ဒုတိယနေ့ ရခိုင်ပြည်နယ် လွှတ်တော်တွင် ရခိုင် အလံနှင့် အမျိုးသား ၀တ်စုံ ကိစ္စ မဆွေးနွေးဘဲ ရပ်ဆိုင်းခဲ့

ဒုတိယနေ့ ရခိုင်ပြည်နယ် လွှတ်တော်တွင် ရခိုင် အလံနှင့် အမျိုးသား ၀တ်စုံ ကိစ္စ မဆွေးနွေးဘဲ ရပ်ဆိုင်းခဲ့
by -
နိရဥ္စရာ

ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေးတွင် ရခိုင်ပြည် နယ်အလံနှင့် ရခိုင်အမျိုးသားဝတ်စုံ ကိစ္စ ဆွေးနွေးရေးကို ရပ်ဆိုင်းထားသည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်မှ မာန်အောင််မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၏ အဆိုအား ရုတ်သိမ်းပေးရန် တင်ပြပြီးသည်နှင့် ပြည်နယ် လွှတ်တော် ဆွေနွေးပွဲ ပြီးဆုံးကြောင်း ကျေညာခဲ့သည်ဟု သိရသည်။

" ဦးအောင်မြကျော်က ယခုလို တည်တည်ငြိမ်ငြိမ်နှင့် နှစ်ပေါင်း ၄၀ နီးပါး တည်တံ့လာခဲ့သော ပြည်နယ်အလံ၊ တံဆိပ်၊ ရိုးရာဝတ်စုံ ဆန်းစစ် ပြင်ဆင်ရေး အဖွဲ့ ဖွဲ့စည်း မည့်အစား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၂(က)တွင် ပါရှိသကဲ့သို့ ရခိုင်ယဉ်ကျေးမှု၊ စာပေ၊ စကား၊ အနုပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည့် အဖွဲ့ကိုသာ ဖွဲ့စည်းသင့်ပါတယ်လို့ တင်ပြတာနဲ့ ပြည်နယ် လွှတ်တော် ဥက္ကဌက အစည်းအဝေး ပြီးဆုံးကြောင်း ကျေညာလိုက်တော့ ဘာမှ ဆက်ဆွေးနွေးလို့ မရဘဲ ဖြစ်သွားခဲ့ပါတယ်" လွှတ်တော် တက်ရောက်ခဲ့သူ အမည် မဖေါ်လိုသူ ရခိုင် အမတ် တစ်ဦးက ပြောသည်။

ဆက်လက်ပြီး ရတပ ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးအား လွှတ်တော်တွင် ရခိုင် အလံနှင့် ၀တ်စုံ ကိစ္စ မေးမြန်းရာသူက ယခုလို ဆက်ပြောသည်။

" မနေ့က အစည်းအဝေးမှာ အဲဒီကိစ္စတွေကို ပြန်ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါမှာ ကျွန်တော် တို့ ပါတီ လွတ် တော်အမတ်တွေက ကန့်ကွက်ကြဖို့ ပြင်ဆင်ထားတယ်။ ဒါတွေကို လွှတ်တော်မှာ မဆွေးနွေးသင့်၊ လွှတ်တော်ကလည်း မလုပ်သင့်ဆိုတာတွေကို ထပြီး ကန့်ကွက်မယ့် အစီအစဉ် ရှိတယ်။ ဦးအောင်မြကျော်က တပြီး အဆိုတင်တာနဲ့ လွှတ်တော်ကို ချက်ချင်း ရပ်လိုက်တယ်လို့ သိရပါတယ်။ ပထမ အဆိုတင်သွင်းတဲ့ ဦးသာညွန့်ကလည်း မရှိတဲ့အတွက် ကြောင့် ဒီနေ့ အစည်းအဝေးမှာ အကျယ်တဝင့် မဆွေးနွေးဘဲ ရပ်ပစ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်" ဟု ဦးခိုင်ပြည်စိုးက နိရဥ္စရာသို့ ပြောသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ် အလံနှင့် ရခိုင်အမျိုးသား ၀တ်စုံ ပြင်ဆင်ရေးကို ပြည်သူ့ဆန္ဒ မပါဘဲ အကောင် အထည်ဖေါ် လုပ်ဆောင်မည်ဆိုလျှင် ရခိုင်ပြည်နယ် အနှံ့အပြားတွင် ကန့်ကွက်မူများ ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ် ပြောဆိုမူများ ထွက်ပေါ်နေသည်။

အလံနှင့် အမျိုးသား ၀တ်စုံကို ပြန်လည် ပြင်ဆင်ပါက ရခိုင်အမျိုးသားတွေအကြား မကျေနပ်မှုများ တိုးပွားလာနိုင်သည်ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က နိရဥ္စရာသို့ ပြောသည်။

"အလံဆိုတာက ပြည်နယ်တခုရဲ့ အလံ၊ အမျိုးသားနဲ့ သက်ဆိုင်တဲ့အလံ။ အမျိုးသား ၀တ်စုံဆိုတာကလဲ အမျိုး သားယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့နဲ့အညီ စဉ်ဆက်မပြတ် ၀တ်လာတဲ့ဝတ်စုံဖြစ်တယ်။ ဒါတွေကို ပါတီ တစ်ခုက သော်၎င်း၊ လူတစ်စုတစ်ဖွဲ့ကသော်၎င်း၊ လုပ်လို့ရတဲ့ကိစ္စမဟုတ်။ တမျိုးသားလုံးအရေးနဲ့ ပတ်သက်တဲ့ အမျိုး သားရေးကိစ္စမှာ တမျိုးသားလုံးအနေနဲ့ ဆုံးဖြတ်ဖို့လိုတယ်။ ပါတီတစ်ခု အဖွဲ့အစည်းတစ်ခု၊ လူတစ်စုက ဆုံးဖြတ်လို့ မဖြစ်နိုင်လို့ သုံးသပ်ပါတယ်။ ဒီလိုသာလုပ်မယ်ဆိုရင် ရခိုင်အမျိုးသားတွေကြားမှာ မကျေနပ်မှုတွေ ဖြစ် လာနို်င်တယ်။"

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်တွင် အတင်းအကျပ် ဆက်လက် လုပ်ဆောင်လာမည် ဆိုလျှင် RNDP ပါတီ အနေဖြင့် ပြည်သူ့ဆန္ဒကိုခံယူပြီး ဆက်လက် လုပ်ဆောင်သွားမည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

" သူတို့က လွှတ်တော်မှာ ဒီကိစ္စကို မလုပ်သင့်ဆိုတာကို ကျွန်တော်တို့ အကြံပေးထားပြီ၊ လွှတ်တော် အမတ် တွေကလည်း တင်ပြထားပြီ။ အဲဒါကို ပြည်နယ်အစိုးရကဘဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုက ဖြစ်ဖြစ် အင်နဲ့အား နဲ့ လုပ်လာမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကတော့ ပြည်သူတွေကို ချပြပြီး ပြည်သူ့အကြံအဉာဏ်တွေနဲ့ ဆက် ပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်။"

ပြည်နယ်အလံ၊ အမျိုးသားဝတ်စုံ ပြင်ဆင်ပြောင်းလဲမှုကိစ္စနှင့် ပတ်သက်ပြီး မတ်လ ၃၀ ရက်နေ့က အသိပညာ ရှင်၊ အတတ်ပညာရှင်များနှင့် စစ်တွေမြို့ရှိ ရတပပါတီ ဗဟိုရုံးတွင် တိုင်ပင်ဆွေးနွေးခဲ့ရာ လက်ရှိ အခြေအနေ အတိုင်း ထားသင့်ကြောင်း အကြံပြုခဲ့ကြသည်ဟု ဦးခို်င်ပြည်စိုးက ပြောသည်။

ကြံ့ခိုင်ရေးပါတီမှ မာန်အောင်မြို့နယ် အမတ်လည်းဖြစ်၊ ပြည်နယ် လွှတ်တော် ဒုဥက္ကဌလည်းဖြစ်သော ဦီးသာ ညွန့်က ခေတ်စနစ်နှင့် မလျော်ညီသည့်အတွက် ရခိုင်ပြည်နယ် အလံနှင့် ရခိုင်အမျိုးသား ၀တ်စုံ ပြင်ဆင်ရေး အ ဆိုကို မတ်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် လွတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ရာမှ ယခုကဲ့သို့ အပြန်အလှန် ဆွေးနွေးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

------------------------------------------------------------------------

ဦးအောင်မြကျော် ရခိုင်ပြည်နယ် ဧပြီလ (၂) ရက်နေကက လွှတ်တော်တွင် တင်ပြချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

မာန်အောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသာညွန့်၏ ရခိုင်ပြည်နယ် အလံ တံဆိပ်နှင့် ရိုးရာဝတ်စုံ ဆန်းစစ်ရေးအဖွဲ့ ဖွဲ့စည်းသင့်ကြောင်း ပြည်နယ် လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်၍ ဆွေးနွေးရပါလျှင် ကျွန်တော်တို့ ရခိုင်ပြည်နယ်သည် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့်အတူ ပေါ်ပေါက်လာခဲ့သော ပြည်နယ်တစ်ခုဖြစ်ပါသည်။

၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပါသည်။ သို့သော် ကျွန်တော်တို့ ရခိုင်ပြည်နယ်သည် ပြည်မနှင့် တပေါင်းစပ်တည်း ပူးပေါင်းပြီး ရခိုင်တိုင်းအနေနှင့် ရပ် တည်ခဲ့ပါသည်။ ၁၉၆၁ ခုနှစ် ပါလီမန်တွင် ရခိုင်ပြည်နယ် ဥပဒေကြမ်းကို စတင် တင်သွင်းခဲ့ပါသည်။ ၁၉၇၅ ခု ဒီဇင်္ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ် နေ့အဖြစ် ပထမဆုံး အကြိမ် ကျင်းပသတ်မှတ်ပြီး ပြည်နယ်အဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။

ရခိုင်ပြည်နယ် ဖြစ်ပေါ်လာသည့်အတွက် ပြည်နယ်၏ လိုအပ်ချက်များဖြစ်သော ရခိုင်ပြည်နယ် အောင်လံ၊ တံဆိပ်နှင့် ရခိုင်အမျိုးသားဝတ်စုံများ သတ်မှတ်နို်င်ရေးအတွက် ဦးစောအောင် ခေါင်းဆောင်သော (၁၂) ဦး ကော်မတီဖွဲ့ပြီး လုပ်ဆောင်ခဲ့ကြပါသည်။ ထိုသို့ ရခိုင်အောင်လံ၊ တံဆိပ်၊ ၀တ်စုံများ သတ်မှတ်နိုင်ရေးအတွက် ရခိုင်ပညာရှင်များဖြစ်ကြသော ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း၊ သမိုင်းပညာရှင် ဆရာကြီး ဦး အောင်သာဦး၊ သမိုင်းသုတေသီ ဒေါက်တာအေးကျော်၊ ဦးစံရွှေဖေါ်၊ ဦးဘစံ၊ ကျောက်ဖြူမြို့နယ်မှ ဦးသာညွန့် စသည့် လူပုဂ္ဂိုလ်များကို ဖိတ်ခေါ်ပြီး ရခိုင်တို့၏ ဓလေ့ ထုံးစံ၊ ရိုးရာ၊ ယဉ်ကျေးမှု၊ စာပေ ကဏ္ဍပေါင်းစုံနှင့် ကိုက်ညီမည့် အကောင်းဆုံး ပုံစံ ဒီဇိုင်းအား ရေးဆွဲသတ်မှတ်ပြီး ရခိုင်ပြည်နယ်၏ မြို့နယ်ပေါင်းစုံသို့ လှည့် လည် ပြသကာ လူထုဆန္ဒခံယူမှုကို (၂)နှစ်ခန့်ကြာအောင် ပြုလုပ်ပြီးမှ သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရှိ ရပါသည်။

ထိုသို့ လူထု ဆန္ဒခံယူပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြီး သေချာစိစစ်ကာ သတ်မှတ်ခဲ့သော အောင်လံ၊ တံဆိပ်၊ ၀တ်စုံများသည် ယခုဆိုလျှင် နှစ်ပေါင်း ၄၀ နီးပါး မည်သည့်ပြဿနာ တစ်စုံတရာမှ မရှိဘဲ ရပ်တည်နေ သည်ကို အားလုံးအသိပင် ဖြစ်ပါသည်။ ထိုသို့ တည်တည်ငြိမ်ငြိမ်ရှိနေသော အလံ၊ တံဆိပ်နှင့် ရိုးရာဝတ်စုံများ သည် ခေတ်စနစ်ပြောင်းတိုင်း ပြောင်းလဲရန် မသင့်လျော်ဟု ထင်မြင်မိပါသည်။ ဥပမာ ဂျပန်လူမျိုး၊ တရုတ်လူ မျိုး စသည့် ကမ္ဘာ့နိုင်ငံများရှိ လူမျိုးအသီးသီးသည် ကမ္ဘာ၏ ခေတ်စနစ် မည်သို့ပင် ပြောင်းစေကာမူ သူတို့၏ ၀တ်စားဆင်ယင်မှုနှင့် အောင်လံတော်များကို ပြောင်းလွဲကြသည်ဟု မတွေ့ရှိရပါ။

ထို့ကြောင့် အဆိုရှင်၏ ရခိုင်ပြည်နယ် အလံ၊ တံဆိပ်၊ ရိုးရာဝတ်စုံ ဆန်းစစ်ရေးအဖွဲ့ ဖွဲ့စည်းသင့်သည့် အဆို သည် လျော်ကန်သင့်မြတ်မှု မရှိဟု ထင်မြင်မိပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၂(က) တွင် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ် ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်ဟု ပါရှိပါသည်။ ယခုကဲ့သို့ တည်တည်ငြိမ်ငြိမ်နှင့် နှစ်ပေါင်း ၄၀ နီးပါး တည်တံ့လာခဲ့သော ပြည်နယ်အလံ၊ တံဆိပ်၊ ရိုးရာဝတ်စုံ ဆန်းစစ်ရေးအဖွဲ့ ဖွဲ့စည်း မည့်အစား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၂(က)တွင် ပါရှိသကဲ့သို့ ရခိုင်ယဉ်ကျေးမှု၊ စာပေ၊ စကား၊ အနုပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည့် အဖွဲ့ကိုသာ ဖွဲ့စည်းသင့်ပါသည်။

သို့ဖြစ်ပါ၍ အဆိုရှင်၏ အဆိုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လဲ လျော်ကန်သင့်မြတ်မှု မရှိပါ။ ဤအဆို အား ရုတ်သိမ်းပေးပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ အဆိုအား လုံးဝ မထောက်ခံနိုင်ကြောင်း တင်ပြအပ် ပါသည်။

Most read this week