ဒေါ်စု ရုပ်ပုံပါ တီရှပ်ဝင်ဆင်သူ အရိုက်ခံရမူ ရဲတွင် အမူဖွင့်၍ မရ

ဒေါ်စု ရုပ်ပုံပါ တီရှပ်ဝင်ဆင်သူ အရိုက်ခံရမူ ရဲတွင် အမူဖွင့်၍ မရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ ဒေါ်အောင်ဆန်းစုကြည် အရုပ်ပါ တီရှပ် ၀တ်သဖြင့် လက်သီးဖြင့် ပစ်ထိုးခံရသူက အဆိုပါ ကိစ္စကို ရဲစခန်းသို့ သွားရောက် တိုင်ကြားရာ ရဲက အမူကို လက်မခံဘဲ ပယ်ချ ခဲ့သည်ဟု သတင်း ရရှိသည်။

Buthedaung-watch-tower" ကျွန်တော်က ဒေါ်စု တီရှပ် အကျီ်ကို ၀တ်ပြီး ဘူးသီးတောင်ကနေ စိမ်းညှင်းပြားဆိုတဲ့ ရွာကို မနေ့ညနေက စာရွက် စာတန်းတချို့ကို ယူဖို့ ဆိုင်ကယ်စီးပြီး သွားပါတယ်။ အဲဒီမှာ ကြူကြူဆိုတဲ့ လူငယ်တစ်ဦးက ကျွန်တော့်ကို အလိုလို လက်သီးနဲ့ ပစ်ထိုးပါတယ်။ လူတွေအများကြီးရှေ့မှာ ထိုးပါတယ်။ ရဲတွေလည်း ရှိပါတယ်" ဟု ဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်ဖြင့် အထိုးခံရသူ ကိုရဲသိန်းက နိရဥ္စရာသို့ ပြောသည်။

အနီးအနားမှ လူများက ၀င်ရောက်ဟန့်တားသဖြင့် ကိုရဲသိန်းကို လာရောက် လက်သီးဖြင့် ထိုးသူမှာ ထိုနေရာမှ ထွက်သွားသော်လည်း ကိုရဲသိန်းမှာ မျက်နာတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

" ကျွန်တော်က ဒီနေ့ နံနက် ၁၁ နာရီကျော်မှာ ဒီလို မတရားသဖြင့် လက်သီးနဲ့ လာထိုးတဲ့ ကြူကြူကို အရေးယူပေးဖို့ ဘူးသီးတောင် မြို့မ ရဲစခန်းကို သွားရောက် တိုင်ကြားပါတယ်။ တာဝန်ကျ ဒုရဲအုပ် ဘဖြူက အမူမဖွင့်ပေးနိုင်ဘူးလို့ ပြောပါတယ်။ ကျွန်တော် အမူဖွင့်ဖို့ တိုင်ကြားတဲ့ အချိန်မှာ စခန်းမှူး နှစ်ပွင့်နဲ့ ဦးထွန်းလိူင်နဲ့ ရဲမြို့နယ်မှူး ဦးအောင်သာဝင်းလည်း ရှိပါတယ်။ သူတို့ကလည်း အမူမဖွင့်ပေးနိုင်ဘူးလို့ ပြောတဲ့ အတွက် ကျွန်တော်ရဲစခန်းက ထွက်လာခဲ့ရပါတယ်" ဟု သူက ပြောသည်။

အခုလို ရဲစခန်းမှ အမူဖွင့်ရန် ငြင်းပယ်ခြင်းမှာ သူ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီး မကြာခဏ လူပ်ရှားမူများ ပြုလုပ်နေ၍ ဖြစ်ပုံရသည်ဟု ပြောသည်။

" ကျွန်တော်က မကြာခဏ ဘူးသီးတောင်မှာ လူပ်ရှားမူ လုပ်နေတာကို အာဏာပိုင်တွေက မကြိုက်ဘူး။ ဒါကြောင့် ကျွန်တော်ကို အရင်ကလည်း ဘာပြဿနာ မရှိဘဲ ၀ုိင်းထိုးတာတွေ ရှိပါတယ်။ ၂၀၁၀ နိုဝင်္ဘာလ ကလည်း တစ်ကြိမ်် ၀ိုင်းထိုးကြပါတယ်။ ရဲစခန်းကို သွားတိုင်တော့ ဘာမှ အရေးယူပေးတာ မရှိပါဘူး။ အခုလည်း သွားတိုင်တာ ရဲက လုံးဝ အရေးမစိုက်ဘူး။" ဟု ပြောသည်။

သူ့အား ထိုးသူ ကြူကြူမှာ သူနှင့် ရန်ငြိုး ရန်စ ရှိသူလည်း မဟုတ်ဘဲ သူအား လာထိုးခြင်းမှာ စိမ်းညှင်းပြား အာဏာပိုင်များနှင့် ရဲအဖွဲ့က ဖိအားပေး၍ ဖြစ်နိုင်ကြောင်းသူက ပြောသည်။

" ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းရင်းသားတွေ အပေါ်မှာ ထားတဲ့ ပေါ်လစီကို ကြိုက်တယ်။ ပီးရင် ခေါင်းဆောင်ကောင် ပီသတဲ့ အတွက် သူ့ကို လေးစားပြီး ဒေါ်စုပုံပါတဲ့ တီရှပ်ကို မနေ့က ၀တ်တာပါ။ ခုလို ၀တ် သွားတာမှာ အထိုးခံရတာ ဖြစ်ပါတယ်။ သူ့မိသားစုကို ဒီလို လုပ်ဖို့ ရဲကဖိအားပေးထားတယ်လို့ လည်း သိရပါတယ်" ဟု ကိုရဲသိန်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘူးသီးတောင် မြို့မရဲစခန်းကို ဖုံးဖြင့် ဆက်သွယ်ရန် ကြိုးစားရာ အဆက်အသွယ် မရရှိခဲ့ပါ။

ကိုရဲသိန်းသည် ၂၀၀၇ ခုနှစ် စက်တင်္ဘာလ ၂ ရက်နေ့ကလည်း ၂ ပေကျော် ၃ ပေနီးပါးခန်းမြှင့်သည် ဆိုင်းဘုတ်တခုကို ကိုင်ပြီး ကုန်စျေးနုန်း ကျဆင်း ဒို့အရေး၊ လောင်စာဆီ စျေးနုန်း ကျဆင်းရေး ဒို့အရေးဟု စာတန်းများ ရေးထိုးထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဆန္ဒပြခြင်းခဲ့သဖြင့် အာဏာပိုင်များက ယာယီ ထိန်းသိမ်းခြင်းကို ခံခဲ့သည်။

" ကိုရဲသိန်းက ဦးရဲတင်၊ ဒေါ်သိန်းရီတို့ရဲ့သားပါ။ သူကို နိုင်ငံရေး လူပ်ရှားမူ လုပ်တဲ့ အတွက် ဘူးသီးတောင်မှာ လူတော်တော်များများက သိကြပါတယ်။ အခုသူ့ကို မနေ့က မတရား အနိုင်ကျင့်ခဲ့ကြတယ်။ ဘယ်သူကိုမှ ထိခိုက်တာ မဟုတ်ဘဲ ဒေါ်စု ပုံပါတဲ့ အကျီင်္ဝတ်တာနဲ့ ရိုက်ပုတ် ထိုးကြိတ်စရာ မလိုပါဘူး။ ဒါကို ရဲကိုသွား တိုင်တယ်။ ရဲက တိုင်ကြားတာကို လက်မခံဘူး။ ဒါကို ကျွန်တော်တို့ ရန်ကုန် ပါတီ ဗဟိုဌာချုပ်ထိ သတင်း ပေးပို့သွားမှာ ဖြစ်ပါတယ်" ဟု ဘူးသီးတောင်မှ NLD ပါတီဝင် တစ်ဦးမှ ပြောသည်။

ကိုရဲသိန်းသည် ဘူးသီးတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး မကြာခဏ ဘူးသီးတောင်မြို့တွင် နိုင်ငံရေး လူပ်ရှားမူများ ပြုလုပ်ကြောင်း သိရသည်။

Most read this week