မဟာမုနိပြတိုက်မှ ရှေးဟောင်း အမြောက် (၂) လက် နေပြည်တော်ကို ယူဆောင်ပြီ

မဟာမုနိပြတိုက်မှ ရှေးဟောင်း အမြောက် (၂) လက် နေပြည်တော်ကို ယူဆောင်ပြီ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မဟာမုနိ ပြတိုက်တွင် များမကြာမှီက ပြသထားသော ရှေးခေတ် ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ပို့ဆောင်ရန် စစ်တွေမြို့ကို ယူဆောင်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ပြတိုက်ရာ ရှှိရာ ကျောက်တော် မဟာမုနိ ကုန်းတော်

" အမြောက်နှစ်လက်မှာ တစ်လက် ကြေးအမြှောက် ဖြစ်ပါတယ်။ နောက်တစ်လက်က သံအမြှောက်ဖြစ်ပါ တယ်။ အခု ပြည်နယ် ယဉ်ကျေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်း အမိန့်နဲ့ စစ်တွေကို ယူဆောင်သွားပြီ ဖြစ်ပါတယ်။ နေပြည်တော်ကို ဆက်လက် ယူဆောင်မယ်လို့ ကြားပါတယ်" ဟု မြောက်ဦးမြို့ မှ ရှေးဟောင်းလက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင်က ပြောသည်။

အဆိုပါ အမြှောက်နှစ်လက်ကို ယခုလ (မတ်လ) ရ ရက်နေ့က ကျောက်တော်မြို့နယ် ၀ဲကြီးချောင်းကျေးရွာ အနီး လယ်ကွင်းပြင််တွင် လယ်ကမ်းသင်းရိုး တူးဖေါ်စဉ် ဦးအောင်စိန်ဝင်းမှ ရရှိခဲ့သည်။

မတ်လ ၉ ရက်နေ့တွင် ဦးအောင်စိန်ဝင်းမှ ၎င်း အမြောက် ၂ လက်ကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေး မှူးထံအပ်နှံခဲ့သည်။ အဆိုပါ နေ့တွင်ပင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျောက်တော် မဟာမုနိ ပြတိုက်သို့ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

"ကြေး အမြှောက်က နဂါးရုပ် သဏ္ဍန် ပြုလုပ်ထားပြီး အလျား ၃ ပေ ၉ လက်မ၊ အချင်း ၄ လက်မ ရှိပါတယ်။ နောက်တလက်က သံအမြောက် ဖြစ်ပြီး ကြံဆစ် ပုံဖြစ်ပါတယ်။ အရှည်က ၄ ပေ အချင်း ၃ လက်မ ရှိိပါတယ်။ ကျောက်တော် မဟာမုနိ ပြတိုက်မှာ ပြသထားတာကို ဒီလ ၂၄ ရက်နေ့က ဦးဇော်ဇော်ထွန်းရဲ့ အမိန့်နဲ့ မြောက်ဦးပြတိုက်မှူး ဦးကြည်ရှိန်က စစ်တွေကို ယူသွားပါတယ််" ဟု ဆရာက ဆက်ပြောသည်။

အဆိုပါ အမြှောက် (၂) လက်မှာ မြောက်ဦးခေတ်တွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြပြီး ၁၇ ရာစု ၁၈ ရာစုတွင် ပြုလုပ်ခဲ့ကြောင်း၊ ပေါ်တူဂီ၊ ဒတ်ချ်တို့ အပြိုင် စစ်တိုက်ရာတွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြောင်း ဆရာက ပြောသည်။

ကျောက်တော်မြို့မှ ရခိုင် သမိုင်းသုတေသီ သူမြတ်မဟာ အောင်မြေကလည်း ယခုကဲ့သို့ ရှေးဟောင်း ရခိုင် အမြှောက်် ၂ လက်ကို နေပြည်တော်သို့ ယူဆောင်သွားခြင်းမှာ ရခိုင်လူမျိုးများ အတွက် နစ်နာ ဆုံးရှံုး မူ တစ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။

" ကျောက်တော် မဟာမုနိ ပြတိိုက်ကို ကျွန်တော်တို့ ဖွင့်လှစ်ထားတာက ဒီဒေသက ရရှိတဲ့ ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို ဒီဒေသမှာ ပြသနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ််ထားတာ ဖြစ်ပါတယ်။ အခုလို ရခိုင်အမွေအနှစ်တွေကို ယူဆောင် သွားကတော့ လုံးဝ စိတ်မကောင်းစရာပါဘဲ။ ရခိုင်လူမျိုးတွေအတွွက် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖေါ်ပြနေတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဆုံးရှံုးသွားမူလို့ဘဲ ခံယူမိပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ရခိုင်လူမျိုးများ အတွက် တန်ဖိုး မဖြတ်နိုင်သော အမွေအနှစ်များကို နေပြည်တော်သိို့ ယူဆောင်သွားကြောင်း ကြားသိရသဖြင့် ကျောက်တော်မြို့နယ် သံဃာ ၀န်ဆောင် ဥက္ကဌ သိန်းတန် ဆရာတော်ကြီးနှင့် ဒေသခံ ပြည်သူများမှာ အထူး စိတ်မကောင်း ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

Most read this week