ဟင်္သာတ ဗကသ ဖိအားပေးခံရ

ဟင်္သာတ ဗကသ ဖိအားပေးခံရ
by -
မဇ္စျိမ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဟသာင်္တခရိုင်) ဖွဲ့စည်းသည့် အခမ်းအနား တက်ရောက် ခဲ့သည့် ကျောင်းသားများအား ဧရာဝတီတိုင်း ဟသာင်္တမြို့ ပညာရေးဦးစီးဌာနမှ အဆင့်မြင့် ဒုတိယ ညွန်ချုပ် ဒေါက်တာ မျိုးသိန်းကြီးနှင့် အဖွဲ့က ခေါ်ယူ မေးမြန်းခဲ့သည်ဟု သိရသည်။

ကိုအောင်ပြည့်ဖြူး (အဝေးသင်တတိယနှစ်သချင်္ာ)၊ အိမွန်မြတ်လှိုင်(အင်္ဂလိပ်စာ နောက်ဆုံးနှစ်)၊ မချစ်စုခင် (ပထမနှစ် ဂုဏ်ထူးတန်း အင်္ဂလိပ်)၊ မခိုင်သဇင်ထွန်း (တတိယနှစ်အင်္ဂလိပ်)၊ မခင်ပြည့်ပြည့်လျှံ (မဟာရုပဗေဒ ပထမနှစ်)တို့ အပါအဝင် ၆ ဦးကို စနေနေ့ နံနက် ၁၁ နာရီချိန်တွင် ဟသာင်္တတက္ကသိုလ် ပါမောက္ခချုပ်ရုံးခန်း တွင် ခေါ်ယူမေးမြန်း ခဲ့ခြင်းဖြစ်ကြောင်း ပါဝင်သူ ကျောင်းသူတဦးက မဇ္စျိမကို ပြောသည်။

“နိုင်ငံရေးနဲ့ ပတ်သက်လား မေးတယ်။ သူတို့ ဗကသ က စာတင်ထားတယ်။ ဒါပေမယ့် စာပြန်မကျဘဲနဲ့ ချလုပ်တဲ့ အတွက် ဥပဒေလမ်းကြောင်းပေါ်မှာ မရှိဘူး။ လုပ်ပိုင်ခွင့်တွေ မပေးထားဘဲနဲ့ လုပ်တယ်။ အဲဒီလို လုပ်တဲ့အတွက် ကျောင်းသားတွေ အရိပ်အောက်မှာ နေချင်လား။ အကာအကွယ်မရှိတဲ့ လမ်းကြောင်းမှာ နေချင်လားဆိုပြီး မေးတယ်” ဟု မေးမြန်းခံရသည့် ကျောင်းသူတဦးက မဇ္စျိမကို ပြောသည်။

မတ်လ ၂၆ ရက်နေ့က ဗကသ အဖွဲ့ချုပ် ဟင်္သာတခရိုင်ကို ဖွဲ့စည်းသည့် အခမ်းအနား ပြုလုပ်ခဲ့ပြီး မတ်လ ၂၉ ရက်နေ့တွင် ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို နှင့်အဖွဲ့ လာရောက်၍ အလံပေးအပ်ခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ခေါ်ယူမေးမြန်းခြင်းသည် ဗကသ ထဲ ကျောင်းသားများ မဝင်လာရန်နှင့် အဖွဲ့ ပြိုကွဲသွားစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆနေသည်။

“သူတို့က ဒီပွဲမှာ ပါဝင်တယ်။ ခု သူတို့ မိဘတွေရော ခေါ်ပြောတယ်။ အားလုံးက လန့်ကုန်တယ်။ နောက်ထပ်ဝင်မယ့် ကျောင်းသားတွေ မဝင်နိုင်အောင်၊ ဒီအဖွဲ့ ပြိုကွဲသွားအောင် လုပ်တဲ့သဘောလို့ပဲ”ဟု ဟင်္သာတခရိုင်မှ ဗကသ ဥက္ကဋ္ဌ ကိုသန့်ဇင်ဦး က မဇ္စျိမကို ပြောသည်။

ဗကသ အဖွဲ့ချုပ် ဟင်္သတခရိုင်တွင် အဖွဲ့ဝင်ပေါင်း ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး လှုပ်ရှားမှုများ မရှိသေးကြောင်း သိရသည်။

ကျောင်းသားများအရေး ကူညီဖြေရှင်းပေးရန်အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ဖွဲ့စည်းရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင် ကြိုးပမ်းမည်ဟု ဗကသ တရားဝင်ပေါ်ပေါက် ရေး ကော်မတီ (အထက် ဗမာပြည်)က ပြောဆိုထားသည်။

Most read this week