ကြားဖြတ်ရွေးကောက်ပွဲကို ၀န်ထမ်းပေါင်း ရ၂၅၀၉ ဖြင့်ကျင်းပမည်

ကြားဖြတ်ရွေးကောက်ပွဲကို ၀န်ထမ်းပေါင်း ရ၂၅၀၉ ဖြင့်ကျင်းပမည်
by -
ရွှေဟင်္သာ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြီးခဲ့သည့် ရက်များက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ အဆိုအရ လာ မည့် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ နှင့် အဝှမ်းတွင် မဲပေးပိုင်ခွင့် ရှိသူ ဦးရေမှာ ၆ သန်း ၄ သိန်းကျော် ရှိကြောင်း သိရှိရပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲပုံ (ဓါတ်ပုံ - အင်တာနက်)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြီးခဲ့သည့် ရက်များက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ အဆိုအရ လာ မည့် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ နှင့် အဝှမ်းတွင် မဲပေးပိုင်ခွင့် ရှိသူ ဦးရေမှာ ၆ သန်း ၄ သိန်းကျော် ရှိကြောင်း သိရှိရပါသည်။ မဲပေးပိုင်ခွင့် ရှိသည့် စုစုပေါင်း လူဦးရေမှာ ၆,၄၈၄,၅၆၂ ဦး ဖြစ်ပြီး ပြည့်သူ့လွှတ်တော် လစ်လပ် နေရာ ၄၀၊ အမျိုးသား လွှတ်တော် လစ်လပ်နေရာ ၆ နေရာ နှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ ရှိပါသည်။

ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းများအတွက် မဲရုံ ၆,၀၈၃ ရုံု ထားရှိမည် ဖြစ်ပြီး၊ မဲရုံ အမှုထမ်း ပေါင်း ၅၁,၀၇၉ ဦးဖြင့် တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း များအတွက် မဲရုံပေါင်း ၂,၁၀၃ ရုံ ထားရှိမည်ဖြစ်ပြီး၊ မဲရုံ အမှု ထမ်းပေါင်း ၂၀,၂၉၀ ဦးဖြင့် တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်သည်။ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း များအတွက် မဲရုံ ၁၃၈ ရုံ ထားရှိမည် ဖြစ်ကြောင်းနှင့် မဲရုံ အမှုထမ်း ၁,၁၄၀ ဦးတို့မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာ တပြည်လုံး၌ မဲရုံပေါင်း ၈,၃၂၄ ရုံ ရှိပြီး၊ မဲရုံ အမှုထမ်းပေါင်း ရ၂,၅၀၉ ဦးတို့ ရှိမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းစာ ရှင်းလင်းပွဲ အဆိုအရ သိရှိရပါသည်။

ပြည်သူ့လွှတ်တော် လစ်လပ်နေရာ ၄၀ နေရာ အတွက်မူ မြန်မာနိုင်ငံနှင့် အဝှမ်းရှိ ခရိုင်ပေါင်း ၂၇ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်နှင့် တွင် ကျင်းပပေးမည်ဖြစ်ပြီး နိုင်ငံရေးပါတီ ၁၅ ပါတီမှ ကိုယ်စားလှယ်လောင်း ၁၂၉ ဦးတို့ ပါဝင် ယှဉ်ပြိုင် အရွေးခံ ကြမည်ဖြစ်သည်။ ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း များအတွက် မဲပေးခွင့် ရှိသူ ဦးရေမှာ ၄,၆၈၂,၀၄၀ ဦးဖြစ်သည်။

အမျိုးသားလွှတ်တော် လစ်လပ်နေရာ ၆ နေရာအတွက်မူ ခရိုင်ပေါင်း ရ ခရိုင် မြို့နယ်ပေါင်းနှင့် ၁၈ မြို့နယ် တို့တွင် ကျင်းပပေးမည် ဖြစ်ဖြစ်ကာ နိုင်ငံရေးပါတီ ၉ ပါတီမှ ကိုယ်စားလှယ်ပေါင်း ၂၂ ဦးတို့က ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်သည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် မဲပေးပိုင်ခွင့် ရှိသူ ဦးရေမှာ ၁,၆၆၉,၁၉၂ ဦး ရှိပါသည်။

ညီနောင် ၁၀ ပါတီတို့ ရန်ကုန်မြို့၌ အတူ မဲဆွယ် စည်းရုံးရေး သွားခဲ့စဉ် (ဓါတ်ပုံ - အင်တာနက်)
တိုင်းဒေသကြီး လွှတ်တော် လစ်လပ်နေရာ အတွက်မူ ခရိုင် ၂ ခရိုင်နှင့် မြို့နယ် ၂ မြို့နယ်တို့တွင် ကျင်းပပေးမည် ဖြစ်ကာ နိုင်ငံရေးပါတီ ၃ ပါတီမှ ကိုယ်စားလှယ်လောင်း ၆ ဦး ဝင်ရောက် အရွေးခံကြမည် ဖြစ်သည်။ တိုင်းဒေသကြီး လွှတ်တော်အတွက် မဲပေးခွင့် ရှိသူ ဦးရေမှာ ၁၃၃,၃၃၀ ဦး ဖြစ်သည်။

ထိုလစ်လပ် ကိုယ်စားလှယ်လောင်း ၄၈ ဦးအတွက် ကချင်မဲဆန္ဒနယ် (၃) နေရာဖြစ်သည့် ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း ဒေသတို့တွင် လုံခြံ ရေး အနေအထားကြောင့် ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခြင်း မရှိကြောင်း အစိုးရမှ တရားဝင် ထုတ်ပြန်ထားပါသည်။ ထိုသုံးနေရာ၌ NLD မှ ရွေးကောက်ပွဲ ပြည်လည်ကျင်းပရန် KIO နှင့် ဆွေးနွေး လိုကြောင်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါသည်။ KIO ဘက်မှလည်း ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးနိုင်ရန် ကူညီလိုသည့် ဆန္ဒရှိကြောင်း မီဒီယာများတွင် ဖော်ထုတ်ရေးသား နေကြသော်လည်း အစိုးရကမူ မည်သို့မျှ တုန့်ပြန်မှု မရှိခဲ့ခြေ။

ထိုမဲန္ဒနယ်များသည် NLD ပါတီအား အများစု ထောက်ခံသည့် မဲဆန္ဒနယ်များ ဖြစ်နိုင်ခြေရှိပြီး ရွေးကောက်ပွဲ ကျင်းပခွင့် မရသောကြောင့် ထိုဒေသမှ NLD ထောက်ခံမဲများ လျော့နည်းနိုင်ဖွယ် ရှိပါသည်။