HRW က သယံဇာတ ရောင်းဝယ်ရေးကို ဆက်လက် ပိတ်ပင်ထားဖို့ လိုသေးကြောင်းပြော

HRW က သယံဇာတ ရောင်းဝယ်ရေးကို ဆက်လက် ပိတ်ပင်ထားဖို့ လိုသေးကြောင်းပြော
by -
ရွှေဟင်္သာ

မြန်မာ စစ်ဗိုလ်ချုပ်များ ထိန်းချုပ်ထားသည့် သယံဇာတ ဆိုင်ရာ ကူးသန်းရောင်းဝယ် ခွင့်ကို ဥရောပ သမဂ္ဂ အီးယူအနေနှင့် ဆက်ပြီး ပိတ်ဆို့ထားရန် လိုအပ်နေသေးကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က ယမန်နေ့က ပြောဆို လိုက်သည်။

HRW သည်၊ ကျောက်မျက်ရတနာ၊ သစ် စသည့် ကူးသန်းရောင်းဝယ်ရေးနှင့် သတ္တုမိုင်း တူးဖော်ရေးများအပေါ် ပိတ်ဆို့ အရေးယူထားမှုများကို ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပ မည့် မြန်မာ့ အရေးမူဝါဒဆိုင်ရာ ဆွေးနွေးပွဲအတွက် အီးယူကိုပေးပို့သည့် အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားပါသည်။

ထို့အပြင် မြန်မာ အာဏာပိုင်များအပေါ် ကန့်သတ်ထားသည့် ဥရောပပြည်ဝင်ခွင့် ဗီဇာကို အမည်နှင့် ပုဂ္ဂိုလ်အ လိုက် ရုပ်သိမ်းပေးခြင်း၊ လူသားချင်း စာနာကူညီမှုဆိုင်ရာများ ထောက်ပ့ံကူညီမှုတွင် ဆောင်ရွက် ပေးသင့် သည်ဟု HRW ၏ နယူးယောက်မြို့ဌာနခွဲမှ ပြောခွင့်ရ အမျိုးသမီး Elaine Pearson ကပြောပါသည်။

အစိုးရသည် လွတ်လပ်သည့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးရုံနှင့် မြန်မာအစိုးရက နောက်ကြောင်းပြန် မလှည့်ပါဘူး ဆိုသည့် သံသယကို အားနည်းသွားစေသည် ဆိုသော်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး အတွက် ရှေ့ဆက် တိုးတက်သွားပါတော့မည်ဆိုသည့် အာမခံချက်ကို ပေးလိုက်ရာလည်း မဟုတ်သေးဟု HRW ရဲ့ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားပါသည်။

အထူးသဖြင့် ကချင်နှင့် ရှမ်းပြည် မြောက်ပိုင်းဒေသများတွင် စစ်ဘေးကြောင့် ထွက်ပြေးရသည့် ဒုက္ခသည်များ၊ အကျဉ်းထောင်တွေထဲ၌ နိုင်ငံရေး အကျဉ်းသားများ ဆက်လက် ထိန်းသိမ်းခံနေရခြင်း များသည် လူ့အခွင့်အ ရေး ချိုးဖောက်မှုများ ရှိနေဆဲ ဖြစ်သည်ဟု HRW ပြောခွင့်ရ အမျိုးသမီး Elaine Pearson က ပြောသည်။

Most read this week