မောင်တောတွင် ဆရာဝန်ပေးသည့်ဆေးကြောင့် ရိုဟင်ဂျာတဦးသေဆုံး

မောင်တောတွင် ဆရာဝန်ပေးသည့်ဆေးကြောင့် ရိုဟင်ဂျာတဦးသေဆုံး
by -
ကုလားတန်

မောင်တောမြို့နယ် ဆေးရုံး၏ ခွဲစိတ်ဆရာဝန်၏ ပြင်ပ ဆေးခန်းတွင်ဗိုက်နာ သဖြင့် ဆေးကုသ ခဲ့သည့် ရိုဟင်ဂျာ ကားဒါရိုက်ဘာ တဦးမှာ ဆရာဝန် ဆေးညွန်အတိုင်း ၀ယ်သောက်ပြီး၊ နာရီဝက်အတွင်း သေဆုံးခဲ့ ကြောင်း သိရသည်။

ဒေါက်တာ ကျော်မိုးအောင် သည် မောင်တော မြို့နယ် ဆေးရုံးတွင် ခွဲစိတ်ဆရာဝန် အဖြစ် တာဝန် ထမ်းဆောင် နေစဉ် ဆေးရုံးပြင်ပတွင်လည်း ဆေးခန်းဖွင့်ပြီး အပို၀င်ငွေရှာဖွေနေကြောင်း၊ လူနာတဦးအား ဆေးစစ်ဆေး လျှင် အနည်းဆုံး ၂၀၀၀ ကျပ် မှ အများဆုံး ၁၀၀၀၀ကျပ်ထိ ယူလေ့ရှိကြောင်း သိရသည်။

ဇီယာဘုလ်ရော်မန် သည် ကားမောင်း ဒါရိုက်ဘာ တဦးဖြစ်ပြီး၊ မတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်တွင်  ဗိုက်နာနေသဖြင့် ဒေါက်တာ ကျော်မိုးအောင်၏ အပြင်ဆေးခန်းတွင် ပြသခဲ့ရာ ဆရာဝန်မှ ဆေးစစ်ဆေးပြီး ဆေးညွှန်းစာရေးပေးကြောင်း နှင့် ဆေးသောက်ပြီး အနားယူရန်လည်း ညွှန်းကြားခဲ့ကြောင်းသိရသည်။

ဇီယာဘုလ်ရော်မန်လည်း ဆေးညွှန်းအတိုင်း ဆေးဝယ်ပြီး ညနေ ၅း၃၀ နာရီတွင် အိမ်၌ ဆေးသောက်ပြီး မူးလဲသွားပြိး သေဆုံးသွားကြောင်း မိသားစုများ၏ ပြောပြချက်အရ သိရသည်။

ဆေးများနှင့်အတူ ချက်ချင်း ဒေါက်တာ ကျော်မိုးအောင် အား အကြောင်းကြားရာ ဆရာဝန်မှ သွေးပေါင်ချိန် ကျသွားသည့်အတွက် သေဆုံးသွားကြောင်း၊ ဆေးကြောင်း မဟုတ်ကြောင်း ပြောပြသည်။

မိသားစုဝင်များမှာ သက်ဆိုင်ရာ ာနဆိုင်ရာသို့ တိုင်းကြားခဲ့သော်လည်း မည်သို့မျှ အရေးယူခြင်း မရှိကြောင်း ၎င်းမိသားစုဝင်များကပင် ပြောပြသည်။

မြို့နယ်ဆေးရုံးတွင် အတွင်းလူနာအဖြစ် ၀င်ပြီး ဆေးကုသ လိုလျှင် ပထမ မြို့နယ်ဆေးရုံးရှိ ဆရာဝန် တဦးဦး၏ အပြင်ဆေးခန်းတွင် ပြပြီးမှ သာ ၀င်ခွင့် ထောက်ခံချက်ရေးပေးကြောင်း၊ အထူးသဖြင့် ရိုဟင်ဂျာ လူမျိုးများမှာ ဤနည်းအတိုင်း သွားနေရကြောင်း၊ ဆေးရုံးတွင်လည်း ဆေးဝါးများအား ၀ယ်ပေးရကြောင်း၊ ပုံမှန် ဆေးကုသ ပေးရန် ဆေးရုံးသူနာပြုဆရာမ များ အား အနည်းဆုံး ငွေ ၅၀၀၀၀ ကျပ်ထိပေးရကြောင်း သိရသည်၊

Most read this week