမှာ များသောအားဖြင့် ရွှေတူးရာတွင် အသုံးပြုသော ပစ္စည်းများ ဖြစ်သည်ဟု မြောက်ဦးသို့ ကိုယ်တိုင် သွားရောက်ကြည့်ရှု့ခဲ့သူ စစ်တွေမှ လူငယ် တစ်ဦးက ပြောသည်။

" အခု ကျွန်တော််တို့ ကြားရတာက ပိုးဖြူကျွန်းမှာ တရုတ်တွေ ရွှေတူးမယ်လို့ ကြားရပါတယ်။ အခု တရုတ်တွေ ယူလာတဲ့ ပစ္စည်းတွေကလည်း ရွှေတူးရာမှာ အသုံးပြုတဲ့ စက်ကရိယာတွေ၊ ပိုက်လုံး တွေနဲ့ ပလစတစ် ခြင်းတောင်းတွေ ဖြစ်နေတယ်။ ဒါကြောင့် တရုတ်တွေ လေးမြို့မြစ် ရေးအား လျှပ် စစ်ကို အကြောင်းပြပြီး ရွှေတူးဖို့ လုပ်နေတယ်ဆိုပြီး ဒေသခံတွေက သံသယ ဖြစ်နေကြပါတယ်" ဟု သူက ပြောသည်။

တရုတ်များများ ရွှေတူးမည်ဟု သတင်း ဖြစ်နေသော ပိုးဖြူကျွန်းမှာလေးမြို့မြစ်တွင် တည်ရှိပြီး ရှေးခေတ်ကတည်းက ရွှေထွက်ကြောင်း သိရသည်။

ပိုးဖြူကျွန်းတွင် ရှေးယခင်ကတည်းက ရွှေထွက်ခဲ့သော မှတ်တမ်း ရှိသဖြင့် ရခိုင်သမိုင်းတွင် ထင်ရှားသည့် ကျွန်းတခုဖြစ်ကြောင်း ရှေ့ဟောင်းယဉ်ကျေးမှူး သုတေသန လက်ထောက် ညွှန်ကြားရေးမှူး (ငြိမ်း) ဦးကျော်ထွန်း အောင်က ယခုကဲ့သို့ပြောသည်။

" ပိုးဖြူကျွန်းဆိုတာ ရခိုင်သမိုင်း လေးမြို့ခေတ်မှာ နန်းကျကြီးဘုရင်လက်ထက်က ထင်ရှားတဲ့ နေရာ တခုပါ။ အဲဒီခေတ်က စိတ္တနာရဒ ညီနောင် ပုံပြင် တစ်ခုရှိတယ်။ အဲဒီ ညီနှောင် နှစ်ဦးရဲ့အမေက ပိုးဖြူ အဖေအမည်က မောင်ညို ဖြစ်တယ်။ သူတို့ညီနောင်နှစ်ဦး အရွယ်ရောက်လာတဲ့ခါ ရသေ့တပါးဆီက ရုပ်ပြောင်း ပညာတွေကို သင်ပြီး နန်းတွင်းမှာ ဆိုးသွမ်းခဲ့တယ်။ အဲဒီလို ဆိုးသွမ်းတဲ့အတွက် ဘုရင်း မင်းထီး လက်ထက်ကတည်းက ထုတ်ခဲ့တဲ့ သားသမီး မကောင်း မိဘ၊ တပည့်မကောင်းဆရာဆိုတဲ့ ဥပေအတိုင်း သူတို့ ညီနောင်ကို အပြစ်ပေးတဲ့အနေနဲ့ အဖေဖြစ် တဲ့ မောင်ညိုကို တကျွန်းပို့ခဲ့တယ်။ မိခင်ဖြစ်တဲ့ ပိုးဖြူကိုလည်း တစ်ကျွန်းပို့ခဲ့တယ်။ အခုထက်ထိ အဖေဖြစ်သူကို ပို့တဲ့ မောင်ညိုကျွန်းနဲ့ အမေဖြစ်သူကို ပို့ခဲ့တဲ့ ပိုးဖြူးကျွန်းကို မြင်တွေ့နိုင်ပါတယ်။ ပိုးဖြူကျွန်းက ရှေးခေတ်ကတည်းက ရွှေထွက်တဲ့ နေရာ ဖြစ်ပါတယ်" ဟု ပြောသည်။

ရွှေတူးဖော်ရန် စက်များမြောက်ဦးတွင်ရောက်ရှိနေပြီ ဖြစ်ကြောင်း မြောက်ဦးမြို့ ခံတဦးက ယခုကဲ့သို့ ပြောသည်။

"ဟုတ်ပါတယ်။ စက်ကြိယာတွေက အများကြီး ရောက်နေပါတယ်။ ရေအားလျှပ်စစ်အတွက် အသုံးပြုမယ့် စက်တွေထက် ဆန်းပြားတဲ့ စက်တွေပါ တယ်။ ဘယ်လို စက်အမျိုးစားတွေဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ အခုတော့ အဲဒီစက်တွေကို သျှစ်သောင်းဘုရားအနီးက ကွင်းမှာ ခြံခတ်ပြီး အဲဒီစက်တွေကို ထိန်းသိမ်း ထားတာတွေ့ရပါတယ်။ သူတို့ ရောက်နေတာ တလခန့် ရှိနေပြီဖြစ်ပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ လေးမြို့မြစ်တွင် ရွှေတူးဖော်သည်ဖြစ်စေ ရေအားလျှပ်စစ်တည်ဆောက်သည်ဖြစ်စေ စီမံကိန်း တခု ခုပြုလုပ်ပါက သဘာဝပတ်ဝန်းကျင်ကို များစွာ ထိခိုက်နိုင်ပြီး ဒေသခံ ပြည်သူများ ကိုလည်း ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ကြောင်း မြောက်ဦးမြို့မှ လူငယ်တဦး က ယခုကဲ့သို့ပြောသည်။

"တကယ်လို့ မြစ်ထဲမှာ စီမံကိန်းတခုခုလုပ်မယ်ဆိုရင်။ ကမ်းပါးပြိုတာတွေဖြစ်လာမယ်၊ နောက်ပြီး မြစ်တ လျှောက်မှာရှိတဲ့ ဥယာဉ်ခြံမြေတွေ ပျက်စီးသွားမယ်။ ငါးမျိုးတွေ ပျောက်ကွယ်သွားမယ်။ လေးမြို့မြစ်တလျှောက် မှာ ဒေသခံတွေက ဥယာဉ်ခြံမြေအလုပ်ကို အဓိကထားစိုက်ပျိုးကြတဲ့အတွက် အဲဒီခြံမြေတွေလည်း ပျက်စီးသွား နိုင်ပါတယ်။"

ယခု ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မည့် လေးမြို့မြစ် တလျှောက်တွင် ကျေးရွာပေါင်း ၆၀ ကျော်ရှိပြီး ဒေသခံများ အနေဖြင့် စိုက််ပျိုးရေးနှင့် သောက်ရေ သုံးရေ အတွက် လေးမြို့ မြစ်ရေကိုသာ အဓိက အားကိုးနေကြရသည်။

လေးမြို့မြစ်မှာ ရခိုင်ပြည်နယ်ရှိ မြစ်ကြီးလေးမြစ်ထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး သဘာဝရှုခင်းများမှာ သာယာလှ ပပြီး နိုင်ငံခြား ဧည့်သည်များကို ဆွဲဆောင်နိုင်သဖြင့် လွန်ခဲ့သည့် ခရီးသွားနှစ်တွင် နိုင်ငံခြားသား ကမ္ဘာ့လှည့် ခရီး သည် အများအပြား လာရောက် လည်ပတ်ခဲ့ကြသည်ဟု သိရသည်။

Most read this week